【 နည်းပညာ 】 US မှာ ဈေးနှုန်းတွေ တိုးမြှင့်လိုက်တဲ့ Netflix

【 နည်းပညာ 】 US မှာ ဈေးနှုန်းတွေ တိုးမြှင့်လိုက်တဲ့ Netflix

Disney Plus နဲ့ HBO Max တို့လို ပြိုင်ဘက်များရဲ့ ဖိအားများတိုးလာနေသည့်တိုင် Netflix အနေနဲ့ အမေရိကန်ရဲ့ ဗီဒီယိုထုတ်လွှင့်မှုဈေးကွက်မှာ အသာစီးရယူထားနိုင်ဆဲပါတယ်။

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူသားများဟာ ပျှမ်းမျှအားဖြင့် အွန်လိုင်းဖျော်ဖြေရေးများကို သိသိသာသာတိုးမြှင့်အသုံးပြုလာကြပြီး Netflix, Disney Plus နဲ့ HBO Max တို့လို ဗီဒီယိုများထုတ်လွှင့်တဲ့ ကုမ္ပဏီကြီးတွေဟာလည်း ကြည့်ရှုနှုန်းတွေ တိုးလာနေတာဖြစ်ပါတယ်။

Netflix အနေနဲ့ အမေရိကန်နိုင်ငံတွင်း စာရင်းသွင်းသူများအတွက် ဈေးနှုန်းများကို တိုးမြှင့်သွားမယ်လို့ သတင်းဖော်ပြမှုများအရ သိရပါတယ်။ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ပြီး တိုးမြှင့်လိုက်တဲ့ နှုန်းထားများအရ အမေရိကန်နိုင်ငံတွင်း Netflix ကြည့်ရှုသူအသစ်များအတွက် အခြေခံအစီအစဉ်ကို (၈.၉၉ ဒေါ်လာကနေ ၉.၉၉ ဒေါ်လာ)၊ HD အစီအစဉ်ကတော့ (၁၃.၉၉ ဒေါ်လာကနေ ၁၅.၄၉ ဒေါ်လာ) နဲ့ အမြင့်ဆုံးအဆင့် 4K အစီအစဉ်ကိုတော့ (၁၇.၉၉ ဒေါ်လာမှ ၁၉.၉၉ ဒေါ်လာ) များသို့ ဈေးနှုန်းတိုးမြှင့်လိုက်တာဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိ ကြည့်ရှုစာရင်းသွင်းထားသူများဟာလည်း ဈေးနှုန်းတိုးမြှင့်ခြင်းကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ Netflix ဘက်ကတော့ ဈေးနှုန်းမြင့်တက်ခြင်းကို ရက်ပေါင်း ၃၀ ကြိုတင်ပြီး အီမေးလ်ပေးပို့ အကြောင်းကြားမယ်ဟု ဆိုထားပါတယ်။

ယခု Netflix ရဲ့ ဈေးနှုန်းတိုးမြှင့်ခြင်းဟာ ပထမဆုံးအကြိမ်တော့မဟုတ်ဘဲ ၂၀၂၀ ခုနှစ်တွင်လည်း အစီအစဉ်များဟာ ဈေးနှုန်းမြင့်တက်ခြင်းမျိုး ရှိခဲ့ပါသေးတယ်။

Damien
ဇန်နဝါရီ - ၁၇