【 နည်းပညာ 】iPhone XR 2019 လို့ ယူဆနိုင်တဲ့ ပုံရိပ်များ ထွက်ပေါ်လာ

【  နည်းပညာ  】iPhone XR 2019 လို့ ယူဆနိုင်တဲ့ ပုံရိပ်များ ထွက်ပေါ်လာ

ယခင်ထွက်ရှိခဲ့တဲ့ iPhone XR ဟာ Apple ရဲ့ ရောင်းအားကောင်းတဲ့ ထုတ်ကုန်ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ iPhone XR 2019 လို့ ထင်မြင်စရာ ပုံရိပ်တွေဟာ အွန်လိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ပုံစံကတော့ ဒီဇိုင်း အဟောင်းနဲ့ အသစ်ကို ရောနှောထားတာ မြင်တွေ့ရပါတယ်။

အဆိုပါဖုန်းရဲ့ နောက်ဘက်ပုံစံဟာ မူလ iPhone XR နဲ့ မတူပဲ လေးထောင့်ဆန်ဆန် အကွက်လေးထဲမှာ ကင်မရာနှစ်လုံးနဲ့ flash မီးကို တပ်ဆင်ထားတာ မြင်ရပါတယ်။ရှေ့ဘက် မျက်နှာပြင်ကတော့ ပြောင်းလဲမှု အထွေအထူး မရှိခဲ့ပဲ လေးထောင့်ဆန်ဆန် notch ပါဝင်တဲ့ မျက်နှာပြင်ဖြစ်ပြီး၊ မျက်နှာပြင်အရွယ်အစားဟာ ယခင်ထွက်ရှိခဲ့တဲ့ version နည်းတူ 6.1" ဖြစ်မယ်လို့ သိရပါတယ်။

တပ်ဆင်လာမယ့် ကင်မရာရဲ့ အချက်အလက်တွေကိုတော့ မသိရှိရသေးပဲ LCD ကိုတော့ နောက်ဆုံးပေါ် panel ကိုသာ Apple ဘက်မှ အသုံးပြုလာနိုင်ပါတယ်။

ပြောင်းလဲလာနိုင်တာတွေကတော့ Apple ဘက်က USB-C ကို အသုံးပြုလာနိုင်တယ်လို့ သတင်းထွက်ပေါ်နေပြီး အဆိုပါ USB-C သာ အသုံးပြုခဲ့ရင် 18W chargers အသစ်ကို သုံးစွဲသူတွေ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

Damien

(   Zawgyi    )






Damien