【 နည်းပညာ 】Gaming ဖုန်းတစ်လုံး ထုတ်လုပ်သွားမယ့် Redmi

【  နည်းပညာ 】Gaming ဖုန်းတစ်လုံး ထုတ်လုပ်သွားမယ့် Redmi

နာမည်ကျော် chips ထုတ်လုပ်သူဖြစ်တဲ့ Mediatek မှ ၎င်းရဲ့ gaming chipset အသစ်တွေဖြစ်တဲ့ Helio G90 နဲ့ Helio G90T တို့ကို မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။

အဆိုပါ မိတ်ဆက်ပွဲကို Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi ရဲ့ brand director လုဝေဘင်း (Lu Weibing) တက်ရောက်ခဲ့ပြီး၊ နောက်ပိုင်းမှာ Redmi မှ Helio G90T chipset ကို အသုံးပြုပြီး စမတ်ဖုန်းထုတ်လုပ်သွားမယ်လို့ Weibo မှာ လုဝေဘင်း မှ အတည်ပြုခဲ့ပါတယ်။

အဆိုပါ Helio G90T chipset ဟာ Mediatek ရဲ့ HyperEngine game technology နည်းပညာနဲ့ တွဲဖက်ထုတ်လုပ်ထားပြီး၊ စမတ်ဖုန်းတွေကို မြန်ဆန်တဲ့ gaming အတွေ့အကြုံတွေ ရရှိစေမှာ ဖြစ်ပါတယ်။ Octa-Core CPU မှာ ARM Cortex-A76 နဲ့ Cortex-A55 တို့ ပါဝင်ပြီး အမြင့်ဆုံး တွက်ချက်နိုင်မှု ကတော့ 2.05GHz ဖြစ်ပါတယ်။ဒါ့အပြင် Mali-G76 3EEMC4 GPU ကိုလည်း ထည့်သွင်းပေးထားပြီး 800MHz အထိ တွက်ချက်နိုင်မှာလည်း ဖြစ်ပါတယ် Helio G90T ဟာ 90Hz မျက်နှာပြင်၊ 10GB RAM နှင့် 64-megapixel ကင်မရာတို့ကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့လည်း သိရပါတယ်။

Redmi ကတော့ Gaming စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာတော့မှာဖြစ်ပြီး၊ အခြားသော Gaming စမတ်ဖုန်း ဘီလူးကြီးတွေဖြစ်တဲ့ ROG Phone ll နဲ့ nubia Red Magic 3 တို့ကို ယှဉ်ပြိုင်နိုင် ဖို့ကတော့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

Damien

( Zawgyi  )

 နာမည္ေက်ာ္ chips ထုတ္လုပ္သူျဖစ္တဲ့ Mediatek မွ ၎ရဲ႕ gaming chipset အသစ္ေတြျဖစ္တဲ့ Helio G90 နဲ႔ Helio G90T တို႔ကို မိတ္ဆက္လိုက္ၿပီပဲ ျဖစ္ပါတယ္။

အဆိုပါ မိတ္ဆက္ပြဲကို Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi ရဲ႕ brand director လုေဝဘင္း (Lu Weibing) တက္ေရာက္ခဲ့ၿပီး၊ ေနာက္ပိုင္းမွာ Redmi မွ Helio G90T chipset ကို အသုံးျပဳၿပီး စမတ္ဖုန္းထုတ္လုပ္သြားမယ္လို႔ Weibo မွာ လုေဝဘင္း မွ အတည္ျပဳခဲ့ပါတယ္။

အဆိုပါ Helio G90T chipset ဟာ Mediatek ရဲ႕ HyperEngine game technology နည္းပညာနဲ႔ တြဲဖက္ထုတ္လုပ္ထားၿပီး၊ စမတ္ဖုန္းေတြကို ျမန္ဆန္တဲ့ gaming အေတြ႕အႀကဳံေတြ ရရွိေစမွာ ျဖစ္ပါတယ္။ Octa-Core CPU မွာ ARM Cortex-A76 နဲ႔ Cortex-A55 တို႔ ပါဝင္ၿပီး အျမင့္ဆုံး တြက္ခ်က္ႏိုင္မႈ ကေတာ့ 2.05GHz ျဖစ္ပါတယ္။ဒါ့အျပင္ Mali-G76 3EEMC4 GPU ကိုလည္း ထည့္သြင္းေပးထားၿပီး 800MHz အထိ တြက္ခ်က္ႏိုင္မွာလည္း ျဖစ္ပါတယ္ Helio G90T ဟာ 90Hz မ်က္ႏွာျပင္၊ 10GB RAM ႏွင့္ 64-megapixel ကင္မရာတို႔ကိုလည္း ေထာက္ပံ့ေပးႏိုင္မယ္လို႔လည္း သိရပါတယ္။

Redmi ကေတာ့ Gaming စမတ္ဖုန္းေဈးကြက္ထဲကို ဝင္ေရာက္လာေတာ့မွာျဖစ္ၿပီး၊ အျခားေသာ Gaming စမတ္ဖုန္း ဘီလူးႀကီးေတြျဖစ္တဲ့ ROG Phone ll နဲ႔ nubia Red Magic 3 တို႔ကို ယွဥ္ၿပိဳင္ႏိုင္ ဖို႔ကေတာ့ ႀကိဳးစားရဦးမွာ ျဖစ္ပါတယ္။

Damien