【 နည်းပညာ 】 Oppo နဲ့ မိုဟာမက် ဆာလာတို့ ပူးပေါင်းပြီး စမတ်ဖုန်းထုတ်လုပ်ပြီ

【 နည်းပညာ 】 Oppo နဲ့ မိုဟာမက် ဆာလာတို့ ပူးပေါင်းပြီး စမတ်ဖုန်းထုတ်လုပ်ပြီ

တရုတ်နည်းပညာကုမ္ပဏီကြီး Oppo မှ နောက်ထပ် စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။
 
Oppo မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းက ထုတ်ကုန်သစ်တော့ မဟုတ်ခဲ့ပဲ Oppo Reno4 ရဲ့ အထူးထုတ်ဗားရှင်း စမတ်ဖုန်းဖြစ်ပြီး ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်နဲ့ ပူးပေါင်းထားတာလည်း ဖြစ်ပါတယ်။
 
Oppo မိတ်ဆက်လိုက်တဲ့ Oppo Reno4 No Salah Edition စမတ်ဖုန်းကို လီဗာပူးလ်ပရိတ်သတ်တွေကတော့ အလွန်အကြိုက်တွေ့ကြမှာပါ။အီဂျစ်နဲ့ လီဗာပူးလ်ရဲ့ တောင်ပံကစားသမားလည်းဖြစ် လီဗာပူးလ်ပရိတ်သတ်တွေရဲ့ အချစ်တော်လည်းဖြစ်တဲ့ မိုဟာမက် ဆာလာရဲ့ အငွေ့အသက်တွေ ပုံရိပ်တွေ ဖုံးလွှမ်းနေပြီး၊ စမတ်ဖုန်းရဲ့ ကျောဘက်မှာလည်း မို ဆာလာရဲ့ လက်မှတ်ပါဝင်မှာဖြစ်ပါတယ်။ Oppo Reno4 အထူးထုတ်ဗားရှင်းနဲ့ သာမန် Oppo Reno4 တို့ဟာ စွမ်းဆောင်ရည်ပိုင်းမှာတော့ တူညီမှာဖြစ်ပါတယ်။
 
Oppo Reno4 Mo Salah Edition ရဲ့ ဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုရင် ကိုယ်ထည်မှာ အနီရောင်များဖုံးလွှမ်းထားပြီး၊ ကိုယ်ထည်နောက်ဘက်ကို မို ဆာလာ ပုံနဲ့ လက်မှတ်ကို ရိုက်နှိပ်ထားတာ မြင်တွေ့ရပါတယ်။စမတ်ဖုန်းတွင်းမှာလည်း မို ဆာလာရဲ့ ဓာတ်ပုံတွေကို wallpaper ထားနိုင်မှာဖြစ်ပြီး၊ မို ဆာလာရဲ့ မိခင်နိုင်ငံ အီဂျစ်နိုင်ငံ ‌စမတ်ဖုန်းဈေးကွက်ကို အဓိကထား ရောင်းချသွားမှာဖြစ်ပါတယ်။
 
Oppo Reno4 Mo Salah Edition ဟာ မမ်မိုရီ 8GB, သိမ်းဆည်းနိုင်မှု 128GB ဗားရှင်းသာ ထွက်ရှိမှာဖြစ်ပြီး၊ ဒေါ်လာ ၄၂၀ ဈေးနှုန်းသတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
 
Damien
 
( Zawgyi )
 
တ႐ုတ္နည္းပညာကုမၸဏီႀကီး Oppo မွ ေနာက္ထပ္ စမတ္ဖုန္းသစ္တစ္လုံးကို မိတ္ဆက္လိုက္တယ္လို႔ သိရပါတယ္။
 
Oppo မိတ္ဆက္လိုက္တဲ့ စမတ္ဖုန္းက ထုတ္ကုန္သစ္ေတာ့ မဟုတ္ခဲ့ပဲ Oppo Reno4 ရဲ႕ အထူးထုတ္ဗားရွင္း စမတ္ဖုန္းျဖစ္ၿပီး ကမာၻေက်ာ္ ေဘာလုံးသမားတစ္ေယာက္နဲ႔ ပူးေပါင္းထားတာလည္း ျဖစ္ပါတယ္။
 
Oppo မိတ္ဆက္လိုက္တဲ့ Oppo Reno4 No Salah Edition စမတ္ဖုန္းကို လီဗာပူးလ္ပရိတ္သတ္ေတြကေတာ့ အလြန္အႀကိဳက္ေတြ႕ၾကမွာပါ။အီဂ်စ္နဲ႔ လီဗာပူးလ္ရဲ႕ ေတာင္ပံကစားသမားလည္းျဖစ္ လီဗာပူးလ္ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္လည္းျဖစ္တဲ့ မိုဟာမက္ ဆာလာရဲ႕ အေငြ႕အသက္ေတြ ပုံရိပ္ေတြ ဖုံးလႊမ္းေနၿပီး၊ စမတ္ဖုန္းရဲ႕ ေက်ာဘက္မွာလည္း မို ဆာလာရဲ႕ လက္မွတ္ပါဝင္မွာျဖစ္ပါတယ္။ Oppo Reno4 အထူးထုတ္ဗားရွင္းနဲ႔ သာမန္ Oppo Reno4 တို႔ဟာ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ တူညီမွာျဖစ္ပါတယ္။
 
Oppo Reno4 Mo Salah Edition ရဲ႕ ဒီဇိုင္းပိုင္းကို ၾကည့္မယ္ဆိုရင္ ကိုယ္ထည္မွာ အနီေရာင္မ်ားဖုံးလႊမ္းထားၿပီး၊ ကိုယ္ထည္ေနာက္ဘက္ကို မို ဆာလာ ပုံနဲ႔ လက္မွတ္ကို ႐ိုက္ႏွိပ္ထားတာ ျမင္ေတြ႕ရပါတယ္။စမတ္ဖုန္းတြင္းမွာလည္း မို ဆာလာရဲ႕ ဓာတ္ပုံေတြကို wallpaper ထားႏိုင္မွာျဖစ္ၿပီး၊ မို ဆာလာရဲ႕ မိခင္ႏိုင္ငံ အီဂ်စ္ႏိုင္ငံ ‌စမတ္ဖုန္းေဈးကြက္ကို အဓိကထား ေရာင္းခ်သြားမွာျဖစ္ပါတယ္။
 
Oppo Reno4 Mo Salah Edition ဟာ မမ္မိုရီ 8GB, သိမ္းဆည္းႏိုင္မႈ 128GB ဗားရွင္းသာ ထြက္ရွိမွာျဖစ္ၿပီး၊ ေဒၚလာ ၄၂၀ ေဈးႏႈန္းသတ္မွတ္ထားတာလည္း ျဖစ္ပါတယ္။
 
Damien