【 နည်းပညာ 】 Samsung ရဲ့ Galaxy S21 နဲ့ Galaxy S21 Ultra ပုံရိပ်တွေ ပေါက်ကြားလာ

【 နည်းပညာ 】 Samsung ရဲ့ Galaxy S21 နဲ့ Galaxy S21 Ultra ပုံရိပ်တွေ ပေါက်ကြားလာ

လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Samsung ရဲ့ Galaxy S21 ရဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ဝာာကို အားလုံးသိရှိကြပြီးဖြစ်မှာပါ။

လာမယ့်နှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ မိတ်ဆက်လာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပြီး၊ ယခုအခါမှာတော့ Galaxy S21 နဲ့ Galaxy S21 Ultra တို့ရဲ့ ဒီဇိုင်းပုံစံတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ပေါက်ကြားလာခဲ့ပြီးဖြစ်ပါတယ်။

Steve Hemmerstoffer (@OnLeaks) ဆိုသူမှ Samsung Galaxy S21 နဲ့ Galaxy 21 Ultra တို့ရဲ့ ပုံရိပ်တွေကို တွစ်တာ လူမှုကွန်ယက်ပေါ်မှာ မျှဝေလာခဲ့ရာကနေ ပေါက်ကြားလာခဲ့တာလို့ သိရပါတယ်။ပေါက်ကြားလာခဲ့ပုံရိပ်တွေအရ Samsung Galaxy S21 series ရဲ့ မျက်နှာပြင်ဒီဇိုင်းဟာ Samsung Galaxy S20 series မှာ အသုံးပြုထားတဲ့ Infinity-O မျက်နှာပြင်ဒီဇိုင်းနဲ့ ဆင်တူတာကို မြင်တွေ့ရပါတယ်။ဒီပုံရိပ်တွေအတိုင်းသာ ထွက်ပေါ်လာမယ်ဆိုရင် မျက်နှာပြင်အောက် ကင်မရာထည့်သွင်းထားတဲ့ ဒီဇိုင်းကို Galaxy S21 series မှာ မြင်တွေ့ရဖွယ်မရှိပါဘူး။

ရှေ့ဘက်ဒီဇိုင်းဟာ Galaxy S20 series နဲ့ တူညီပေမယ့် နောက်ဘက် ကင်မရာတပ်ဆင်ထားတဲ့ ဒီဇိုင်းကတော့ ကွာခြားသွားတာကို ပုံရိပ်တွေအရ မြင်တွေ့ရပါတယ်။နောက်ဘက် ကင်မရာတွေ တပ်ဆင်ထားတဲ့ ဘောင်တွေဟာ ထူလာတာကိုမြင်တွေ့ရပြီး၊ ဒါဟာ ကင်မရာရဲ့ မှန်သားတွေထိခိုက်ပွန်းပဲ့မှုကို ကာကွယ်ရန်အတွက် ဖြစ်နိုင်ပါတယ်။ Samsung Galaxy S21 ကတော့ Samsung Galaxy S21 Ultra ထက် အရွယ်အစား ပိုသေးငယ်ဖွယ်ရှိပြီး၊ Galaxy S21 Ultra က ဘေးဘောင်နှစ်ဖက် ကွေးညွတ်ထားတဲ့ မျက်နှာပြင်ဒီဇိုင်းနဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။

ပေါက်ကြားလာတဲ့ Samsung Galaxy S21 series ပုံရိပ်တွေအရ S-Pen ထည့်သွင်းဖို့နေရာကို မတွေ့မြင်ခဲ့ရတဲ့အတွက် ယခင်သတင်းထွက်ခဲ့သလို S-Pen ပါဝင်လာနိုင်ချေမရှိသေးပါဘူး။

ယခုပေါက်ကြားလာတဲ့ ပုံရိပ်တွေကိုတော့ အတည်မပြုနိုင်သေးပဲ Samsung ဘက်က Infinity-O မျက်နှာပြင်ကိုပဲ ဆက်သုံးမလား၊ ကင်မရာနည်းပညာသစ်ကို Galaxy S21 series နဲ့ ထုတ်ပြမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Damien
( Zawgyi )
လြန္ခဲ့တဲ့ရက္ပိုင္းကပဲ Samsung ရဲ႕ Galaxy S21 ရဲ႕ သတင္းေတြ ထြက္ေပၚလာခဲ့ဝာာကို အားလုံးသိရွိၾကၿပီးျဖစ္မွာပါ။

