【 နည်းပညာ 】 Starlink terminals များကို ယူကရိန်းသို့ SpaceX ထပ်မံပို့ဆောင်

【 နည်းပညာ 】 Starlink terminals များကို ယူကရိန်းသို့ SpaceX ထပ်မံပို့ဆောင်

ယူကရိန်းနိုင်ငံ မြို့ကြီးများအတွင်း အင်တာနက်အသုံးပြုနိုင်ရန် Starlink terminals များ SpaceX မှ ပိုမိုပို့ဆောင်ပေးနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမြာ ဇီလန်စကီး က ပြောကြားပါတယ်။

"အီလွန် မက်စ်နဲ့ စကားပြောခဲ့ပါတယ်။ယူကရိန်းကို စကားလုံးနဲ့ လုပ်ရပ်တွေ ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ဇီလန်စကီး က စနေနေ့ မွန်းလွဲပိုင်းမှာ တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ပါတယ်။

"နောက်တစ်ပတ်မှာ ပျက်စီးသွားတဲ့ မြို့တွေအတွက် Starlink အင်တာနက်စနစ်တွေကို ကျနော်တို့ လက်ခံရရှိမှာပါ" လို့ ဇီလန်စကီး က ဆိုပါတယ်။

ယူကရိန်း ဒုတိယဝန်ကြီးချုပ် Mykhailo Fedorov ရဲ့ တွစ်တာပေါ်မှ ယူကရိန်းနိုင်ငံအတွက် အကူအညီတောင်းမှုအရ SpaceX မှ ၎င်းရဲ့ ဂြိုဟ်တုစလောင်းများကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပေးပို့ခဲ့ပါတယ်။ဖေ‌ဖော်ဝါရီ ၂၈ ရက်နေ့မှာတော့ ယူကရိန်းနိုင်ငံသို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အီလွန် မက်စ်ကတော့ စစ်ဘေးသင့်ဒေသမှ ယူကရိန်းနိုင်ငံသားများအနေနဲ့ ဝန်ဆောင်မှုကို အသုံးပြုရာတွင် သတိထားကြရန် အသိပေးခဲ့ပါတယ်။ University of Toronto's Citizen Lab မှ သုတေသီ John Scott-Railton မှ ရုရှားဟာ လေကြောင်းတိုက်ခိုက်မှုဖြင့် uplink ထုတ်လွှင့်မှုများကို ပစ်မှတ်ထားလေ့ရှိကြောင်း ထောက်ပြပြီးနောက် အီလွန် မက်စ်ဘက်က သတိပေးခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုဟာ ယူကရိန်းရဲ့ အင်တာနက် အခြေခံအ‌ဆောက်အအုံကို စမ်းသပ်ခဲ့ပါတယ်။ ကိဗ်နဲ့ Mariupol ကဲ့သို့ ယူကရိန်းမြို့ကြီးများတွင် ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် နိုင်ငံရဲ့ ကျောရိုးအင်တာနက် GigaTrans ကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့အစည်း NetBlocks မှ ထုတ်ပြန်မှုအရ ယူကရိန်းနိုင်ငံအတွင်း ချိတ်ဆက်မှုအများအပြား ကျဆင်းသွားတာကို တွေ့ရှိခဲ့ပါတယ်။

Damien
Ref - engadget
မတ် - ၇