【 နည်းပညာ 】 Realme မှ ပထမဆုံး စမတ်နာရီကို မိတ်ဆက်သွားတော့မည်

【 နည်းပညာ 】 Realme မှ ပထမဆုံး စမတ်နာရီကို မိတ်ဆက်သွားတော့မည်

အချိန်တိုအတွင်း အောင်မြင်မှုတွေရလာခဲ့တဲ့ Realme ကတော့ နည်းပညာဈေးကွက်သစ်တွေကို ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေလျက်ရှိပါတယ်။

ယခုလည်း လာမယ့် မေလ ၂၅ ရက်နေ့မှာ ၎င်းရဲ့ ပထမဆုံး စမတ် TV နဲ့ ပထမဆုံး စမတ်နာရီတို့ကို မိတ်ဆက်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Realme အနေနဲ့ လွန်ခဲ့တဲ့ မေလ ၁၈ ရက်နေ့တုန်းက ၎င်းရဲ့ စမတ် TV စွမ်းဆောင်ရည်အနည်းငယ်နဲ့အတူ စမတ်နာရီ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ပြသခဲ့ပါတယ်။ပြသလိုက်တဲ့ ပုံရိပ်တွေအရ Realme စမတ်နာရီရဲ့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံကို မြင်တွေ့ရပါတယ်။

Realme ရဲ့ ပထမဆုံး စမတ်နာရီသစ်ဟာ ၁.၄ လက်မ အရွယ်အစားရှိတဲ့ အရောင်အသွေးစုံ မျက်နှာပြင်ကို အသုံးပြုပေးထားပြီး၊ ၎င်းအောက်ဖက်မှာတော့ Realme တံဆိပ်ကို ရိုက်နှိပ်ပေးထားတာ မြင်တွေ့ရပါတယ်။မျက်နှာပြင်ပေါ်မှာတော့ အချိန်၊ နေ့စွဲ၊ ရာသီဥတုအခြေအနေ၊ ခြေလှမ်းအရေအတွက်နဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေကို ဖော်ပြထားမှာပါ။ဒါ့အပြင် နှလုံးခုန်နှုန်းကိုလည်း တစ်ပါတည်း ဖော်ပြပေးထားပါသေးတယ်။အားကစားနည်းအနေနဲ့ ၁၄ မျိုး ထည့်သွင်းပါ၀င်မှာဖြစ်ပြီး၊ ၂၄ နာရီ ၇ ရက် နှလုံးခုန်နှုန်း တိုင်းတာပေးမှာဖြစ်သလို၊ သွေးတွင်းမှ အောက်စီဂျင်ပမာဏကိုပါ တိုင်းတာပေးနိုင်ဦးမှာပါ။

Realme စမတ်နာရီနဲ့ ချိတ်ဆက်ဖို့ကို Realme Link app ကို အသုံးပြုပေးဖို့လိုပြီး၊ စာတို၀င်ရောက်မှု၊ သတိပေးချက်တွေ၊ ဖုန်းအဝင်ခေါ်ဆိုမှုတွေကို ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းမှာ ပြသပေးသွားမှာပါ။

ထူးခြားတာတစ်ခုကတော့ Realme စမတ်နာရီဟာ စမတ်ဖုန်းကင်မရာကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး၊ စမတ်နာရီမှ ထိန်းချုပ်ကာ ဓာတ်ပုံရိုက်ကူးပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

အခ်ိန္တိုအတြင္း ေအာင္ျမင္မႈေတြရလာခဲ့တဲ့ Realme ကေတာ့ နည္းပညာေဈးကြက္သစ္ေတြကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ ႀကိဳးစားေနလ်က္ရွိပါတယ္။

ယခုလည္း လာမယ့္ ေမလ ၂၅ ရက္ေန႔မွာ ၎ရဲ႕ ပထမဆုံး စမတ္ TV နဲ႔ ပထမဆုံး စမတ္နာရီတို႔ကို မိတ္ဆက္သြားဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။

Realme အေနနဲ႔ လြန္ခဲ့တဲ့ ေမလ ၁၈ ရက္ေန႔တုန္းက ၎ရဲ႕ စမတ္ TV စြမ္းေဆာင္ရည္အနည္းငယ္နဲ႔အတူ စမတ္နာရီ ပုံရိပ္ေတြကို လူမႈကြန္ယက္မွာ ျပသခဲ့ပါတယ္။ျပသလိုက္တဲ့ ပုံရိပ္ေတြအရ Realme စမတ္နာရီရဲ႕ ႐ိုးရွင္းၿပီး ဆြဲေဆာင္မႈရွိတဲ့ ဒီဇိုင္းပုံစံကို ျမင္ေတြ႕ရပါတယ္။

Realme ရဲ႕ ပထမဆုံး စမတ္နာရီသစ္ဟာ ၁.၄ လက္မ အ႐ြယ္အစားရွိတဲ့ အေရာင္အေသြးစုံ မ်က္ႏွာျပင္ကို အသုံးျပဳေပးထားၿပီး၊ ၎ေအာက္ဖက္မွာေတာ့ Realme တံဆိပ္ကို ႐ိုက္ႏွိပ္ေပးထားတာ ျမင္ေတြ႕ရပါတယ္။မ်က္ႏွာျပင္ေပၚမွာေတာ့ အခ်ိန္၊ ေန႔စြဲ၊ ရာသီဥတုအေျခအေန၊ ေျခလွမ္းအေရအတြက္နဲ႔ ကယ္လိုရီေလာင္ကြၽမ္းမႈေတြကို ေဖာ္ျပထားမွာပါ။ဒါ့အျပင္ ႏွလုံးခုန္ႏႈန္းကိုလည္း တစ္ပါတည္း ေဖာ္ျပေပးထားပါေသးတယ္။အားကစားနည္းအေနနဲ႔ ၁၄ မ်ိဳး ထည့္သြင္းပါ၀င္မွာျဖစ္ၿပီး၊ ၂၄ နာရီ ၇ ရက္ ႏွလုံးခုန္ႏႈန္း တိုင္းတာေပးမွာျဖစ္သလို၊ ေသြးတြင္းမွ ေအာက္စီဂ်င္ပမာဏကိုပါ တိုင္းတာေပးႏိုင္ဦးမွာပါ။

Realme စမတ္နာရီနဲ႔ ခ်ိတ္ဆက္ဖို႔ကို Realme Link app ကို အသုံးျပဳေပးဖို႔လိုၿပီး၊ စာတို၀င္ေရာက္မႈ၊ သတိေပးခ်က္ေတြ၊ ဖုန္းအဝင္ေခၚဆိုမႈေတြကို ခ်ိတ္ဆက္ထားတဲ့ စမတ္ဖုန္းမွာ ျပသေပးသြားမွာပါ။

ထူးျခားတာတစ္ခုကေတာ့ Realme စမတ္နာရီဟာ စမတ္ဖုန္းကင္မရာကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္ၿပီး၊ စမတ္နာရီမွ ထိန္းခ်ဳပ္ကာ ဓာတ္ပုံ႐ိုက္ကူးေပးႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Damien