လာမယ့္ႏွစ္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ မိတ္ဆက္လာဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့တာျဖစ္ၿပီး၊ ယခုအခါမွာေတာ့ Galaxy S21 နဲ႔ Galaxy S21 Ultra တို႔ရဲ႕ ဒီဇိုင္းပုံစံေတြဟာ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေပါက္ၾကားလာခဲ့ၿပီးျဖစ္ပါတယ္။

Steve Hemmerstoffer (@OnLeaks) ဆိုသူမွ Samsung Galaxy S21 နဲ႔ Galaxy 21 Ultra တို႔ရဲ႕ ပုံရိပ္ေတြကို တြစ္တာ လူမႈကြန္ယက္ေပၚမွာ မွ်ေဝလာခဲ့ရာကေန ေပါက္ၾကားလာခဲ့တာလို႔ သိရပါတယ္။ေပါက္ၾကားလာခဲ့ပုံရိပ္ေတြအရ Samsung Galaxy S21 series ရဲ႕ မ်က္ႏွာျပင္ဒီဇိုင္းဟာ Samsung Galaxy S20 series မွာ အသုံးျပဳထားတဲ့ Infinity-O မ်က္ႏွာျပင္ဒီဇိုင္းနဲ႔ ဆင္တူတာကို ျမင္ေတြ႕ရပါတယ္။ဒီပုံရိပ္ေတြအတိုင္းသာ ထြက္ေပၚလာမယ္ဆိုရင္ မ်က္ႏွာျပင္ေအာက္ ကင္မရာထည့္သြင္းထားတဲ့ ဒီဇိုင္းကို Galaxy S21 series မွာ ျမင္ေတြ႕ရဖြယ္မရွိပါဘူး။

ေရွ႕ဘက္ဒီဇိုင္းဟာ Galaxy S20 series နဲ႔ တူညီေပမယ့္ ေနာက္ဘက္ ကင္မရာတပ္ဆင္ထားတဲ့ ဒီဇိုင္းကေတာ့ ကြာျခားသြားတာကို ပုံရိပ္ေတြအရ ျမင္ေတြ႕ရပါတယ္။ေနာက္ဘက္ ကင္မရာေတြ တပ္ဆင္ထားတဲ့ ေဘာင္ေတြဟာ ထူလာတာကိုျမင္ေတြ႕ရၿပီး၊ ဒါဟာ ကင္မရာရဲ႕ မွန္သားေတြထိခိုက္ပြန္းပဲ့မႈကို ကာကြယ္ရန္အတြက္ ျဖစ္ႏိုင္ပါတယ္။ Samsung Galaxy S21 ကေတာ့ Samsung Galaxy S21 Ultra ထက္ အ႐ြယ္အစား ပိုေသးငယ္ဖြယ္ရွိၿပီး၊ Galaxy S21 Ultra က ေဘးေဘာင္ႏွစ္ဖက္ ေကြးၫြတ္ထားတဲ့ မ်က္ႏွာျပင္ဒီဇိုင္းနဲ႔ ပြဲထြက္လာဖြယ္ရွိေနပါတယ္။

ေပါက္ၾကားလာတဲ့ Samsung Galaxy S21 series ပုံရိပ္ေတြအရ S-Pen ထည့္သြင္းဖို႔ေနရာကို မေတြ႕ျမင္ခဲ့ရတဲ့အတြက္ ယခင္သတင္းထြက္ခဲ့သလို S-Pen ပါဝင္လာႏိုင္ေခ်မရွိေသးပါဘူး။

ယခုေပါက္ၾကားလာတဲ့ ပုံရိပ္ေတြကိုေတာ့ အတည္မျပဳႏိုင္ေသးပဲ Samsung ဘက္က Infinity-O မ်က္ႏွာျပင္ကိုပဲ ဆက္သုံးမလား၊ ကင္မရာနည္းပညာသစ္ကို Galaxy S21 series နဲ႔ ထုတ္ျပမလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Damien