【 နည်းပညာ 】Covid-19 နဲ့ ပတ်သက်ပြီး ဆော့ဖဲဝဲလ်တစ်ခု ထုတ်ပေးသွားတော့မယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး

【  နည်းပညာ  】Covid-19 နဲ့ ပတ်သက်ပြီး ဆော့ဖဲဝဲလ်တစ်ခု ထုတ်ပေးသွားတော့မယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး

Covid-19 ကူးစက်ရောဂါရဲ့ ပျံ့နှံ့မှုကတော့ လက်ရှိအချိန်မှာ အရှိန်အဟုန်မြင့်မားနေဆဲဖြစ်ပြီး အီတလီ၊ စပိန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ကူးစက်မှုနှုန်းက လျော့ပါးလာခြင်းမရှိသေးပဲ မြင့်မား နေဆဲ ဖြစ်တာကို မြင်တွေ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO မှ အဆိုပါ Covid-19 ကူးစက်ရောဂါကို ကမ္ဘာ့ကပ် ရောဂါ အဖြစ် ကြေညာခဲ့ပြီးနောက်မှာ အ‌ဆိုပါကူးစက်ရောဂါပျံ့နှံ့မှုကို နှောင့်နှေးစေရန်အတွက် ကျန်းမာရေးအထောက်အကူ ဆော့ဖ်ဝဲလ်တစ်ခုကို ထုတ်ပေးသွား‌မယ်လို့ ဆိုထားပါတယ်။

MyHealth အမည်ရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျန်းမာရေးအထောက်အကူပြု ဆော့ဖ်ဝဲလ်ကို ယနေ့မှာပဲ ထုတ်ပေးသွားမှာပါ။ IOS နဲ့ Android OS နှစ်မျိုးလုံးအတွက် ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး လျင်မြန်လွယ်ကူစွာ အသုံးပြုနိုင်အောင် ဒီဇိုင်းဆွဲထားတယ်လို့ သိရပါတယ်။ အဆိုပါ ဆော့ဖ်ဝဲလ်ကနေ Covid-19 ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်‌တွေ၊ သတိပေးချက် တွေနဲ့ Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုအတွင်း ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာကို ပြသပေး သွားမယ်လို့ ဆိုပါတယ်။ MyHealth ဆော့ဖ်ဝဲလ်ကို Google နဲ့ Microsoft တို့လို့ နည်းပညာ ကုမ္ပဏီကြီးတွေက ဝန်ထမ်းဟောင်းတွေန၊ WHO မှ အကြံပေးပုဂ္ဂိုလ်နဲ့ အခြားသော ပညာရှင် တွေ အတူတကွပူးပေါင်းထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ MyHealth ဆော့ဖ်ဝဲလ်ဟာ စတင်ထွက်ရှိလာချိန်မှာ လိုအပ်ချက်တွေတော့ ရှိနေသေးမှာဖြစ်ပြီး သိပ်မကြာခင်မှာတော့ နည်းပညာသစ်တွေ ထပ်မံ ပေါင်းထည့်ပေးသွားမယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )

 Covid-19 ကူးစက္ေရာဂါရဲ႕ ပ်ံ႕ႏွံ႔မႈကေတာ့ လက္ရွိအခ်ိန္မွာ အရွိန္အဟုန္ျမင့္မားေနဆဲျဖစ္ၿပီး အီတလီ၊ စပိန္နဲ႔ အေမရိကန္ႏိုင္ငံေတြမွာ ကူးစက္မႈႏႈန္းက ေလ်ာ့ပါးလာျခင္းမရွိေသးပဲ ျမင့္မား ေနဆဲ ျဖစ္တာကို ျမင္ေတြ႕ရပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးျဖစ္တဲ့ WHO မွ အဆိုပါ Covid-19 ကူးစက္ေရာဂါကို ကမာၻ႔ကပ္ ေရာဂါ အျဖစ္ ေၾကညာခဲ့ၿပီးေနာက္မွာ အ‌ဆိုပါကူးစက္ေရာဂါပ်ံ႕ႏွံ႔မႈကို ေႏွာင့္ေႏွးေစရန္အတြက္ က်န္းမာေရးအေထာက္အကူ ေဆာ့ဖ္ဝဲလ္တစ္ခုကို ထုတ္ေပးသြား‌မယ္လို႔ ဆိုထားပါတယ္။

MyHealth အမည္ရ ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ က်န္းမာေရးအေထာက္အကူျပဳ ေဆာ့ဖ္ဝဲလ္ကို ယေန႔မွာပဲ ထုတ္ေပးသြားမွာပါ။ IOS နဲ႔ Android OS ႏွစ္မ်ိဳးလုံးအတြက္ ထုတ္လုပ္ေပးသြားမွာ ျဖစ္ၿပီး လ်င္ျမန္လြယ္ကူစြာ အသုံးျပဳႏိုင္ေအာင္ ဒီဇိုင္းဆြဲထားတယ္လို႔ သိရပါတယ္။ အဆိုပါ ေဆာ့ဖ္ဝဲလ္ကေန Covid-19 ကူးစက္ေရာဂါနဲ႔ ပတ္သက္တဲ့ အခ်က္အလက္‌ေတြ၊ သတိေပးခ်က္ ေတြနဲ႔ Covid-19 ကူးစက္ေရာဂါ ပ်ံ႕ႏွံ႔မႈအတြင္း ဘာေတြလုပ္ေဆာင္သင့္တယ္ဆိုတာကို ျပသေပး သြားမယ္လို႔ ဆိုပါတယ္။ MyHealth ေဆာ့ဖ္ဝဲလ္ကို Google နဲ႔ Microsoft တို႔လို႔ နည္းပညာ ကုမၸဏီႀကီးေတြက ဝန္ထမ္းေဟာင္းေတြန၊ WHO မွ အႀကံေပးပုဂၢိဳလ္နဲ႔ အျခားေသာ ပညာရွင္ ေတြ အတူတကြပူးေပါင္းထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO ရဲ႕ MyHealth ေဆာ့ဖ္ဝဲလ္ဟာ စတင္ထြက္ရွိလာခ်ိန္မွာ လိုအပ္ခ်က္ေတြေတာ့ ရွိေနေသးမွာျဖစ္ၿပီး သိပ္မၾကာခင္မွာေတာ့ နည္းပညာသစ္ေတြ ထပ္မံ ေပါင္းထည့္ေပးသြားမယ္လို႔ သိရပါတယ္။

Damien