【 နည်းပညာ 】 TikTok တွင် အရည်အသွေးမြင့် ဗီဒီယိုများ ရိုက်ကူးနိုင်တော့မည်

【 နည်းပညာ 】 TikTok တွင် အရည်အသွေးမြင့် ဗီဒီယိုများ ရိုက်ကူးနိုင်တော့မည်

ကမ္ဘာကျော် ဖျော်ဖြေရေးဗီဒီယိုများ ရိုက်ကူးတင်ဆက်နိုင်သော ဆော့ဖ်ဝဲလ်ဖြစ်တဲ့ TikTok မှ ၎င်းရဲ့ ဆော့ဖ်ဝဲလ်သစ်အတွင်း အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ထားကြောင်း ကြေညာခဲ့ပါတယ်။

အဓိကအဆင့်မြှင့်တင်မှုကဝောာ့ TikTok ဆော့ဖ်ဝဲလ်တွင် ဗီဒီယိုရိုက်ကူးပြီးနောက် အဆိုပါဗီဒီယိုကို အရည်အသွေးမြင့် ကြည်လင်ပြတ်သားတဲ့ ဗီဒီယိုအဖြစ် မျှဝေနိုင်ခြင်းဖြစ်ပါတယ်။

နိုင်ငံအချို့တွင် 1080p resolution အရည်အသွေးရှိ ဗီဒီယိုများကို ရိုက်ကူးမျှဝေနိုင်ပြီဖြစ်ကြောင်း TikTok မှ ကြေညာခဲ့ပါတယ်။ TikTok တွင် ဗီဒီယိုရိုက်ကူးပြီးနောက် အရည်အသွေးမြင့် 1080p resolution ဗီဒီယိုအဖြစ် မျှဝေလိုတယ်ဆိုရင်တော့ More Options ကို ဝင်ရောက်ပြီး၊ Upload HD ကို နှိပ်ကာ 1080p အရည်အသွေးကို ရွေးချယ်ပြီး မျှဝေနိုင်တယ်လို့ TikTok က ဆိုပါတယ်။

Visual Enhancement လုပ်ဆောင်ချက်အသစ်ကလည်း ဗီဒီယိုများရဲ့ ရုပ်ထွက်အရည်‌အသွေးကို တစ်ချက်နှိပ်လိုက်ရုံနဲ့ မြှင့်တင်ပေးမှာဖြစ်ပါတယ်။ဒါ့အပြင် အသစ်ရိုက်ကူးသော‌ဗီဒီယို (သို့မဟုတ်) မျှဝေပြီးသော ဗီဒီယိုများကို အရောင်ပြင်ဆင်မှု၊ အလင်းအားနည်းခြင်းမြှင့်တင်မှုများနဲ့ အခြေခံအပြောင်းအလဲများကို လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

Voice Effects လုပ်ဆောင်ချက်ကတော့ ဗီဒီယိုများတွင် အသံလုပ်ဆောင်မှုများကို ထည့်သွင်းနိုင်မှာဖြစ်ပြီး၊ တိရီစ္ဆာန် (သို့မဟုတ်) ဂီတတူရိယာသံများကို ဗီဒီယိုများမှာ ပေါင်းစပ်နိုင်မှာဖြစ်ပါတယ်။

ယခုအဆင့်မြှင့်တင်မှုတွင် TikTok ဘက်က လှုပ်ရှားဓာတ်ပုံများကို ဗီဒီယိုများနှင့် ပေါင်းစပ်ရန်
Green Screen Effect လုပ်ဆောင်ချက်ကိုလည်း အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။အဆိုပါလုပ်ဆောင်ချက်နဲ့ TikTok ရဲ့ မိတ်ဖက် GIPHY မှ လှုပ်ရှားဓာတ်ပုံများကို အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

Damien
ဒီဇင်ဘာ - ၁၇