【 နည်းပညာ 】 Starship အာကာသယာဉ်ကို SpaceX မှ ထုတ်ဖော်ပြသ

【 နည်းပညာ 】 Starship အာကာသယာဉ်ကို SpaceX မှ ထုတ်ဖော်ပြသ

SpaceX ရဲ့ CEO အီလွန်မက်စ် မှ ထုတ်ဖော်ပြသမှုတစ်ခုကို တက္ကဆက်ရှိ Boca Chica မှာ စနေနေ့က ပြုလုပ်ခဲ့ပါတယ်။

ထုတ်ဖော်ပြသလိုက်တဲ့ အရာကတော့ SpaceX ကုမ္ပဏီရဲ့ တိုးတက်ပြောင်းလဲလာခဲ့တဲ့ Starship အမည်ရ မျိုးဆက်သစ် rocket ကို ထုတ်ဖော်ပြသလိုက်တာပါ။

အဆိုပါ Starship rocket ဟာ ခရီးသည်ပေါင်း တစ်ရာနီးပါးကို တင်ဆောင်ပြီး လနဲ့ မားစ်ဂြိုလ်တွေကို ပို့ဆောင်ပေးသွားနိုင်မယ်လို့ သိရပါတယ်။

Starship rocket ကို နောက်ထပ်ခြောက်လလောက်မှာ စမ်းသပ်လွှတ်တင်မှာဖြစ်ပြီး၊ ပထမဆုံး ခရီးသည်ပို့ဆောင်မှုကိုတော့ လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာ ပြုလုပ်သွားဖွယ် ရှိပါတယ်။

Boca Chica မှာ ပြသလိုက်တဲ့ စမ်းသပ် rocket ဟာ ၁၆၅ ပေ (မီတာ ၅၀) ရှည်လျားပြီး၊ SpaceX ရဲ့ Raptor engines သုံးလုံးကို အောက်ခြေမှာ တပ်ဆင်ပေးထားတာပါ။အဆိုပါ rocket ကို လနှင့် မားစ်ဂြိုလ်တို့ပေါ် လူတွေ သွားရောက်လည်ပတ်နိုင်ရန်အတွက် ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် rocket စမ်းသပ်မှုတွေကို လာမယ့် တစ်လ၊ နှစ်လအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ Starship rocket စမ်းသပ်ပုံစံသာ ရှိနေသေးပြီး အဆင့်မြှင့်တင်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ၊ လာမယ့် ၂၀၂၀ ခုနှစ်မှာ အာကာသထဲ လူသားတွေကို လည်ပတ်စေချင်တဲ့ အီလွန်မက်စ် ရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည် ပေါ်လာမလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

SpaceX ရဲ႕ CEO အီလြန္မက္စ္ မွ ထုတ္ေဖာ္ျပသမႈတစ္ခုကို တကၠဆက္ရွိ Boca Chica မွာ စေနေန႔က ျပဳလုပ္ခဲ့ပါတယ္။

ထုတ္ေဖာ္ျပသလိုက္တဲ့ အရာကေတာ့ SpaceX ကုမၸဏီရဲ႕ တိုးတက္ေျပာင္းလဲလာခဲ့တဲ့ Starship အမည္ရ မ်ိဳးဆက္သစ္ rocket ကို ထုတ္ေဖာ္ျပသလိုက္တာပါ။

အဆိုပါ Starship rocket ဟာ ခရီးသည္ေပါင္း တစ္ရာနီးပါးကို တင္ေဆာင္ၿပီး လနဲ႔ မားစ္ၿဂိဳလ္ေတြကို ပို႔ေဆာင္ေပးသြားႏိုင္မယ္လို႔ သိရပါတယ္။

Starship rocket ကို ေနာက္ထပ္ေျခာက္လေလာက္မွာ စမ္းသပ္လႊတ္တင္မွာျဖစ္ၿပီး၊ ပထမဆုံး ခရီးသည္ပို႔ေဆာင္မႈကိုေတာ့ လာမယ့္ ၂၀၂၀ ခုႏွစ္အတြင္းမွာ ျပဳလုပ္သြားဖြယ္ ရွိပါတယ္။

Boca Chica မွာ ျပသလိုက္တဲ့ စမ္းသပ္ rocket ဟာ ၁၆၅ ေပ (မီတာ ၅၀) ရွည္လ်ားၿပီး၊ SpaceX ရဲ႕ Raptor engines သုံးလုံးကို ေအာက္ေျခမွာ တပ္ဆင္ေပးထားတာပါ။အဆိုပါ rocket ကို လႏွင့္ မားစ္ၿဂိဳလ္တို႔ေပၚ လူေတြ သြားေရာက္လည္ပတ္ႏိုင္ရန္အတြက္ ရည္႐ြယ္ထားတာလည္း ျဖစ္ပါတယ္။ဒါ့အျပင္ rocket စမ္းသပ္မႈေတြကို လာမယ့္ တစ္လ၊ ႏွစ္လအတြင္းမွာ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ေလာေလာဆယ္ေတာ့ Starship rocket စမ္းသပ္ပုံစံသာ ရွိေနေသးၿပီး အဆင့္ျမႇင့္တင္မႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာပါ၊ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ အာကာသထဲ လူသားေတြကို လည္ပတ္ေစခ်င္တဲ့ အီလြန္မက္စ္ ရဲ႕ စိတ္ကူးအိပ္မက္ေတြ အေကာင္အထည္ ေပၚလာမလား ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Damien