【 နည်းပညာ 】 Mi 10 series ကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Xiaomi

【 နည်းပညာ 】 Mi 10 series ကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Xiaomi

အချိန်တိုအတွင်းမှာ အောင်မြင်မှုရလာခဲ့တဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ အမိုက်စားစွမ်းဆောင်ရည်နဲ့ flagship စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

Xiaomi မိတ်ဆက်လိုက်တဲ့ Mi 10 series စမတ်ဖုန်းတွေဟာ ယခင်ထွက်ရှိခဲ့တဲ့ Mi series စမတ်ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုင်း‌နဲ့ ဒီဇိုင်းပုံစံတည်ဆောက်မှုကအစ ပိုမိုတိုးတက်သာလွန်သွားတာကို မြင်တွေ့ရပါတယ်။

Xiaomi Mi 10 series ဟာ Mi 10 နဲ့ Mi 10 Pro ဆိုပြီး နှစ်မျိုးထွက်ရှိလာမှာ ဖြစ်ပါတယ်။ယမန်နေ့က Mi 10 series မိတ်ဆက်ခဲ့ရာမှာ အဓိကအကြောင်းအရာ ဖြစ်ခဲ့တာတွေကတော့ Mi 10 ရော Mi 10 Pro မှာပါ 108MP အရည်အသွေးရှိ အဓိက ကင်မရာကို အသုံးပြုထားပြီး 5G ကွန်ယက်ကို ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

ပထမ‌ဆုံးအနေနဲ့ Mi 10 Pro ရဲ့ specs ကို ဖော်ပြပေးချင်ပါတယ်။ Mi 10 Pro မှာ ၆.၆၇ လက်မ အရွယ်အစားရှိပြီး ဘေး‌နှစ်ဖက်ကွေးညွတ်ထားတဲ့ AMOLED Full HD+ မျက်နှာပြင်ကို အသုံးပြုပေးထားတာ ဖြစ်ပါတယ်။အဆိုပါမျက်နှာပြင်ဟာ 90Hz refresh rate အရည်အသွေးရှိမှာဖြစ်ပြီး၊ 180 Hz ထိတွေ့နည်းပညာကို ထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် ဂိမ်းဆော့ရာမှာ၊ ထိတွေ့အသုံးပြုရာမှာ မြန်ဆန်သွက်လက်နေမှာပါ။ Mi 10 Pro မှာ လူပြောအများဆုံး အကြောင်းအရာကတော့ ကင်မရာစွမ်းဆောင်ရည်ပိုင်း ဖြစ်ပါတယ်။ Mi Note 10 မှာ တွေ့ရှိခဲ့ပြီးဖြစ်တဲ့ 108MP အဓိက ကင်မရာကိုပဲ တပ်ဆင်ပေးထားတာဖြစ်ပြီး 8K အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Mi 10 Pro နဲ့ မမ်မိုရီနဲ့ သိမ်းဆည်းနိုင်မှုပမာဏတွေကတော့ 8/128 GB, 12/256 GB နဲ့ 12/512 GB သုံးမျိုးထွက်ရှိမှာ ဖြစ်ပါတယ်။မမ်မိုရီပိုင်းမှာ LPDDR5 RAM နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားပြီး၊ UFS 3.0 သိမ်းဆည်းနိုင်မှုနည်းပညာနဲ့ ပေါင်းစပ်ပေးထားတဲ့အတွက် ဆော့ဝဲလ်အများကြီးကို ဖွင့်သုံးရင်တောင် ဖုန်းပူသွားတာ၊ ရပ်သွားတာမျိုး ရှိမှာမဟုတ်ပါဘူး။ဘက်ထရီပမာဏကတော့ 4,500mAh ပါ၀င်မှာဖြစ်ပြီး၊ ကြိုးနဲ့အားသွင်းရင်တော့ 50W အထိ မြန်နှုန်းထောက်ပံ့ပေးနိုင်မှာဖြစ်ကာ၊ ကြိုးမဲ့ဆိုရင်တော့ 30W အထိ မြန်နှုန်းမြှင့် အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Mi 10 ကတော့ Mi 10 Pro နဲ့ specs အတော်များများတော့ တူညီမှာဖြစ်ပြီး၊ ကင်မရာပိုင်း၊ မျက်နှာပြင်ပိုင်းနဲ့ အချို့သော စွမ်းဆောင်ရည်တွေမှာ လျှော့ချထားမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ Mi 10 Pro ရဲ့ အခြေခံဈေးနှုန်းဟာ ၁၀ သိန်းကျော်ခန့်ကနေ စတင်မှာဖြစ်ပြီး၊ Mi 10 ကတော့ မြန်မာငွေ ၈ သိန်းကျော်ကနေ စတင်မှာဖြစ်ပါတယ်။

Damien
( Zawgyi )
အခ်ိန္တိုအတြင္းမွာ ေအာင္ျမင္မႈရလာခဲ့တဲ့ တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ကေတာ့ အမိုက္စားစြမ္းေဆာင္ရည္နဲ႔ flagship စမတ္ဖုန္းေတြကို ထပ္မံမိတ္ဆက္လိုက္ပါၿပီ။

