【 နည်းပညာ 】 SpaceX မှ ၂၀၂၂ ခုနှစ်အတွင်း လွှတ်တင်မှု မစ်ရှင်အများအပြား ပြုလုပ်သွားမည်

【 နည်းပညာ 】 SpaceX မှ ၂၀၂၂ ခုနှစ်အတွင်း လွှတ်တင်မှု မစ်ရှင်အများအပြား ပြုလုပ်သွားမည်

ပုဂ္ဂလိက အာကာသ‌ကုမ္ပဏီကြီး SpaceX မှ ၂၀၂၂ ခုနှစ်တွင် ဒုံးပျံလွှတ်တင်မှု မစ်ရှင်များ အများအပြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့ ကျင်းပသော အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

SpaceX ကုမ္ပဏီအနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း လွှတ်တင်မှု မစ်ရှင် ၅၂ ခုကို ပြုလုပ်သွားရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

အကယ်၍ ၂၀၂၂ ခုနှစ်အတွင်း မစ်ရှင် ၅၂ ခုကိုသာ အောင်မြင်စွာ ‌ဆောင်ရွက်နိုင်ခဲ့ပါက SpaceX ကုမ္ပဏီအတွက် တစ်နှစ်တာအတွင်း အကြိမ်အများဆုံး လွှတ်တင်မှုအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။ယမန်နှစ်ကတော့ လွှတ်တင်မှု မစ်ရှင် ၃၁ ခုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

"NASA နဲ့ SpaceX တို့ကို ၂၀၂၂ ခုနှစ်အတွင်း ၎င်းတို့ရည်မှန်းသည့် အောင်မြင်မှုရဲ့ သားကောင်မဟုတ်ကြောင်းကို စောင့်ကြည့်ရမှာဖြစ်ပါတယ်" ဟု NASA အာကာသယာဉ်မှူးဟောင်းနဲ့ နယ်ပယ်အဖွဲ့ဝင်ဖြစ်သူ ဆန်ဒီ မဂ်နက်စ် က အစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "SpaceX အတွက် ရည်မှန်းချက်ကြီးတဲ့ ၅၂-လွှတ်တင်မှုဟာ တစ်နှစ်တာအတွင်း မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ကြီးကြီးမားမားရှိနေပါတယ်။ပြီးတော့ ဒါဟာ မယုံနိုင်စရာ အရှိန်အဟုန်ပါပဲ" လို့ မဂ်နက်စ် က ဆက်လက်ပြောပါတယ်။

SpaceX ဟာ အမေရိကန်အာကာသအေဂျင်စီ NASA ရဲ့ အဓိကမိတ်ဖက်ကုမ္ပဏီဖြစ်ပြီး၊ လူသား အာကာသပျံသန်းမှုဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိနေတာဖြစ်ပါတယ်။ NASA ရဲ့ အာကာသယာဉ်မှူးများကို အာသတွင်းသို့ ပို့ဆောင်ရန် Crew Dragon အာကာသယာဉ်များ ထောက်ပံ့ပေးထားပြီး၊ နိုင်ငံတကာအာကာသစခန်းသို့ ကုန်ပစ္စည်းများ တင်ပို့ပေးနိုင်ရန် SpaceX ကုမ္ပဏီမှ တာဝန်ယူထားတာဖြစ်ပါတယ်။‌လက်ရှိမှာတော့ NASA ရဲ့ Artemis မစ်ရှင် လူသားများကို 'လ' မျက်နှာပြင်သို့ ပို့ဆောင်ပေးရန် Starship အမည်ရတဲ့ မျိုးဆက်သစ် ဒုံးပျံစနစ်ကို တည်ဆောက်လျက်ရှိပါတယ်။

SpaceX မှာ အဓိကမိတ်‌ဖက် NASA အပြင် ပြင်ပဖောက်သည်များလည်းရှိနေပြီး၊ အခြားသောကုမ္ပဏီများ၊ နိုင်ငံတကာဖောက်သည်များနဲ့ ကာကွယ်ရေးဌာနများအတွက် ဂြိုဟ်တုများကို အခါအားလျော်စွာ လွှတ်တင်လေ့လည်းရှိပါတယ်။

SpaceX ကုမ္ပဏီအနေနဲ့ ကမ္ဘာတစ်ဝန်း အင်တာနက်အသုံးပြုနိုင်စေရန် ထောင်ပေါင်းများစွာသော အာကာသယာဉ်များကို ကမ္ဘာမြေနိမ့်မှ အလယ်လတ်ပတ်လမ်းသို့ လွှင်တင်ရန် Starlink အမည်ရ ဂြိုဟ်တုကြီးကို တည်ဆောက်လျက်လည်းရှိနေပါသေးတယ်။

Damien
Ref - The Verge
ဖေဖော်ဝါရီ - ၂