【 နည်းပညာ 】 Pfizer ကိုဗစ်ကာကွယ်ဆေးက ကလေးသူငယ်များကို ပြင်းထန်ကိုဗစ်ရောဂါမှ ကာကွယ်ပေးနိုင်

【 နည်းပညာ 】 Pfizer ကိုဗစ်ကာကွယ်ဆေးက ကလေးသူငယ်များကို ပြင်းထန်ကိုဗစ်ရောဂါမှ ကာကွယ်ပေးနိုင်

Pfizer ရဲ့ ကိုဗစ်ကာကွယ်‌ဆေးဟာ လူငယ်များ အထူးသဖြင့် ပြင်းထန်တဲ့ အိုမီခရွန်လှိုင်းလုံးကြီးအတွင်းမှာပင် အသက် ၅ နှစ်နဲ့အထက် ကလေးသူငယ်များကို ဆေးရုံတက်ရောက်ကုသရခြင်းနဲ့ သေဆုံးခြင်းတို့မှ ကာကွယ်ပေးနိုင်ခဲ့သည်ဟု အမေရိကန် ကျန်းမာရေးတာဝန်ရှိသူများက ယနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာမှ အချက်အလက်အသစ်များ၊ နယူးယောက်မှ ကလေးသူငယ်များကို လေ့လာမှုတစ်ခုအပြီး တစ်ရက်အကြာမှာ ကာကွယ်ဆေးဟာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးငယ်များတွင် အပျော့စားကူးစက်မှုများကို တားဆီးနိုင်မှုမရှိကြောင်း အကြုံပြုထားပါတယ်။ထို‌ဒေတာများမှ အသက် ၁၂ နှစ်အောက် ကလေးငယ်များကိုပေးသော ဆေးပမာဏဟာ အလွန်နည်းပါးသလားဟု မေးခွန်းထုတ်ခဲ့ပါတယ်။

CDC ဘက်မှ ပြန်လည်ဖြေရှင်းရာမှာ အခြားပြည်နယ်များအရ ပြဿနာဟာ ကလေးငယ်များအသက်အရွယ်နဲ့ ဆေးပမာဏ မဟုတ်ဘဲ အိုမီခရွန်မျိုးကွဲဖြစ်တယ်လို့ ဆိုပါတယ်။ကာကွယ်ဆေးထိုးခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အစောပိုင်းမျိုးကွဲများထက် ပိုမိုလျင်မြန်စွာကူးစက်သော အိုမီခရွန်မျိုးကွဲအပေါ် ထိရောက်မှုနည်းခြင်းဖြစ်ပါတယ်။

"ကျွန်ုပ်တို့ရရှိထားတဲ့ အချက်အလက်များမှ တွေ့ရှိရသည်မှာ ကာကွယ်‌ဆေးဟာ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများကို ဆန့်ကျင်ရန် ကောင်းမွန်သော ကာကွယ်မှုကို ဆက်လက်ပေးဆောင်နေပါတယ်" လို့ CDC မှ ကူးစက်ရောဂါဗေဒပညာရှင် Ruth Link-Gelles က ပြောကြားခဲ့ပါတယ်။

ကလေးအထူးကုဆရာဝန်များက အပြန်ပြန်အလှန်လှန်ရလဒ်များအပေါ် ရှုပ်ထွေးနေပုံရနေပေမယ့်လည်း မိဘများအနေနဲ့ မိမိတို့ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးခြင်းကသာ ပြင်းထန်ကိုဗစ်ရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ကလေးအထူးကုဆရာဝန်များက ပြောပါတယ်။

ပြင်းထန်ကိုဗစ်ရောဂါနဲ့ ဆေးရုံသို့ ရောက်ရှိလာသူများဟာ ကာကွယ်ဆေးမထိုးထားသူများ ဖြစ်နေကြပြီး ကြာ့်ရှုရန်ခက်ခဲလျက်ရှိတယ်ဟု ဖီလာဒဲလ်ဖီယား  ကလေးဆေးရုံမှ ဒေါက်တာ Paul Offit က ပြောကြားပါတယ်။

"ကာကွယ်ဆေးထိုးထားရင် အပျော့စားရောဂါကူးစက်မှု ခံစားရနိုင်ပြီး၊ အဲတာနဲ့အတူနေထိုင်ဖို့ သင်ယူရမှာပါ" လို့လည်း ဒေါက်တာ Paul Offit က ဆက်ပြောပါတယ်။

Damien
Ref - theweek
‌မတ် - ၂