【 နည်းပညာ 】 Xiaomi, Oppo နဲ့ Vivo တို့ကြား ဒေတာတွေ ရွှေ့ပြောင်းနိုင်တော့မယ်လို့ ကြေညာ

【 နည်းပညာ 】 Xiaomi, Oppo နဲ့ Vivo တို့ကြား ဒေတာတွေ  ရွှေ့ပြောင်းနိုင်တော့မယ်လို့ ကြေညာ

တရုတ် စမတ်ဖုန်းကုမ္ပဏီကြီး သုံးခုကတော့ အတူတကွ ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။

Xiaomi, Oppo နဲ့ Vivo တို့ဟာ ၎င်းတို့အချင်းချင်း ကြိုးမဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ဖိုင်တွေကို ရွှေ့ပြောင်းနိုင်မယ့် protocol တစ်ခုကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

Xiaomi ရဲ့ MIUI, Oppo ရဲ့ ColorOS နဲ့ Vivo ရဲ့ FuntouchOS တို့ဟာ Google ရဲ့ Android OS ပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အတွက် အမှတ်တံဆိပ်တွေ မတူညီပေမယ့်လည်း ဓာတ်ပုံတွေ ဗီဒီယိုတွေ ဖိုင်တွေကို ရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်။၎င်းတို့ ကုမ္ပဏီသုံးခု အတူတကွ ပူးပေါင်းလုပ်ဆောင်မယ့် သတင်းကတော့ Xiaomi ရဲ့ တရားဝင်အကောင့်မှ WeChat မှာ post တင်ခဲ့ရာမှ ပေါက်ကြားလာတာ ဖြစ်ပါတယ်။အဆိုပါ ကြိုးမဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ဖိုင်တွေကို ရွှေ့ပြောင်းနိုင်မယ့် protocol ဟာ စမတ်ဖုန်းမှာပါဝင်တဲ့ Bluetooth ကို အသုံးပြုကာ ချိတ်ဆက်သွားမှာဖြစ်ပြီး၊ ရွှေ့ပြောင်းနိုင်တဲ့ မြန်နှုန်းကတော့ 20MB/s ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် Wi-Fi နဲ့လည်း ချိတ်ဆက်နိုင်မှာဖြစ်ပြီး Apple ရဲ့ AirDrop နဲ့ ဆင်တူတယ်လို့လည်း သိရပါတယ်။

 

Xiaomi ရဲ့ post အရတော့ ၎င်းတို့ ကုမ္ပဏီသုံးခု ပူးပေါင်းသွားမှာဖြစ်ပြီး၊ စမ်းသပ် version ကိုတော့ သြဂုတ်လကုန်မှာ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Xiaomi, Oppo နဲ့ Vivo တို့ ပေါင်းစပ်မှုကြောင့် သုံးစွဲသူတွေဟာ ဓာတ်ပုံတွေ ဗီဒီယိုတွေ အချက်အလက်တွေကို အဆင်ပြေပြေ လွယ်ကူလျင်မြန်စွာ မျှဝေအသုံးပြုနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

တ႐ုတ္ စမတ္ဖုန္းကုမၸဏီႀကီး သုံးခုကေတာ့ အတူတကြ ပူးေပါင္းလိုက္ၿပီ ျဖစ္ပါတယ္။

Xiaomi, Oppo နဲ႔ Vivo တို႔ဟာ ၎တို႔အခ်င္းခ်င္း ႀကိဳးမဲ့ ဓာတ္ပုံေတြ ဗီဒီယိုေတြ ဖိုင္ေတြကို ေ႐ႊ႕ေျပာင္းႏိုင္မယ့္ protocol တစ္ခုကို ေၾကညာလိုက္တာ ျဖစ္ပါတယ္။

Xiaomi ရဲ႕ MIUI, Oppo ရဲ႕ ColorOS နဲ႔ Vivo ရဲ႕ FuntouchOS တို႔ဟာ Google ရဲ႕ Android OS ေပၚမွာ အေျခခံထားတာ ျဖစ္တဲ့အတြက္ အမွတ္တံဆိပ္ေတြ မတူညီေပမယ့္လည္း ဓာတ္ပုံေတြ ဗီဒီယိုေတြ ဖိုင္ေတြကို ေ႐ႊ႕ေျပာင္းႏိုင္မွာ ျဖစ္ပါတယ္။၎တို႔ ကုမၸဏီသုံးခု အတူတကြ ပူးေပါင္းလုပ္ေဆာင္မယ့္ သတင္းကေတာ့ Xiaomi ရဲ႕ တရားဝင္အေကာင့္မွ WeChat မွာ post တင္ခဲ့ရာမွ ေပါက္ၾကားလာတာ ျဖစ္ပါတယ္။အဆိုပါ ႀကိဳးမဲ့ ဓာတ္ပုံေတြ ဗီဒီယိုေတြ ဖိုင္ေတြကို ေ႐ႊ႕ေျပာင္းႏိုင္မယ့္ protocol ဟာ စမတ္ဖုန္းမွာပါဝင္တဲ့ Bluetooth ကို အသုံးျပဳကာ ခ်ိတ္ဆက္သြားမွာျဖစ္ၿပီး၊ ေ႐ႊ႕ေျပာင္းႏိုင္တဲ့ ျမန္ႏႈန္းကေတာ့ 20MB/s ျဖစ္တယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ Wi-Fi နဲ႔လည္း ခ်ိတ္ဆက္ႏိုင္မွာျဖစ္ၿပီး Apple ရဲ႕ AirDrop နဲ႔ ဆင္တူတယ္လို႔လည္း သိရပါတယ္။

Xiaomi ရဲ႕ post အရေတာ့ ၎တို႔ ကုမၸဏီသုံးခု ပူးေပါင္းသြားမွာျဖစ္ၿပီး၊ စမ္းသပ္ version ကိုေတာ့ ၾသဂုတ္လကုန္မွာ ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။

Xiaomi, Oppo နဲ႔ Vivo တို႔ ေပါင္းစပ္မႈေၾကာင့္ သုံးစြဲသူေတြဟာ ဓာတ္ပုံေတြ ဗီဒီယိုေတြ အခ်က္အလက္ေတြကို အဆင္ေျပေျပ လြယ္ကူလ်င္ျမန္စြာ မွ်ေဝအသုံးျပဳႏိုင္ေတာ့မွာလည္း ျဖစ္ပါတယ္။

Damien