【 နည်းပညာ 】 S Pen ပါဝင်လာဖွယ်ရှိနေတဲ့ Samsung ကွေးညွတ်ဖုန်း

【 နည်းပညာ 】 S Pen ပါဝင်လာဖွယ်ရှိနေတဲ့ Samsung ကွေးညွတ်ဖုန်း

The Elec မှ ကိုရီးယားသတင်းဖော်ပြချက်အရ Samsung ကုမ္ပဏီအနေနဲ့ ယခုနှစ်နှောင်းပိုင်းမှာ ကွေးညွတ်စမတ်ဖုန်း မျိုးဆက်သစ်ကို မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် Samsung ရဲ့ မျိုးဆက်သစ် ကွေးညွတ်စမတ်ဖုန်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ယူဆောင်လာဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြလျက်ရှိပါတယ်။

The Elec ရဲ့ အခိုင်အမာ ဖော်ပြမှုအရ Galaxy Z Fold 4 ကွေးညွတ်စမတ်ဖုန်းသစ်မှာ S Pen ထည့်သွင်းပါဝင်လာနိုင်ကြောင်း သိရပါတယ်။ဒါ့အပြင် S Pen ပါဝင်လာမှုဟာ Samsung ပရိတ်သတ်များအတွကန တစ်ခုတည်းသော ဒီဇိုင်းပြောင်းလဲမှုဖြစ်ပြီး၊ ဒီဇိုင်းအများစုနဲ့ သွင်ပြင်ပုံစံကတော့ Galaxy Z Fold 3 နဲ့ တူညီမှာဖြစ်တယ်လို့ The Elec က ဖော်ပြထားပါတယ်။

မျိုးဆက်သစ် ကွေးညွတ်စမတ်ဖုန်းဟာ ယခင်မော်ဒယ်လ်ထက်‌ မျက်နှာပြင်ပိုင်းမှာ ပိုမိုကြီးမားလာမှာဖြစ်ပြီး၊ မောင်းနှင်ပေးထားမယ့် chipset ဟာလည်း Snapdragon 8 Gen 1 သို့မဟုတ် Exynos 2200 ကို အဆင့်မြှင့်တင်ပေးလာဖွယ်ရှိနေပါသေးတယ်။

လက်ရှိအချိန်မှာ တရားဝင်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိသေးဘဲ Galaxy Z Fold 4 ကွေးညွတ်စမတ်ဖုန်းဟာ အဆင့်မြှင့်တင် ထုတ်လုပ်နေဆဲအခြေအနေမှာသာ ရှိနေပါတယ်။

Damien
Ref - ubergizmo
ဖေဖော်ဝါရီ - ၁၆