【 နည်းပညာ 】 Huawei ရဲ့ Mate 30 Series ထွက်ပေါ်လာတော့မည်

【 နည်းပညာ 】 Huawei ရဲ့ Mate 30 Series ထွက်ပေါ်လာတော့မည်

တရုတ် စမတ်ဖုန်းဘီလူးကြီး Huawei မှ ၎င်းရဲ့ နောက်ဆုံးပေါ် Flagship Level စမတ်ဖုန်း ဖြစ်လာမယ့် Mate 30 Series မိတ်ဆက်သွားမယ့် ရက်အတိအကျကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

လာမည့် စက်တင်ဘာ ၁၉ ရက်နေ့၊ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ပွဲထုတ်မိတ်ဆက်သွားမှာလည်း ဖြစ်ပါတယ်။

Huawei ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်လာမယ့် Mate 30 Series ဟာ ပေါက်ကြားထားခဲ့တဲ့ ပုံရိပ်တွေအတိုင်းပဲ နောက်ဘက်ကင်မရာတွေနဲ့ flash မီးကို လုံးဝန်းတဲ့ အကွက်ထဲမှာ ထည့်သွင်းပေးထားမယ့် ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။ဒါ့အပြင် Huawei ရဲ့ Mate နဲ့ P Series တွေဟာ အသုံးပြုသူတွေကြားမှာတော့ ကင်မရာပိုင်းမှာ နာမည်ကြီးဖြစ်တာနဲ့အညီ ယခု Mate 30 Series မှာလည်း ကင်မရာနဲ့ Performance ပိုင်းကို အဓိကထားပြီး နည်းပညာပိုင်းကို ပိုမိုမြှင့်တင်လာမယ်လို့ သိရပါတယ်။ဒါ့အပြင် နောက်ဆုံးထွက်ရှိလာမယ့် Huawei ရဲ့ Mate 30 Series မှာ Google ရဲ့ apps တွေနဲ့ Google services တွေကို သုံးစွဲနိုင်တော့မှာ မဟုတ်ဘူးလို့ Huawei ဘက်မှ ဖော်ပြထားတဲ့အတွက် Mate 30 Series တွေမှာ Google ရဲ့ Android OS ကိုပဲ အသုံးပြုထားမလား၊ ဒါမှမဟုတ် Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS ကို ပွဲထုတ်အသုံးပြုလာမလားတော့ စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။

Huawei ရဲ့ Mate 30 Series မှာတော့ Kirin 990 CPU နဲ့ မောင်းနှင်လာဖွယ်ရှိပြီး၊ Android OS ကို အသုံးမပြုပဲ ကိုယ်ပိုင် OS ပထမဆုံး အသုံးပြုလာမယ့် စမတ်ဖုန်းဖြစ်လာမလား ဆိုတာကိုတော့ စက်တင်ဘာ ၁၉ ရက်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

တ႐ုတ္ စမတ္ဖုန္းဘီလူးႀကီး Huawei မွ ၎ရဲ႕ ေနာက္ဆုံးေပၚ Flagship Level စမတ္ဖုန္း ျဖစ္လာမယ့္ Mate 30 Series မိတ္ဆက္သြားမယ့္ ရက္အတိအက်ကို ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။

လာမည့္ စက္တင္ဘာ ၁၉ ရက္ေန႔၊ ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕မွာ ပြဲထုတ္မိတ္ဆက္သြားမွာလည္း ျဖစ္ပါတယ္။

Huawei ရဲ႕ ေနာက္ဆုံးေပၚ စမတ္ဖုန္းျဖစ္လာမယ့္ Mate 30 Series ဟာ ေပါက္ၾကားထားခဲ့တဲ့ ပုံရိပ္ေတြအတိုင္းပဲ ေနာက္ဘက္ကင္မရာေတြနဲ႔ flash မီးကို လုံးဝန္းတဲ့ အကြက္ထဲမွာ ထည့္သြင္းေပးထားမယ့္ ဒီဇိုင္းပုံစံ ျဖစ္ပါတယ္။ဒါ့အျပင္ Huawei ရဲ႕ Mate နဲ႔ P Series ေတြဟာ အသုံးျပဳသူေတြၾကားမွာေတာ့ ကင္မရာပိုင္းမွာ နာမည္ႀကီးျဖစ္တာနဲ႔အညီ ယခု Mate 30 Series မွာလည္း ကင္မရာနဲ႔ Performance ပိုင္းကို အဓိကထားၿပီး နည္းပညာပိုင္းကို ပိုမိုျမႇင့္တင္လာမယ္လို႔ သိရပါတယ္။ဒါ့အျပင္ ေနာက္ဆုံးထြက္ရွိလာမယ့္ Huawei ရဲ႕ Mate 30 Series မွာ Google ရဲ႕ apps ေတြနဲ႔ Google services ေတြကို သုံးစြဲႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ Huawei ဘက္မွ ေဖာ္ျပထားတဲ့အတြက္ Mate 30 Series ေတြမွာ Google ရဲ႕ Android OS ကိုပဲ အသုံးျပဳထားမလား၊ ဒါမွမဟုတ္ Huawei ရဲ႕ ကိုယ္ပိုင္ OS ျဖစ္တဲ့ Harmony OS ကို ပြဲထုတ္အသုံးျပဳလာမလားေတာ့ စိတ္ဝင္စားဖြယ္ ျဖစ္ပါတယ္။

Huawei ရဲ႕ Mate 30 Series မွာေတာ့ Kirin 990 CPU နဲ႔ ေမာင္းႏွင္လာဖြယ္ရွိၿပီး၊ Android OS ကို အသုံးမျပဳပဲ ကိုယ္ပိုင္ OS ပထမဆုံး အသုံးျပဳလာမယ့္ စမတ္ဖုန္းျဖစ္လာမလား ဆိုတာကိုေတာ့ စက္တင္ဘာ ၁၉ ရက္မွာ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Damien