【 နည်းပညာ 】 iPhone ထဲက ဒေတာတွေကို ဘယ်လိုသိမ်းဆည်းကြမလဲ

【 နည်းပညာ 】 iPhone ထဲက ဒေတာတွေကို ဘယ်လိုသိမ်းဆည်းကြမလဲ

အကယ်၍ သင်ဟာ iPhone အသစ်ဝယ်ယူလာခဲ့ပြီဆိုပါစို့၊ ဒီအချိန်မှာ သင်ဟာ သင့် iPhone အဟောင်းထဲက ဒေတာတွေကို backup ရယူပြီး၊ iPhone အသစ်ထဲကို ထည့်သွင်းဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

ဒီတစ်ခါ နည်းပညာကဏ္ဍမှာတော့ iPhone အသုံးပြုသူတွေအတွက် ဒေတာများ backup ရယူနည်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ သင် ဒေတာတွေ backup ရယူချင်တဲ့ iPhone ရဲ့ iOS version ဟာ နောက်ဆုံးထွက် version ကို အဆင်မြှင့်တင်ထားပြီးဖြစ်ရပါမယ်။သင့်အနေနဲ့ အလိုလျောက် backup လုပ်ခြင်းကို ပြုလုပ်ထားပေမယ့်လည်း iPhone အဟောင်းထဲက ဒေတာများကို မဖျက်ခင် ပိုမိုသေချာစေရန် ကိုယ်တိုင် backup လုပ်သင့်ပါတယ်။

သင်ကိုယ်တိုင် backup လုပ်ခြင်းကို ပြုလုပ်လိုလျှင် သင့် iPhone အဟောင်းမှ setting ကို နှိပ်ပြီး ဝင်ရောက်ကာ iCloud ကို ရှာဖွေဝင်ရောက်ပြီး iCloud backup ကို ‌ရွေးချယ်ပြီး Back Up Now ကို နှိပ်ရမှာဖြစ်ပါတယ်။ထို့နောက် သင့် iPhone ကို ပါဝါကြိုးတပ်ဆင်ပြီး၊ Wi-Fi ချိတ်ဆက်ထားခြင်းရှိ၊ မရှိကို စစ်ဆေးရမှာဖြစ်ပါတယ်။အလိုလျောက် backup လုပ်ဖို့အတွက် Wi-Fi ချိတ်ဆက်ထားရန် လိုအပ်မှာဖြစ်ပါတယ်။ iPhone အသုံးပြုသူအများစုကတော့ ဒေတာများသိမ်းဆည်းခြင်းကို ညအချိန်မှသာ ပြုလုပ်ကြလေ့ရှိပြီး၊ ဒေတာ backup ပြုလုပ်ခြင်းဟာ ပမာဏများသလောက် အချိန်ပေးရတဲ့အတွက်ဖြစ်ပါတယ်။

သင့် iPhone အဟောင်းထဲမှ ဒေတာများရယူပြီးပါက အသစ်ဝယ်ယူလာသော iPhone အသစ်ထဲသို့ ထည့်သွင်းနိုင်ပြီလည်းဖြစ်ပါတယ်။

Damien
ဇူလိုင် - ၉