【 နည်းပညာ 】 Smartwatch အတွက် chip ထုတ်လုပ်မယ့် Qualcomm

【 နည်းပညာ 】 Smartwatch အတွက် chip ထုတ်လုပ်မယ့် Qualcomm

Qualcomm မှ smartwatch တွေအတွက် chipset အသစ်တွေ ထုတ်လုပ်တော့မယ်လို့ ပြောကြားလိုက်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ Wear 3100 chip နေရာမှာ Snapdragon Wear 429 သို့မဟုတ် Snapdragon Wear 2700 နဲ့ အစားထိုးသွားမှာလည်း ဖြစ်ပါတယ်။

ထုတ်လုပ်သွားမယ့် chip အသစ်မှာ 12nm process, Cortex-A53 CPU cores တို့ကို အသုံးပြုလာဖွယ်ပြီး၊ 64-bit လည်း ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။လက်ရှိအသုံးပြုနေတဲ့ Wear 3100 specs နဲ့ နှိုင်းယှဉ်ကြည့်ရာမှာ ပိုမိုမြန်ဆန်နေမှာဖြစ်ပြီး၊ 32-bit နဲ့ 64-bit ကွာခြားနေမှာပါ။

Snapdragon Wear 429 chip အသစ်ဟာ စမ်းသပ်ကြည့်ရာမှာတော့ power saving feature ပါဝင်တာကို မြင်တွေ့ရပြီး ဘက်ထရီအသုံးပြုတာကို လျှော့ချပေးနိုင်မှာပါ။ဒါ့အပြင် Snapdragon 429 mobile chip ကို အခြေခံ အသုံးပြုထားတဲ့အတွက် မြန်ဆန်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။အမြင့်ဆုံး တွက်ချက်မှုကတော့ 2-GHz အထိ တွက်ချက်ပေးနိုင်မှာဖြစ်ပြီး၊ လက်ရှိ chip ကတော့ 1.2GHz အထိသာ တွက်ချက်နိုင်တာလည်း ဖြစ်ပါတယ်။

Qualcomm ဟာ Snapdragon 215 Mobile Platform ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး တန်ဖိုးနည်းဖုန်းတွေအတွက် ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

Damien

( Zawgyi )

Qualcomm မွ smartwatch ေတြအတြက္ chipset အသစ္ေတြ ထုတ္လုပ္ေတာ့မယ္လို႔ ေျပာၾကားလိုက္ပါတယ္။

လက္ရွိအသုံးျပဳေနတဲ့ Wear 3100 chip ေနရာမွာ Snapdragon Wear 429 သို႔မဟုတ္ Snapdragon Wear 2700 နဲ႔ အစားထိုးသြားမွာလည္း ျဖစ္ပါတယ္။

ထုတ္လုပ္သြားမယ့္ chip အသစ္မွာ 12nm process, Cortex-A53 CPU cores တို႔ကို အသုံးျပဳလာဖြယ္ၿပီး၊ 64-bit လည္း ေထာက္ပံ့ေပးမယ္လို႔ သိရပါတယ္။လက္ရွိအသုံးျပဳေနတဲ့ Wear 3100 specs နဲ႔ ႏႈိင္းယွဥ္ၾကည့္ရာမွာ ပိုမိုျမန္ဆန္ေနမွာျဖစ္ၿပီး၊ 32-bit နဲ႔ 64-bit ကြာျခားေနမွာပါ။

Snapdragon Wear 429 chip အသစ္ဟာ စမ္းသပ္ၾကည့္ရာမွာေတာ့ power saving feature ပါဝင္တာကို ျမင္ေတြ႕ရၿပီး ဘက္ထရီအသုံးျပဳတာကို ေလွ်ာ့ခ်ေပးႏိုင္မွာပါ။ဒါ့အျပင္ Snapdragon 429 mobile chip ကို အေျခခံ အသုံးျပဳထားတဲ့အတြက္ ျမန္ဆန္ေနမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။အျမင့္ဆုံး တြက္ခ်က္မႈကေတာ့ 2-GHz အထိ တြက္ခ်က္ေပးႏိုင္မွာျဖစ္ၿပီး၊ လက္ရွိ chip ကေတာ့ 1.2GHz အထိသာ တြက္ခ်က္ႏိုင္တာလည္း ျဖစ္ပါတယ္။

Qualcomm ဟာ Snapdragon 215 Mobile Platform ကိုလည္း မိတ္ဆက္ေပးခဲ့ၿပီး တန္ဖိုးနည္းဖုန္းေတြအတြက္ ရည္႐ြယ္တယ္လို႔လည္း ဆိုပါတယ္။

Damien