【 နည်းပညာ 】 iPhone 13 series တွင် မျက်နှာသိမှတ်နည်းပညာသစ် ပါဝင်လာဖွယ်ရှိနေ

【 နည်းပညာ 】 iPhone 13 series တွင် မျက်နှာသိမှတ်နည်းပညာသစ် ပါဝင်လာဖွယ်ရှိနေ

iPhone 13 series ရဲ့ နောက်ဆုံး သတင်းထွက်ပေါ်မှုတွေအရတော့ Apple ကုမ္ပဏီအနေနဲ့ ၎င်းရဲ့ iPhone မျိုးဆက်သစ်ကို အဆင့်မြှင့်တင်မှုတွေ စမ်းသပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အသစ်ထွက်ရှိလာမယ့် iPhone မျိုးဆက်သစ်တွေမှာ  မျက်နှာသိမှတ်နည်းပညာသစ်ကို ထည့်သွင်းလာဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

လက်ဗွေဖတ်နည်းပညာဟာ iPhone 8 series အထိ ပါဝင်လာခဲ့ပြီး၊ iPhone X အရောက်မှာတော့ Apple ကုမ္ပဏီက လက်ဗွေဖတ်နည်းပညာကို ဖြုတ်ထားခဲ့ပြီး‌‌နောက် မျက်နှာသိမှတ်နည်းပညာကို ဖုန်းကိုဖွင့်ရန်အတွက် ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ Apple ရဲ့ iPhone တွေကို သာမန်အချိန်မှာ မျက်နှာသိမှတ်နည်းပညာနဲ့ဖွင့်ရန် အဆင်ပြေပေမယ့် လက်ရှိကိုဗစ်ကပ်ရောဂါ ကူးစက်နေတဲ့အချိန်မှာ‌တော့ ကမ္ဘာတဝန်း လူတိုင်းနှာ‌ခေါင်းစည်းဝတ်ဆင်ကြရတဲ့အတွက် iPhone များကို မျက်နှာသိမှတ်နည်းပညာနဲ့ လော့ခ်ဖွင့်ရန် အခက်အခဲတွေကြုံတွေ့လာရပြီဖြစ်ပါတယ်။လက်ရှိသတင်းထွက်ပေါ်မှုအရတော့ Apple အနေနဲ့ နှာခေါင်းစည်းဝတ်ဆင်ရတဲ့ သုံးစွဲသူများအတွက် အခက်အခဲတွေကို‌ဖြေရှင်းနိုင်ဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။

Apple ကုမ္ပဏီအနေနဲ့ iPhone 13 series မှာ နှာခေါင်းစည်းနဲ့ မျက်မှန်တို့ ဝတ်ဆင် တပ်ဆင်ထားတာတောင်မှ မျက်နှာသိမှတ်နည်းပညာသစ်နဲ့ iPhone ကို လော့ခ်ဖွင့်နိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ဒီလိုနေရာမှာ Apple အတွက် လက်ဗွေဖတ်နည်းပညာကို ထည့်သွင်းလိုက်တာမျိုးလို ရွေးချယ်စရာရှိပေမယ့် Apple ဘက်ကတော့ မျက်နှာသိမှတ်နည်းပညာသစ်ကိုပဲ စမ်းသပ်ဆောင်ရွက်ဖို့ စိတ်အားထက်သန်လျက်ရှိနေတာဖြစ်ပါတယ်။ယခု Apple စမ်းသပ်နေတဲ့ မျက်နှာသိမှတ်နည်းပညာသစ်ဟာ Apple စမတ်နာရီကို အသုံးပြုဖို့မလိုပဲ သုံးစွဲသူဟာ နှာခေါင်းစည်းနဲ့ မျက်မှန် ဝတ်ဆင် တပ်ဆင်ထားတာတောင်မှ iPhone ကို လော့ခ်ဖွင့်နိုင်မယ်လို့ သတင်းတွေကဆိုပါတယ်။

Apple ရဲ့ iPhone 13 series သာ ယခင် iPhone 12 series နဲ့ ဒီဇိုင်းပုံစံတော့ တူညီလာမှာဖြစ်ပြီး မျက်နှာပြင်ပေါ်က အာရုံခံကိရိယာ‌တွေနဲ့ ရှေ့ဘက် ကင်မရာတို့ ထည့်သွင်းပေးထားတဲ့ notch (အကွက်ငယ်) ကတော့ ပိုမိုသေးငယ်သွားမှာဖြစ်တယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။

Damien
ဩဂုတ် - ၂၆