【 နည်းပညာ 】 Limited Edition ထပ်မံမိတ်ဆက်လိုက်တဲ့ Redmi

【 နည်းပညာ 】 Limited Edition ထပ်မံမိတ်ဆက်လိုက်တဲ့ Redmi

ယခုနောက်ပိုင်း စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး Limited Edition တွေ ထုတ်လုပ်လာခဲ့တာကို မြင်တွေ့ရပါတယ်။

အဆိုပါ Limited Edition စမတ်ဖုန်းတွေဟာ မူလထွက်ရှိထားတဲ့ model တူ စမတ်ဖုန်းတွေနဲ့ စွမ်းဆောင်ရည် ကွာခြားချက်ရှိမှာ မဟုတ်ပေမယ့် ၎င်းတို့ရဲ့ ပုံသဏ္ဍန်နဲ့ သွင်ပြင်တွေကတော့ ဆန်းသစ်တာကိုတော့ မြင်တွေ့ရပါတယ်။

ယခုမှာလည်း Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi မှ ၎င်းရဲ့ K20 Pro ကို Marvel နဲ့ ပူးပေါင်းပြီး Avengers Limited Edition Redmi K20 Pro အဖြစ် ထပ်မံမိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။မူလထွက်ရှိထားတဲ့ K20 Pro အရောင်တွေနဲ့ မဆင်တူပဲ နောက်ဘက်ကို အနက်ရောင်ကို အသုံးပြုထားပြီး Avengers အငွေ့အသက်တွေ လွှမ်းခြုံနေတာကို မြင်တွေ့ရပါတယ်။
၎င်းစမတ်ဖုန်းမှာတော့ Avengers အဖွဲ့ရဲ့ နာမည်ကျော် လူစွမ်းကောင်း Ironman ရဲ့ အသွင်အပြင် ပုံစံတွေကို ထည့်သွင်းပေးထားပြီး Avengers ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

ပါဝင်တဲ့ specs ကတော့ မူလ K20 Pro နဲ့ ကွာခြားမှာ မဟုတ်ပဲ Snapdragon 855, 6.39 AMOLED မျက်နှာပြင်၊ နောက်ဘက်ကင်မရာသုံးလုံး 48MP+13MP+8MP နဲ့ ရှေ့ဘက်ကင်မရာ 20MP တို့နဲ့အတူ 4000mAh ဘက်ထရီတို့ တပ်ဆင်ထားမှာပဲ ဖြစ်ပါတယ်။

Damien

( Zawgyi )

ယခုေနာက္ပိုင္း စမတ္ဖုန္းကုမၸဏီႀကီးေတြဟာ နာမည္ႀကီး ႐ုပ္ရွင္ကုမၸဏီေတြနဲ႔ ပူးေပါင္းၿပီး Limited Edition ေတြ ထုတ္လုပ္လာခဲ့တာကို ျမင္ေတြ႕ရပါတယ္။

အဆိုပါ Limited Edition စမတ္ဖုန္းေတြဟာ မူလထြက္ရွိထားတဲ့ model တူ စမတ္ဖုန္းေတြနဲ႔ စြမ္းေဆာင္ရည္ ကြာျခားခ်က္ရွိမွာ မဟုတ္ေပမယ့္ ၎တို႔ရဲ႕ ပုံသ႑န္နဲ႔ သြင္ျပင္ေတြကေတာ့ ဆန္းသစ္တာကိုေတာ့ ျမင္ေတြ႕ရပါတယ္။

ယခုမွာလည္း Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi မွ ၎ရဲ႕ K20 Pro ကို Marvel နဲ႔ ပူးေပါင္းၿပီး Avengers Limited Edition Redmi K20 Pro အျဖစ္ ထပ္မံမိတ္ဆက္လိုက္ၿပီပဲ ျဖစ္ပါတယ္။မူလထြက္ရွိထားတဲ့ K20 Pro အေရာင္ေတြနဲ႔ မဆင္တူပဲ ေနာက္ဘက္ကို အနက္ေရာင္ကို အသုံးျပဳထားၿပီး Avengers အေငြ႕အသက္ေတြ လႊမ္းၿခဳံေနတာကို ျမင္ေတြ႕ရပါတယ္။
၎စမတ္ဖုန္းမွာေတာ့ Avengers အဖြဲ႕ရဲ႕ နာမည္ေက်ာ္ လူစြမ္းေကာင္း Ironman ရဲ႕ အသြင္အျပင္ ပုံစံေတြကို ထည့္သြင္းေပးထားၿပီး Avengers ပရိတ္သတ္ေတြ ႀကိဳက္ႏွစ္သက္မယ့္ စမတ္ဖုန္းတစ္လုံး ျဖစ္ပါတယ္။

ပါဝင္တဲ့ specs ကေတာ့ မူလ K20 Pro နဲ႔ ကြာျခားမွာ မဟုတ္ပဲ Snapdragon 855, 6.39 AMOLED မ်က္ႏွာျပင္၊ ေနာက္ဘက္ကင္မရာသုံးလုံး 48MP+13MP+8MP နဲ႔ ေရွ႕ဘက္ကင္မရာ 20MP တို႔နဲ႔အတူ 4000mAh ဘက္ထရီတို႔ တပ္ဆင္ထားမွာပဲ ျဖစ္ပါတယ္။

Damien