【 နည်းပညာ 】 UFO ကို လေယာဉ်မောင်းနှင်နေစဉ် တွေ့မြင်ခဲ့ရဟု JetBlue လေယာဉ်မှူးဆို

【 နည်းပညာ 】 UFO ကို လေယာဉ်မောင်းနှင်နေစဉ် တွေ့မြင်ခဲ့ရဟု JetBlue လေယာဉ်မှူးဆို

လေယာဉ်မှူးခန်းအတွင်းမှ ရိုက်ကူးထားသည်ဟု ယူဆရတဲ့ ဗီဒီယိုတစ်ခုမှာတော့ အဖြူရောင်အစက်လေး ပျံဝဲနေတာကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါဗီဒီယိုကို လွန်ခဲ့သော သီတင်းပတ်က လေယာဉ်မှူးတစ်ဦးက ရိုက်ကူးထားခြင်းဖြစ်ပြီး Reddit လူမှုကွန်ရက်မှာ ဗီဒီယိုတင်ခဲ့ရာမှ ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း The Daily Star က ဖော်ပြခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ အဝေးမှ အ‌ဖြူရောင်အလင်းစက်လေးဟာ ပျံဝဲနေပြီး ‌တိမ်တွေကြား ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါအလင်းစက်လေးကို မြင်တွေ့ခဲ့ပြီး ဗီဒီယိုရိုက်ကူးနိုင်ခဲ့တဲ့ လေယာဉ်မှူးကတော့ "လေကြောင်းထိန်းချုပ်မှုအတွက် ရေဒါမှာ အချက်ပြသခဲ့ခြင်းမရှိသလို၊ Traffic Collision Avoidance System တွင်လည်း ပြသခြင်းမရှိခဲ့ဘူး" ဟု ပြောကြားခဲ့ပါတယ်။ဒါ့အပြင် လေယာဉ်မှူးမှ အလင်းစက်ကို တွေ့ရှိချိန်ဟာ 4:20PM EST ဖြစ်ပြီး၊ တက္တဆက်ရဲ့ ကောင်းကင်ယံ အမြင့်ပေ ၃၇,၀၀၀ မှာ မြင်တွေ့ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

"ပျောက်သွားပြီး ငါးမိနစ်လောက်ကြာတော့ ပြန်ပေါ်လာတယ်၊ တကယ်မြင်တွေ့ခဲ့ရတာက ဗီဒီယိုပြသထားတာထက် အံ့မခန်းပါပဲ၊ ကျနော်တို့ တကယ်အံ့အားသင့်ခဲ့ရတယ်" လို့ လေယာဉ်မှူးက ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်မှလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အာကာသယာဉ်နဲ့ ထူးဆန်းတဲ့ UFO ထိတွေ့မှုများကို စစ်ဆေးရန် UFO ရုံးသစ် ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးထားပြီးလည်းဖြစ်ပါတယ်။

X-Files ပုံစံယူနစ်က UFO များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မှာဖြစ်ပြီး၊ UFO ကြောင့် ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကို စစ်ဆေးရန်နဲ့ ၎င်းတို့ကို မြင်တွေနိုင်ရန် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလတုန်းကလည်း The Sun သတင်းဌာနမှ လေယာဉ်မှူးခန်းအတွင်းမှ ရိုက်ကူးထားတဲ့ UFO ၁၂ စင်း ပျံသန်းနေတဲ့ ဗီဒီယိုကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

အဆိုပါဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ လေယာဉ်မှူးကတော့ ပစိဖိတ်သမုဒ္ဒရာအထက်က တိမ်တိုက်တွေအကြား ပျောက်ကွယ်သွားခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မီးရောင်တွေကို အံ့အားသင့်စွာ ရိုက်ကူးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Damien
ဇန်နဝါရီ - ၂၁