【 နည်းပညာ 】 Instagram မှ AI နည်းပညာ အခြေပြု features အသစ်တွေ မိတ်ဆက်

【 နည်းပညာ 】 Instagram မှ AI နည်းပညာ အခြေပြု features အသစ်တွေ မိတ်ဆက်

နာမည်ကြီး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Instagram မှ ၎င်းရဲ့ AI အခြေပြု တီထွင်ထားတဲ့ features အသစ်တွေကို မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်များကို အွန်လိုင်းပေါ်မှ အနှောင့်အယှက်ပေးမှုတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ အနိုင်ကျင့်မှုတွေကို ကာကွယ်ဖို့အတွက် ထုတ်လုပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ပထမဆုံး feature ကတော့ တစ်စုံတစ်ယောက်မှ မိမိရဲ့ post အောက်မှာ မိတ်ဆွေမဆန်ပဲ နှောင့်ယှက်တိုက်ခိုက်လိုတဲ့ အကြောင်းအရာတွေကို ရေးသားလာပါက ဉာဏ်ရည်တု AI ကို အသုံးပြုပြီး အလိုအလျောက် မှတ်ချက်ဝင်ရေးသားသူထံကို အဆိုပါ တိုက်ခိုက်တဲ့ မှတ်ချက်အတွက် ပြန်ဆန်းစစ်မလား၊ မှတ်ချက်ကိုဖျက်မလားဆိုတာ သတိပေးချက် ပေးပို့သွားမှာ ဖြစ်ပါတယ်။

နောက်ထပ် feature ကတော့ Restrict လို့ အမည်ရပြီး အဆိုပါ feature ကို အသုံးပြုလိုက်ပါက သင့် post အောက်မှ တိုက်ခိုက်တဲ့ မှတ်ချက်ကို အခြားသူတွေ မမြင်နိုင်အောင် ဖျောက်ထားမှာဖြစ်ပြီး ၎င်းမှတ်ချက် ရေးသားသူကိုလည်း ပိတ်ပင်ထားနိုင်မှာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်တွေ အွန်လိုင်းနှောင့်ယှက်မှုတွေနဲ့ သတ်သေမှုတွေ ဖြစ်နေတဲ့အပေါ်မှာ လူမှုကွန်ရက်ကြီးတွေကနေ တားဆီးပိတ်ပင်တဲ့ features တွေ မိတ်ဆက်ပေးလာတာတော့ ကျေနပ်စရာပဲ ဖြစ်ပါတယ်။ယခုအချိန်မှာတော့ AI feature ကတော့ ထွက်ရှိလာပြီဖြစ်ပြီး၊ Restrict feature ကတော့ မကြာခင်ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

နာမည္ႀကီး လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Instagram မွ ၎ရဲ႕ AI အေျချပဳ တီထြင္ထားတဲ့ features အသစ္ေတြကို မိတ္ဆက္လိုက္ၿပီပဲ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္မ်ားကို အြန္လိုင္းေပၚမွ အေႏွာင့္အယွက္ေပးမႈေတြ၊ ပုဂၢိဳလ္ေရး တိုက္ခိုက္မႈေတြ၊ အႏိုင္က်င့္မႈေတြကို ကာကြယ္ဖို႔အတြက္ ထုတ္လုပ္ေပးလိုက္တာလည္း ျဖစ္ပါတယ္။

ပထမဆုံး feature ကေတာ့ တစ္စုံတစ္ေယာက္မွ မိမိရဲ႕ post ေအာက္မွာ မိတ္ေဆြမဆန္ပဲ ေႏွာင့္ယွက္တိုက္ခိုက္လိုတဲ့ အေၾကာင္းအရာေတြကို ေရးသားလာပါက ဉာဏ္ရည္တု AI ကို အသုံးျပဳၿပီး အလိုအေလ်ာက္ မွတ္ခ်က္ဝင္ေရးသားသူထံကို အဆိုပါ တိုက္ခိုက္တဲ့ မွတ္ခ်က္အတြက္ ျပန္ဆန္းစစ္မလား၊ မွတ္ခ်က္ကိုဖ်က္မလားဆိုတာ သတိေပးခ်က္ ေပးပို႔သြားမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ feature ကေတာ့ Restrict လို႔ အမည္ရၿပီး အဆိုပါ feature ကို အသုံးျပဳလိုက္ပါက သင့္ post ေအာက္မွ တိုက္ခိုက္တဲ့ မွတ္ခ်က္ကို အျခားသူေတြ မျမင္ႏိုင္ေအာင္ ေဖ်ာက္ထားမွာျဖစ္ၿပီး ၎မွတ္ခ်က္ ေရးသားသူကိုလည္း ပိတ္ပင္ထားႏိုင္မွာ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ေတြ အြန္လိုင္းေႏွာင့္ယွက္မႈေတြနဲ႔ သတ္ေသမႈေတြ ျဖစ္ေနတဲ့အေပၚမွာ လူမႈကြန္ရက္ႀကီးေတြကေန တားဆီးပိတ္ပင္တဲ့ features ေတြ မိတ္ဆက္ေပးလာတာေတာ့ ေက်နပ္စရာပဲ ျဖစ္ပါတယ္။ယခုအခ်ိန္မွာေတာ့ AI feature ကေတာ့ ထြက္ရွိလာၿပီျဖစ္ၿပီး၊ Restrict feature ကေတာ့ မၾကာခင္ထြက္ရွိလာမွာ ျဖစ္ပါတယ္။

Damien