【 နည်းပညာ 】 Huwaei ထုတ် စမတ်နာရီသစ် Watch GT 2

【 နည်းပညာ 】 Huwaei ထုတ် စမတ်နာရီသစ် Watch GT 2

လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ Huawei မှ ၎င်းရဲ့ Flagship စမတ်ဖုန်းသစ် Mate 30 series ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ မိတ်ဆက်ပွဲမှာ Huawei ရဲ့ Watch GT 2 လို့ အမည်ပေးထားတဲ့ စမတ်နာရီကိုလည်း မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

Huwaei ဘက်မှ တရုတ်လူမှုကွန်ယက် ဝဘ်ဆိုက်ဖြစ်တဲ့ Weibo မှာ Video Clip တစ်ခု တင်ခဲ့ရာမှာ အဆိုပါ စမတ်နာရီ Watch GT 2 ရဲ့ အသေးစိတ်အချက်အလက်တွေတော့ မပါဝင်သေးပဲ Huawei Freebuds 3 ကို မောင်းနှင်ပေးထားတဲ့ Kirin A1 chipset သစ်ကို Watch GT 2 မှာလည်း ထည့်သွင်းမောင်းနှင်ပေးထားမယ်လို့ Video မှာ ဖော်ပြခဲ့ပါတယ်။

Huawei Watch GT 2 ရဲ့ ပုံစံကတော့ လုံးဝန်းတဲ့ မျက်နှာပြင်ပုံစံဖြစ်တာကို Video Clip မှာ မြင်တွေ့ခဲ့ရပါတယ်။ပေါက်ကြားထားတဲ့ သတင်းတွေအရ GPS ပါဝင်မှာဖြစ်ပြီး နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ နည်းပညာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ဒါ့အပြင် အဆိုပါ စမတ်နာရီမှာ mic နဲ့ speaker တို့လည်း ပါဝင်လာမှာဖြစ်သလို 445mAh ဘက်ထရီ ထည့်သွင်းပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Huawei ရဲ့ စမတ်နာရီသစ် Watch GT 2 ဟာ Classic နဲ့ Sport ဆိုပြီး versions နှစ်မျိုး ထွက်ရှိလာမှာဖြစ်ပြီး၊ စက်တင်ဘာ ၁၉ ရက်နေ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ စွမ်းရည်မြင့် Kirin 990 chipset တပ်ဆင်မောင်းနှင်ပေးထားတဲ့ Mate 30 series နဲ့အတူ Watch GT 2 ကို မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

လာမယ့္ စက္တင္ဘာ ၁၉ ရက္ေန႔မွာေတာ့ Huawei မွ ၎ရဲ႕ Flagship စမတ္ဖုန္းသစ္ Mate 30 series ကို မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။

အဆိုပါ မိတ္ဆက္ပြဲမွာ Huawei ရဲ႕ Watch GT 2 လို႔ အမည္ေပးထားတဲ့ စမတ္နာရီကိုလည္း မိတ္ဆက္ေပးသြားမယ္လို႔ သိရပါတယ္။

Huwaei ဘက္မွ တ႐ုတ္လူမႈကြန္ယက္ ဝဘ္ဆိုက္ျဖစ္တဲ့ Weibo မွာ Video Clip တစ္ခု တင္ခဲ့ရာမွာ အဆိုပါ စမတ္နာရီ Watch GT 2 ရဲ႕ အေသးစိတ္အခ်က္အလက္ေတြေတာ့ မပါဝင္ေသးပဲ Huawei Freebuds 3 ကို ေမာင္းႏွင္ေပးထားတဲ့ Kirin A1 chipset သစ္ကို Watch GT 2 မွာလည္း ထည့္သြင္းေမာင္းႏွင္ေပးထားမယ္လို႔ Video မွာ ေဖာ္ျပခဲ့ပါတယ္။

Huawei Watch GT 2 ရဲ႕ ပုံစံကေတာ့ လုံးဝန္းတဲ့ မ်က္ႏွာျပင္ပုံစံျဖစ္တာကို Video Clip မွာ ျမင္ေတြ႕ခဲ့ရပါတယ္။ေပါက္ၾကားထားတဲ့ သတင္းေတြအရ GPS ပါဝင္မွာျဖစ္ၿပီး ႏွလုံးခုန္ႏႈန္း တိုင္းတာေပးတဲ့ နည္းပညာလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ဒါ့အျပင္ အဆိုပါ စမတ္နာရီမွာ mic နဲ႔ speaker တို႔လည္း ပါဝင္လာမွာျဖစ္သလို 445mAh ဘက္ထရီ ထည့္သြင္းေပးထားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Huawei ရဲ႕ စမတ္နာရီသစ္ Watch GT 2 ဟာ Classic နဲ႔ Sport ဆိုၿပီး versions ႏွစ္မ်ိဳး ထြက္ရွိလာမွာျဖစ္ၿပီး၊ စက္တင္ဘာ ၁၉ ရက္ေန႔ ဂ်ာမနီႏိုင္ငံ၊ ျမဴးနစ္ၿမိဳ႕မွာ စြမ္းရည္ျမင့္ Kirin 990 chipset တပ္ဆင္ေမာင္းႏွင္ေပးထားတဲ့ Mate 30 series နဲ႔အတူ Watch GT 2 ကို မိတ္ဆက္ေပးသြားေတာ့မွာ ျဖစ္ပါတယ္။

Damien