【 နည်းပညာ 】 Redmi မှ စမတ်နာရီသစ် မိတ်ဆက်မည်

【 နည်းပညာ 】 Redmi မှ စမတ်နာရီသစ် မိတ်ဆက်မည်

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi မှ ဒုတိယမျိုးဆက် စမတ်နာရီကို မိတ်ဆက်သွားတော့မှာဖြစ်တယ်လို့ တရားဝင်ဖော်ပြလိုက်ပြီဖြစ်ပါတယ်။
 
Redmi Watch 2 အမည်ရ စမတ်နာရီသစ်ဟာ Redmi Note 11 series စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်လာမှာဖြစ်ပါတယ်။
 
Redmi ရဲ့ ဒုတိယမျိုးဆက် စမတ်နာရီသစ်မှာ ၁.၆ လက်မ အရွယ်အစားရှိ ရောင်စုံ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ဒါဟာ ပထမမျိုးဆက် စမတ်နာရီဖြစ်တဲ့ Redmi Watch ထက် မျက်နှာပြင်အရွယ်အစားရော၊ မျက်နှာပြင်တောက်ပမှုအပိုင်းမှာပါ ပိုမိုအဆင့်မြှင့်တင်လာခဲ့တာဖြစ်ပါတယ်။
 
Redmi Watch 2 မှာ စမတ်နာရီတို့ရဲ့ စွမ်းဆောင်ရည်များဖြစ်တဲ့ နှလုံးခုန်နှုန်းတိုင်းတာပေးတာ၊ အိပ်စက်ချိန်ကို စောင့်ကြည့်စစ်ဆေးပေးတာ၊ ခြေလှမ်းအရေအတွက်တိုင်းတာခြင်းနဲ့ အခြားသော အားကစားနည်းတွေကို စောင့်ကြည့်အကဲဖြတ်ပေးတဲ့ နည်းပညာတွေ ပါဝင်လာမှာဖြစ်ပါတယ်။သတင်းတွေအရ GPS စနစ် ထည့်သွင်းပေးထားတယ်လို့ သိရပြီး သွေးတွင်း အောက်စီဂျင်ပမာဏ တိုင်းတာပေးတဲ့ SpO2 နည်းပညာလည်း ပါဝင်လာဖွယ်ရှိနေပါသေးတယ်။
 
Redmi Watch 2 စမတ်နာရီကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ Redmi ကုမ္ပဏီမှ တရားဝင်ကြေညာထားပါတယ်။
 
Damien
အောက်တိုဘာ - ၂၂