【 နည်းပညာ 】 Samsung Galaxy Note 10 ရဲ့ ဒီဇိုင်းပုံစံများ ပေါက်ကြား

【 နည်းပညာ 】 Samsung Galaxy Note 10 ရဲ့ ဒီဇိုင်းပုံစံများ ပေါက်ကြား

ယခင်ကတော့ Samsung Galaxy Note 10 ရဲ့ ဒီဇိုင်းတွေ အမျိုးမျိုးပေါက်ကြားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ယခုအချိန်မှာတော့ ဖုန်းကာဗာတွေ ထုတ်လုပ်တဲ့ Olixar ကုမ္ပဏီ တရားဝင်ဖော်ပြလိုက်ချက်အရ UK အရောင်းဝဘ်ဆိုက်တွေမှာ Galaxy Note 10 ရဲ့ ကာဗာပုံများ ထွက်ပေါ်လာခဲ့ပါတယ်။

Samsung Galaxy Note 10 ဟာ Note 10 နဲ့ Note 10 Pro ဆိုပြီး နှစ်မျိုးထွက်ရှိလာမှာဖြစ်ကာ၊ Note 10 ကတော့ နောက်ဘက်ကင်မရာတွေကို သုံးခုဒေါင်လိုက်ပုံစံ တပ်ဆင်ထားတာ မြင်တွေ့ရပါတယ်။ Note 10 Pro မှာတော့ အပိုရိုက်ကူးရန် တစ်ခုထပ်မံ ပါဝင်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

 

ဖုန်းရဲ့ power ခလုတ်နဲ့ အသံအတိုးအချဲ့ ခလုတ်ကတော့ ဘယ်ဘက်မှာ တပ်ဆင်ထားမှာဖြစ်ပြီး၊ Samsung Note Series ရဲ့ နာမည်ကျော် S-Pen ကိုတော့ ထောင့်မှာပဲ ထည့်သွင်းလာဖွယ် ရှိပါတယ်။မျက်နှာပြင်ကတော့ အပြည့်ပုံစံ မဖြစ်လာနိုင်သေးပဲ punch-hole ကင်မရာကိုပဲ ထည့်သွင်းလာနိုင်ပါတယ်။

Samsung Galaxy Note 10 Series ကိုတော့ သြဂုတ်လမှာ မြင်တွေ့ရမှာဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်အတွင်း ထွက်ပေါ်လာမယ့် Samsung ရဲ့ flagship ဖုန်းတစ်လုံး ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

ယခင္ကေတာ့ Samsung Galaxy Note 10 ရဲ႕ ဒီဇိုင္းေတြ အမ်ိဳးမ်ိဳးေပါက္ၾကားခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

ယခုအခ်ိန္မွာေတာ့ ဖုန္းကာဗာေတြ ထုတ္လုပ္တဲ့ Olixar ကုမၸဏီ တရားဝင္ေဖာ္ျပလိုက္ခ်က္အရ UK အေရာင္းဝဘ္ဆိုက္ေတြမွာ Galaxy Note 10 ရဲ႕ ကာဗာပုံမ်ား ထြက္ေပၚလာခဲ့ပါတယ္။

Samsung Galaxy Note 10 ဟာ Note 10 နဲ႔ Note 10 Pro ဆိုၿပီး ႏွစ္မ်ိဳးထြက္ရွိလာမွာျဖစ္ကာ၊ Note 10 ကေတာ့ ေနာက္ဘက္ကင္မရာေတြကို သုံးခုေဒါင္လိုက္ပုံစံ တပ္ဆင္ထားတာ ျမင္ေတြ႕ရပါတယ္။ Note 10 Pro မွာေတာ့ အပို႐ိုက္ကူးရန္ တစ္ခုထပ္မံ ပါဝင္လာႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ဖုန္းရဲ႕ power ခလုတ္နဲ႔ အသံအတိုးအခ်ဲ႕ ခလုတ္ကေတာ့ ဘယ္ဘက္မွာ တပ္ဆင္ထားမွာျဖစ္ၿပီး၊ Samsung Note Series ရဲ႕ နာမည္ေက်ာ္ S-Pen ကိုေတာ့ ေထာင့္မွာပဲ ထည့္သြင္းလာဖြယ္ ရွိပါတယ္။မ်က္ႏွာျပင္ကေတာ့ အျပည့္ပုံစံ မျဖစ္လာႏိုင္ေသးပဲ punch-hole ကင္မရာကိုပဲ ထည့္သြင္းလာႏိုင္ပါတယ္။

Samsung Galaxy Note 10 Series ကိုေတာ့ ၾသဂုတ္လမွာ ျမင္ေတြ႕ရမွာျဖစ္ၿပီး၊ ၂၀၁၉ ခုႏွစ္အတြင္း ထြက္ေပၚလာမယ့္ Samsung ရဲ႕ flagship ဖုန္းတစ္လုံး ျဖစ္လာမွာလည္း ျဖစ္ပါတယ္။

Damien