【 နည်းပညာ 】 Huawei ရဲ့ HarmonyOS 2.0 သုံးစွဲသူတိုးတက်လာ

【 နည်းပညာ 】 Huawei ရဲ့ HarmonyOS 2.0 သုံးစွဲသူတိုးတက်လာ

Huawei ကုမ္ပဏီကတော့ ၎င်းရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS 2.0 ကို ယခုနှစ်ကုန်မှာ သုံးစွဲသူပေါင်း သန်း ၃၀၀ ပြည့်မီအောင် ရည်မှန်းထားကြောင်း သိရပါတယ်။

ယခုတော့ Huawei ရဲ့ HarmonyOS 2.0 ကို သုံးစွဲသူဟာ မယုံကြည်နိုင်ဖွယ်ရာ တရိပ်ရိပ်ထိုးတက်လာခဲ့ပြီး  ဇွန်လအစောပိုင်းမှာ သုံးစွဲသူ ၁၀ သန်း၊ ဩဂုတ်လအကုန်မှာတော့ သုံးစွဲသူ  သန်း ၇၀ နဲ့  ရက်ပိုင်းအကြာမှာတော့ သုံးစွဲသူ သန်း ၂၀ ထပ်တိုးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

Huawei ကုမ္ပဏီမှ ရည်မှန်းထားတဲ့ သုံးစွဲသူပေါင်း သန်း ၃၀၀ ဟာ လက်ရှိအချိန်မှာတော့ သုံးစွဲသူပေါင်း သန်း ၁၀၀ သို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့် အဆိုပါ သုံးစွဲသူပေါင်း သန်း ၁၀၀ ကို စိစစ်ကြည့်တဲ့အခါမှာတော့ သုံးစွဲသူတွေထဲမှာ စမတ်ဖုန်းတွေတင်မကပဲ အခြားသော HarmonyOS 2.0 နဲ့  မောင်းနှင်ထားတဲ့ စမတ်တီဗီ၊ စမတ်နာရီ အစရှိသဖြင့် စမတ်ထုတ်ကုန်ပစ္စည်း အသုံးပြုသူတွေ ပါဝင်နေတာကို မြင်တွေ့ရပါတယ်။ဒီလိုအချက်ဟာ Huawei ရဲ့ HarmonyOS 2.0 ကို အသုံးပြုသူဟာ လျှင်လျှင်မြန်မြန်ပဲ တိုးတက်နေတာကို မြင်တွေ့ရပါတယ်။

လက်ရှိမှာ Huawei အနေနဲ့  HarmonyOS 2.0 ကို Huawei နဲ့ Honor ထုတ်ကုန် ၆၅ မျိုးကို ထောက်ပံ့ပေးထားပြီး၊ ဩဂုတ်လကုန်မှာတော့  HarmonyOS 2.0 ကို ထောက်ပံ့ပေးထားတဲ့ စမတ်ထုတ်ကုန်ပေါင်း ၁၀၀ အထိ ရှိလာမယ်လို့ သိရပါတယ်။

Huawei’s Consumer Business Group ရဲ့ CEO ရစ်ချတ် ယူ (Richard Yu) ကတော့ "တစ်စက္ကန့်တိုင်းမှာ HarmonyOS 2.0 ကို အသုံးပြုသူ ၈ ဦးတိုးလာနေတယ်" လို့ ဆိုပါတယ်။

Damien
စက်တင်ဘာ - ၁၉