【 နည်းပညာ 】 Samsung Galaxy Watch Active 2 ရဲ့ ပုံရိပ်များ ပေါက်ကြားလာ

【 နည်းပညာ 】 Samsung Galaxy Watch Active 2 ရဲ့ ပုံရိပ်များ ပေါက်ကြားလာ

Samsung ဟာ ၎င်းရဲ့ စမတ်နာရီ မျိုးဆက်သစ်ဖြစ်တဲ့ Galaxy Watch 2 ကို ဆက်လက်တီထွင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုရီယားနည်းပညာ ဘီလူးကြီးရဲ့ Galaxy Watch Active 2 လို့ ယူဆရတဲ့ စမတ်နာရီ ပုံများဟာ SamMobile ကနေတဆင့် ပေါက်ကြားလာခဲ့တာ မြင်တွေ့ရပါတယ်။

Samsung ရဲ့ Galaxy Watch Active ကို ယခုနှစ် ဖေဖော်ဝါရီလက ကြေညာခဲ့အပြီး လေးလအကြာမှာ ၎င်းရဲ့ မျိုးဆက်သစ်ကို တီထွင်နေတယ်လို့ဆိုခဲ့ပြီး၊ ယခုပေါက်ကြားလာတဲ့ ပုံရိပ်တွေအရ Galaxy Watch Active 2 ဟာ ယခင်ထွက်ရှိတဲ့ Galaxy Watch Active နဲ့ ဒီဇိုင်းပိုင်းမှာ သိပ်ပြီးကွာမယ့်ပုံ မရှိပါဘူး။

ပေါက်ကြားလာတဲ့ ပုံရိပ်တွေအရ အနည်းငယ်သာ ကွာခြားမှုရှိမှာဖြစ်ပြီး၊ home နဲ့ power ခလုတ်ဟာ လုံဝန်းသွားမှာ ဖြစ်ပါတယ်။ back ခလုတ်ကတော့ လေးထောင့်ပုံစံ မြင်တွေ့ရပါတယ်။ဒါ့အပြင် စမတ်နာရီရဲ့ နောက်ဘက် ဒီဇိုင်းဟာလည်း ပြောင်းလဲသွားပြီး၊ နှလုံးခုန်နှုန်း တိုင်းတာတဲ့ အာရုံခံကိရိယာကို အဝိုင်းကွင်းလေးတွေ ပတ်ထားတာကို မြင်တွေ့ရပါတယ်။

နောက်ထပ်ပြောင်းလဲမှုကတော့ home နဲ့ back လုတ်တွေကြားမှာ microphone အပေါက် ထည့်သွင်းထားတာကိုလည်း မြင်တွေ့ရပြီး၊ LTE နဲ့ Wi-Fi version နှစ်မျိုး ထွက်ရှိလာမှာဖြစ်ကာ၊ LTE version မှာ 340mAh ဘက်ထရီနဲ့ Wi-Fi model မှာတော့ 237mAh ဘက်ထရီ ပါဝင်လာမယ်လို့ သိရပါတယ်။

Software ပိုင်းအနေနဲ့ One UI ကို အသုံးပြုလာဖွယ်ရှိပြီး၊ လက်ရှိ ထွက်ရှိထားတဲ့ One UI version က 1.0 ဖြစ်ကာ၊ Galaxy Watch Active 2 မှာတော့ 1.5 version အသစ်ကို အသုံးပြုလာဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

Samsung ဟာ ၎ရဲ႕ စမတ္နာရီ မ်ိဳးဆက္သစ္ျဖစ္တဲ့ Galaxy Watch 2 ကို ဆက္လက္တီထြင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ကိုရီယားနည္းပညာ ဘီလူးႀကီးရဲ႕ Galaxy Watch Active 2 လို႔ ယူဆရတဲ့ စမတ္နာရီ ပုံမ်ားဟာ SamMobile ကေနတဆင့္ ေပါက္ၾကားလာခဲ့တာ ျမင္ေတြ႕ရပါတယ္။

Samsung ရဲ႕ Galaxy Watch Active ကို ယခုႏွစ္ ေဖေဖာ္ဝါရီလက ေၾကညာခဲ့အၿပီး ေလးလအၾကာမွာ ၎ရဲ႕ မ်ိဳးဆက္သစ္ကို တီထြင္ေနတယ္လို႔ဆိုခဲ့ၿပီး၊ ယခုေပါက္ၾကားလာတဲ့ ပုံရိပ္ေတြအရ Galaxy Watch Active 2 ဟာ ယခင္ထြက္ရွိတဲ့ Galaxy Watch Active နဲ႔ ဒီဇိုင္းပိုင္းမွာ သိပ္ၿပီးကြာမယ့္ပုံ မရွိပါဘူး။

ေပါက္ၾကားလာတဲ့ ပုံရိပ္ေတြအရ အနည္းငယ္သာ ကြာျခားမႈရွိမွာျဖစ္ၿပီး၊ home နဲ႔ power ခလုတ္ဟာ လုံဝန္းသြားမွာ ျဖစ္ပါတယ္။ back ခလုတ္ကေတာ့ ေလးေထာင့္ပုံစံ ျမင္ေတြ႕ရပါတယ္။ဒါ့အျပင္ စမတ္နာရီရဲ႕ ေနာက္ဘက္ ဒီဇိုင္းဟာလည္း ေျပာင္းလဲသြားၿပီး၊ ႏွလုံးခုန္ႏႈန္း တိုင္းတာတဲ့ အာ႐ုံခံကိရိယာကို အဝိုင္းကြင္းေလးေတြ ပတ္ထားတာကို ျမင္ေတြ႕ရပါတယ္။

ေနာက္ထပ္ေျပာင္းလဲမႈကေတာ့ home နဲ႔ back လုတ္ေတြၾကားမွာ microphone အေပါက္ ထည့္သြင္းထားတာကိုလည္း ျမင္ေတြ႕ရၿပီး၊ LTE နဲ႔ Wi-Fi version ႏွစ္မ်ိဳး ထြက္ရွိလာမွာျဖစ္ကာ၊ LTE version မွာ 340mAh ဘက္ထရီနဲ႔ Wi-Fi model မွာေတာ့ 237mAh ဘက္ထရီ ပါဝင္လာမယ္လို႔ သိရပါတယ္။

Software ပိုင္းအေနနဲ႔ One UI ကို အသုံးျပဳလာဖြယ္ရွိၿပီး၊ လက္ရွိ ထြက္ရွိထားတဲ့ One UI version က 1.0 ျဖစ္ကာ၊ Galaxy Watch Active 2 မွာေတာ့ 1.5 version အသစ္ကို အသုံးျပဳလာဖြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

Damien