【 နည်းပညာ 】Falcon 9 ဒုံးပျံယာဉ်ကို ထပ်မံလွှတ်တင်ခဲ့တဲ့ SpeaceX

【  နည်းပညာ  】Falcon 9 ဒုံးပျံယာဉ်ကို ထပ်မံလွှတ်တင်ခဲ့တဲ့ SpeaceX

လွန်ခဲ့တဲ့ရက်သတ္တပတ်က ပထမဆုံး အာကာသယာဉ်ကို လွှတ်တင်အပြီးမှာပဲ SpaceX  မှ နောက်ထပ် ဒုံးပျံယာဉ်တစ်စင်းကို ထပ်မံလွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။

SpaceX လွှတ်တင်ခဲ့တဲ့ ဒုံးပျံယာဉ်ဟာ Falcon 9 rocket အမည်ရ ဒုံးပျံယာဉ်ဖြစ်ပြီး ဇွန် ၃ ရက် ညပိုင်းမှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

SpaceX ရဲ့ Falcon 9 ဒုံးပျံယာဉ်ကို ဖလော်ရီဒါကမ်းခြေကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး  Starlink  အင်တာနက်ဂြိုလ်တု ၆၀ ကိုပါ အာကာသထဲ သယ်ဆောင်သွားမှာပါ။အင်တာနက်ဂြိုလ်တုကို သယ်ဆောင်သွားရတဲ့ ရည်ရွယ်ချက်ကတော့ အာကာသကနေ တစ်ကမ္ဘာလုံးကို အင်တာနက်ဖြန့်ကြက်နိုင်ဖို့လို့ ဆိုပါတယ်။ Falcon 9 ဒုံးပျံယာဉ်မှာ သယ်ဆောင်သွားတဲ့ အင်တာနက်ဂြိုလ်တု‌တွေဟာ ကြိုးမဲ့အင်တာနက်ကွန်ယက်ကို ကမ္ဘာပေါ်ကို ရောင်ခြည်ဖြာ ဖြန့်ကြက်နိုင်ဖို့အတွက် ဒီဇိုင်းဆွဲတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

SpaceX အနေနဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း Starlink စမ်းသက်ပုံစံ ဂြိုလ်တုနှစ်လုံးကို လွှတ်တင်ခဲ့သေးပြီး၊ ယခုလွှတ်တင်မှုဟာ SpaceX ရဲ့ Starlink project အနေနဲ့ လွှတ်တင်ခဲ့တာလည်းဖြစ်ပါတယ်။

Damien

(  Zawgyi   )

 လြန္ခဲ့တဲ့ရက္သတၱပတ္က ပထမဆုံး အာကာသယာဥ္ကို လႊတ္တင္အၿပီးမွာပဲ SpaceX  မွ ေနာက္ထပ္ ဒုံးပ်ံယာဥ္တစ္စင္းကို ထပ္မံလႊတ္တင္ခဲ့တယ္လို႔ သိရပါတယ္။

SpaceX လႊတ္တင္ခဲ့တဲ့ ဒုံးပ်ံယာဥ္ဟာ Falcon 9 rocket အမည္ရ ဒုံးပ်ံယာဥ္ျဖစ္ၿပီး ဇြန္ ၃ ရက္ ညပိုင္းမွာ လႊတ္တင္ခဲ့တာျဖစ္ပါတယ္။

SpaceX ရဲ႕ Falcon 9 ဒုံးပ်ံယာဥ္ကို ဖေလာ္ရီဒါကမ္းေျခကေန လႊတ္တင္ခဲ့တာျဖစ္ၿပီး  Starlink  အင္တာနက္ၿဂိဳလ္တု ၆၀ ကိုပါ အာကာသထဲ သယ္ေဆာင္သြားမွာပါ။အင္တာနက္ၿဂိဳလ္တုကို သယ္ေဆာင္သြားရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ အာကာသကေန တစ္ကမာၻလုံးကို အင္တာနက္ျဖန႔္ၾကက္ႏိုင္ဖို႔လို႔ ဆိုပါတယ္။ Falcon 9 ဒုံးပ်ံယာဥ္မွာ သယ္ေဆာင္သြားတဲ့ အင္တာနက္ၿဂိဳလ္တု‌ေတြဟာ ႀကိဳးမဲ့အင္တာနက္ကြန္ယက္ကို ကမာၻေပၚကို ေရာင္ျခည္ျဖာ ျဖန႔္ၾကက္ႏိုင္ဖို႔အတြက္ ဒီဇိုင္းဆြဲတည္ေဆာက္ထားတာလည္း ျဖစ္ပါတယ္။

SpaceX အေနနဲ႔ ၂၀၁၈ ခုႏွစ္တုန္းကလည္း Starlink စမ္းသက္ပုံစံ ၿဂိဳလ္တုႏွစ္လုံးကို လႊတ္တင္ခဲ့ေသးၿပီး၊ ယခုလႊတ္တင္မႈဟာ SpaceX ရဲ႕ Starlink project အေနနဲ႔ လႊတ္တင္ခဲ့တာလည္းျဖစ္ပါတယ္။

Damien