【 နည်းပညာ 】 OnePlus Nord 2 မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ကင်မရာပါဝင်လာနိုင်

【 နည်းပညာ 】 OnePlus Nord 2 မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ကင်မရာပါဝင်လာနိုင်

OnePlus မှ အလယ်လတ်တန်းစား စွမ်းဆောင်ရည်နဲ့ စမတ်ဖုန်းတစ်လုံးကို ဇူလိုင်လအတွင်း မိတ်ဆက်လာဖို့ရှိနေပါတယ်။

အလယ်လတ်တန်းစား စွမ်းဆောင်ရည်နဲ့ စမတ်ဖုန်းလို့ OnePlus က ဆိုထားပေမယ့် ယခုထွက်ပေါ်နေတဲ့သတင်းတွေအရတော့ စွမ်း‌ဆောင်ရည်မြင့်မားတဲ့ ကင်မရာအာရုံခံကိရိယာကို အသုံးပြုလာဖို့ရှိနေတယ်လို့ သိရပါတယ်။

OnePlus မိတ်ဆက်လာမယ့် စမတ်ဖုန်းဟာ အလယ်လတ်တန်းစား စွမ်းဆောင်ရည်နဲ့ နာမည်ကျော်တဲ့ Nord မျိုးဆက်သစ် OnePlus Nord 2 ပဲ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းက‌တော့ Nord 2 စမတ်ဖုန်းမှာ မောင်းနှင်ထားမယ့် chipset နဲ့ တပ်ဆင်ထားမယ့် မျက်နှာအရည်အသွေးတို့ကို OnePlus ဘက်က အတည်ပြုခဲ့ပေမယ့် ကင်မရာစွမ်းဆောင်ရည်‌ကိုတော့ မဖော်ပြခဲ့ပါဘူး။ယခုသတင်းထွက်ပေါ်လာမှုတွေအရတော့ Nord 2 မှာ OIS ပါဝင်တဲ့ 50MP IMX766 အဓိက ကင်မရာကို တပ်ဆင်ပေးထားဖွယ်ရှိတယ်လို့ သိရပါတယ်။ 50MP IMX766 အဓိက ကင်မရာကိုတော့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus 9, OnePlus 9 Pro နဲ့ Oppo Find X3 Pro တို့မှာလည်း အသုံးပြုခဲ့တာဖြစ်ပါတယ်။

OnePlus ဘက်ကတော့ Nord 2 စမတ်ဖုန်းကို ကြီးမားတဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်လာဖို့ရှိတယ်လို့ဆိုထားပြီး chipset နဲ့ မျက်နှာပြင်ကို အတည်ပြုပြီးဖြစ်တဲ့အတွက် ကင်မရာပိုင်းကို အဆင့်မြှင့်တင်လာဖွယ်တော့ရှိနေပါတယ်။အကယ်၍ 50MP IMX766 အဓိက ကင်မရာသာ တပ်ဆင်ပေးထားမယ်ဆိုပါက ရုပ်ထွက်ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို Nord 2 က သေချာပေါက် ရိုက်ကူးပေးနိုင်ဖို့ရှိနေပါတယ်။

OnePlus Nord 2 ကို ဇူလိုင် ၂၂ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ကြေညာထားပါတယ်။

Damien
ဇူလိုင် - ၁၆