Xiaomi မိတ္ဆက္လိုက္တဲ့ Mi 10 series စမတ္ဖုန္းေတြဟာ ယခင္ထြက္ရွိခဲ့တဲ့ Mi series စမတ္ဖုန္းေတြထက္ စြမ္းေဆာင္ရည္ပိုင္း‌နဲ႔ ဒီဇိုင္းပုံစံတည္ေဆာက္မႈကအစ ပိုမိုတိုးတက္သာလြန္သြားတာကို ျမင္ေတြ႕ရပါတယ္။

Xiaomi Mi 10 series ဟာ Mi 10 နဲ႔ Mi 10 Pro ဆိုၿပီး ႏွစ္မ်ိဳးထြက္ရွိလာမွာ ျဖစ္ပါတယ္။ယမန္ေန႔က Mi 10 series မိတ္ဆက္ခဲ့ရာမွာ အဓိကအေၾကာင္းအရာ ျဖစ္ခဲ့တာေတြကေတာ့ Mi 10 ေရာ Mi 10 Pro မွာပါ 108MP အရည္အေသြးရွိ အဓိက ကင္မရာကို အသုံးျပဳထားၿပီး 5G ကြန္ယက္ကို ေထာက္ပံ့ထားတာ ျဖစ္ပါတယ္။

ပထမ‌ဆုံးအေနနဲ႔ Mi 10 Pro ရဲ႕ specs ကို ေဖာ္ျပေပးခ်င္ပါတယ္။ Mi 10 Pro မွာ ၆.၆၇ လက္မ အ႐ြယ္အစားရွိၿပီး ေဘး‌ႏွစ္ဖက္ေကြးၫြတ္ထားတဲ့ AMOLED Full HD+ မ်က္ႏွာျပင္ကို အသုံးျပဳေပးထားတာ ျဖစ္ပါတယ္။အဆိုပါမ်က္ႏွာျပင္ဟာ 90Hz refresh rate အရည္အေသြးရွိမွာျဖစ္ၿပီး၊ 180 Hz ထိေတြ႕နည္းပညာကို ေထာက္ပံ့ေပးထားတာျဖစ္တဲ့အတြက္ ဂိမ္းေဆာ့ရာမွာ၊ ထိေတြ႕အသုံးျပဳရာမွာ ျမန္ဆန္သြက္လက္ေနမွာပါ။ Mi 10 Pro မွာ လူေျပာအမ်ားဆုံး အေၾကာင္းအရာကေတာ့ ကင္မရာစြမ္းေဆာင္ရည္ပိုင္း ျဖစ္ပါတယ္။ Mi Note 10 မွာ ေတြ႕ရွိခဲ့ၿပီးျဖစ္တဲ့ 108MP အဓိက ကင္မရာကိုပဲ တပ္ဆင္ေပးထားတာျဖစ္ၿပီး 8K အရည္အေသြးရွိ ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

Mi 10 Pro နဲ႔ မမ္မိုရီနဲ႔ သိမ္းဆည္းႏိုင္မႈပမာဏေတြကေတာ့ 8/128 GB, 12/256 GB နဲ႔ 12/512 GB သုံးမ်ိဳးထြက္ရွိမွာ ျဖစ္ပါတယ္။မမ္မိုရီပိုင္းမွာ LPDDR5 RAM ေနာက္ဆုံးေပၚနည္းပညာကို အသုံးျပဳထားၿပီး၊ UFS 3.0 သိမ္းဆည္းႏိုင္မႈနည္းပညာနဲ႔ ေပါင္းစပ္ေပးထားတဲ့အတြက္ ေဆာ့ဝဲလ္အမ်ားႀကီးကို ဖြင့္သုံးရင္ေတာင္ ဖုန္းပူသြားတာ၊ ရပ္သြားတာမ်ိဳး ရွိမွာမဟုတ္ပါဘူး။ဘက္ထရီပမာဏကေတာ့ 4,500mAh ပါ၀င္မွာျဖစ္ၿပီး၊ ႀကိဳးနဲ႔အားသြင္းရင္ေတာ့ 50W အထိ ျမန္ႏႈန္းေထာက္ပံ့ေပးႏိုင္မွာျဖစ္ကာ၊ ႀကိဳးမဲ့ဆိုရင္ေတာ့ 30W အထိ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Mi 10 ကေတာ့ Mi 10 Pro နဲ႔ specs အေတာ္မ်ားမ်ားေတာ့ တူညီမွာျဖစ္ၿပီး၊ ကင္မရာပိုင္း၊ မ်က္ႏွာျပင္ပိုင္းနဲ႔ အခ်ိဳ႕ေသာ စြမ္းေဆာင္ရည္ေတြမွာ ေလွ်ာ့ခ်ထားမွာ ျဖစ္ပါတယ္။

ေဈးႏႈန္းေတြအေနနဲ႔ Mi 10 Pro ရဲ႕ အေျခခံေဈးႏႈန္းဟာ ၁၀ သိန္းေက်ာ္ခန႔္ကေန စတင္မွာျဖစ္ၿပီး၊ Mi 10 ကေတာ့ ျမန္မာေငြ ၈ သိန္းေက်ာ္ကေန စတင္မွာျဖစ္ပါတယ္။

Damien