【 နည်းပညာ 】Lenovo ရဲ့ ကွေးညွတ်မျက်နှာပြင် laptop ၂၀၂၀ တွင် မြင်တွေ့ရမည်

 【 နည်းပညာ 】Lenovo ရဲ့ ကွေးညွတ်မျက်နှာပြင် laptop ၂၀၂၀ တွင် မြင်တွေ့ရမည်

Lenovo ဘက်မှ ကမ္ဘာ့ပထမဆုံး ကွေးညွတ်မျက်နှာပြင် ပါဝင်တဲ့ laptop ကို ထုတ်လုပ်သွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဆိုပါ laptop ဟာ 13.3" ကွေးညွတ် OLED မျက်နှာပြင်နဲ့ Android OS ကို အခြေပြု မောင်းနှင်သွားမှာဖြစ်ပြီး၊ ThinkPad X1 အမည်နဲ့ ၂၀၂၀ ရှေ့ပိုင်းနှစ်ဝက်လောက်မှာ ထွက်ပေါ်လာနိုင်ချေ ရှိပါတယ်။

LG ရဲ့ 2K resolution မျက်နှာပြင်ကို အသုံးပြုထားပြီး၊ အတွင်းဘက်ကို ကွေးညွတ်ကာ မျက်နှာပြင်ကို ကာကွယ်နိုင်မှာပါ။သာမန် laptop တစ်လုံး ကွေးညွတ်သလို ထက်ဝက်ကွေးညွတ်တဲ့ ပုံစံပဲဖြစ်ပါတယ်။

ထိတွေ့အသုံးပြုနိုင်မယ့် Wacom stylus pen ကိုတော့ အဆိုပါ laptop အတွင်းမှာ မြှုပ်နှံထည့်သွင်းပေးထားပြီး၊ အခြားသော tablet များကဲ့သို့ bluetooth keyboard ကိုလည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ laptop ရဲ့ အခြားသော specs အသေးစိတ်ကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။ဒါပေမယ့် CPU ပိုင်းကိုတော့ Intel processor ကိုပဲ အသုံးပြုလာနိုင်ချေ ရှိပါတယ်။ထွက်ပေါ်လာမယ့်ရက် နီးကပ်လာရင်တော့ ဘယ်လိုနည်းပညာတွေ အသုံးပြုထားမလဲဆိုတာ သိရှိရမှာပဲ ဖြစ်ပါတယ်။

Damien

(   Zawgyi  )

 Lenovo ဘက္မွ ကမာၻ႔ပထမဆုံး ေကြးၫြတ္မ်က္ႏွာျပင္ ပါဝင္တဲ့ laptop ကို ထုတ္လုပ္သြားမယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အဆိုပါ laptop ဟာ 13.3" ေကြးၫြတ္ OLED မ်က္ႏွာျပင္နဲ႔ Android OS ကို အေျချပဳ ေမာင္းႏွင္သြားမွာျဖစ္ၿပီး၊ ThinkPad X1 အမည္နဲ႔ ၂၀၂၀ ေရွ႕ပိုင္းႏွစ္ဝက္ေလာက္မွာ ထြက္ေပၚလာႏိုင္ေခ် ရွိပါတယ္။

LG ရဲ႕ 2K resolution မ်က္ႏွာျပင္ကို အသုံးျပဳထားၿပီး၊ အတြင္းဘက္ကို ေကြးၫြတ္ကာ မ်က္ႏွာျပင္ကို ကာကြယ္ႏိုင္မွာပါ။သာမန္ laptop တစ္လုံး ေကြးၫြတ္သလို ထက္ဝက္ေကြးၫြတ္တဲ့ ပုံစံပဲျဖစ္ပါတယ္။

ထိေတြ႕အသုံးျပဳႏိုင္မယ့္ Wacom stylus pen ကိုေတာ့ အဆိုပါ laptop အတြင္းမွာ ျမႇဳပ္ႏွံထည့္သြင္းေပးထားၿပီး၊ အျခားေသာ tablet မ်ားကဲ့သို႔ bluetooth keyboard ကိုလည္း ခ်ိတ္ဆက္အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

အဆိုပါ laptop ရဲ႕ အျခားေသာ specs အေသးစိတ္ကိုေတာ့ သိရွိရျခင္း မရွိေသးပါဘူး။ဒါေပမယ့္ CPU ပိုင္းကိုေတာ့ Intel processor ကိုပဲ အသုံးျပဳလာႏိုင္ေခ် ရွိပါတယ္။ထြက္ေပၚလာမယ့္ရက္ နီးကပ္လာရင္ေတာ့ ဘယ္လိုနည္းပညာေတြ အသုံးျပဳထားမလဲဆိုတာ သိရွိရမွာပဲ ျဖစ္ပါတယ္။

Damien