【 နည်းပညာ 】 ZTE ရဲ့ အလန်းစား စမတ်ဖုန်း Nubia Z20

【 နည်းပညာ 】 ZTE ရဲ့ အလန်းစား စမတ်ဖုန်း Nubia Z20

တရုတ် နည်းပညာကုမ္ပဏီကြီး ZTE ရဲ့ sub-brand ဖြစ်တဲ့ Nubia စမတ်ဖုန်းတွေဟာ အခြားစမတ်ဖုန်းတွေနဲ့ မတူညီတဲ့ နည်းပညာနဲ့ ဒီဇိုင်းတွေကြောင့် လူသိများပါတယ်။

ယခုလည်း Nubia မှ Z20 လို့ အမည်ပေးထားတဲ့ မျက်နှာပြင်နှစ်ဖက် ပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ selfie ကင်မရာအတွက်ကို Notch, Punch-hole, Sliding ကင်မရာ, Pop-up ကင်မရာတို့နဲ့ အသွင်အမျိုးမျိုး စမ်းသပ်ခဲ့ကြတာကို အားလုံးတွေ့မြင်ပြီး ဖြစ်မှာပါ။ဒါပေမယ့် Nubia ရဲ့ ဖြေရှင်းနည်းကတော့ ထူးဆန်းပါတယ်။ရှေ့ဘက် selfie ကင်မရာ မထည့်သွင်းပေးပဲ နောက်ဘက် ကင်မရာနဲ့ပဲ selfie ရိုက်လို့ရအောင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ဖုန်းရဲ့ နောက်ကျောဘက်မှာ မျက်နှာပြင် အသေးတစ်ခုကို ထည့်သွင်းပေးထားပြီး၊ အဆိုပါ ဒီဇိုင်းပုံစံကို ယခင်ထွက်ရှိခဲ့တဲ့ Nubia X မှာလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Nubia Z20 ရဲ့ specs ကတော့ 6.42-inch, 1080x2340 pixels resolution ရှိတဲ့ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ နောက်ကျောဘက်က မျက်နှာပြင်ကတော့ 5.1-inch ဖြစ်ပါတယ်။နောက်ဆုံးပေါ် Snapdragon 855+ ကို တပ်ဆင်မောင်းနှင်ပေးထားပြီး၊ RAM နဲ့ သိမ်းဆည်းနိုင်မှု ပမာဏကတော့ 6/8 GB နဲ့ 128/512 GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ကင်မရာကတော့ 48MP အဓိက ကင်မရာ၊ 8MP နဲ့ 16MP ဆိုပြီး သုံးလုံးတွဲ တပ်ဆင်ပေးထားပါတယ်။ထူးခြားတာ နောက်တစ်ခုကတော့ လက်ဗွေတပ်ဆင်ပေးထားပုံပါ ဖုန်းရဲ့ ဘေးနှစ်ဖက်မှာ ထည့်သွင်းပေးထားတာဖြစ်ပြီး၊ အဓိကမျက်နှာပြင်နဲ့ ဒုတိယ မျက်နှာပြင်ကို အဆင်ပြေစွာ ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ဘက်ထရီကတော့ 4,000 mAh ဖြစ်ပြီး၊ 27W မြန်နှုန်းမြှင့် အားသွင်းစနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Nubia Z20 ရဲ့ ဈေးနှုန်းကတော့ မြန်မာငွေ ၇သိန်းကျော်ကနေ ၉သိန်းခန့်အထိ ကျသင့်မှာဖြစ်ပြီး၊ ဆန်းသစ်တဲ့ မျက်နှာပြင်နှစ်ဖက် နည်းပညာနဲ့ ရွေးချယ်သင့်တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်ပါတယ်။

Damien

( Zawgyi )

တ႐ုတ္ နည္းပညာကုမၸဏီႀကီး ZTE ရဲ႕ sub-brand ျဖစ္တဲ့ Nubia စမတ္ဖုန္းေတြဟာ အျခားစမတ္ဖုန္းေတြနဲ႔ မတူညီတဲ့ နည္းပညာနဲ႔ ဒီဇိုင္းေတြေၾကာင့္ လူသိမ်ားပါတယ္။

ယခုလည္း Nubia မွ Z20 လို႔ အမည္ေပးထားတဲ့ မ်က္ႏွာျပင္ႏွစ္ဖက္ ပါဝင္တဲ့ စမတ္ဖုန္းကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

စမတ္ဖုန္းကုမၸဏီႀကီးေတြဟာ selfie ကင္မရာအတြက္ကို Notch, Punch-hole, Sliding ကင္မရာ, Pop-up ကင္မရာတို႔နဲ႔ အသြင္အမ်ိဳးမ်ိဳး စမ္းသပ္ခဲ့ၾကတာကို အားလုံးေတြ႕ျမင္ၿပီး ျဖစ္မွာပါ။ဒါေပမယ့္ Nubia ရဲ႕ ေျဖရွင္းနည္းကေတာ့ ထူးဆန္းပါတယ္။ေရွ႕ဘက္ selfie ကင္မရာ မထည့္သြင္းေပးပဲ ေနာက္ဘက္ ကင္မရာနဲ႔ပဲ selfie ႐ိုက္လို႔ရေအာင္ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာ မ်က္ႏွာျပင္ အေသးတစ္ခုကို ထည့္သြင္းေပးထားၿပီး၊ အဆိုပါ ဒီဇိုင္းပုံစံကို ယခင္ထြက္ရွိခဲ့တဲ့ Nubia X မွာလည္း ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

Nubia Z20 ရဲ႕ specs ကေတာ့ 6.42-inch, 1080x2340 pixels resolution ရွိတဲ့ AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ ေနာက္ေက်ာဘက္က မ်က္ႏွာျပင္ကေတာ့ 5.1-inch ျဖစ္ပါတယ္။ေနာက္ဆုံးေပၚ Snapdragon 855+ ကို တပ္ဆင္ေမာင္းႏွင္ေပးထားၿပီး၊ RAM နဲ႔ သိမ္းဆည္းႏိုင္မႈ ပမာဏကေတာ့ 6/8 GB နဲ႔ 128/512 GB ဆိုၿပီး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ကင္မရာကေတာ့ 48MP အဓိက ကင္မရာ၊ 8MP နဲ႔ 16MP ဆိုၿပီး သုံးလုံးတြဲ တပ္ဆင္ေပးထားပါတယ္။ထူးျခားတာ ေနာက္တစ္ခုကေတာ့ လက္ေဗြတပ္ဆင္ေပးထားပုံပါ ဖုန္းရဲ႕ ေဘးႏွစ္ဖက္မွာ ထည့္သြင္းေပးထားတာျဖစ္ၿပီး၊ အဓိကမ်က္ႏွာျပင္နဲ႔ ဒုတိယ မ်က္ႏွာျပင္ကို အဆင္ေျပစြာ ေျပာင္းလဲအသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ဘက္ထရီကေတာ့ 4,000 mAh ျဖစ္ၿပီး၊ 27W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္လည္း ပါဝင္မွာ ျဖစ္ပါတယ္။

Nubia Z20 ရဲ႕ ေဈးႏႈန္းကေတာ့ ျမန္မာေငြ ၇သိန္းေက်ာ္ကေန ၉သိန္းခန႔္အထိ က်သင့္မွာျဖစ္ၿပီး၊ ဆန္းသစ္တဲ့ မ်က္ႏွာျပင္ႏွစ္ဖက္ နည္းပညာနဲ႔ ေ႐ြးခ်ယ္သင့္တဲ့ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းျဖစ္ပါတယ္။

Damien