【 နည်းပညာ 】MacBook Pro မျိုးဆက်သစ်ကို မိတ်ဆက်လိုက်တဲ့ Apple

【  နည်းပညာ 】MacBook Pro မျိုးဆက်သစ်ကို မိတ်ဆက်လိုက်တဲ့ Apple

Apple ကတော့ ၁၆ လက်မ အရွယ်ရှိတဲ့ MacBook Pro အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

Apple ကုမ္ပဏီအနေနဲ့ ယခင်က မှားယွင်းခဲ့တဲ့ အမှားတွေကို သင်ခန်းစာရယူပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တဲ့ MacBook အသစ်ကို ဖော်ထုတ်ပြသလိုက်တာလည်း ဖြစ်ပါတယ်။

MacBook Pro အသစ်ဟာ 3,072 x 1,920px resolution (226ppi) အရည်အသွေးရှိ Retina မျက်နှာပြင်ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။အဆိုပါ မျက်နှာပြင်ကြောင့် ပိုမိုကြည်လင် ပြတ်သားတဲ့ အရောင်အသွေးကို ခံစားရမယ်လို့ Apple မှ ဆိုပါတယ်။ 9th generation Intel processors နဲ့ မောင်းနှင်ပေးထားပြီး၊ AMD Radeon 5300M, 5500M, 4GB တို့ကလည်း သင့်အနေနဲ့ ဗီဒီယိုတွေ တည်းဖြတ်တဲ့အခါ၊ ဂိမ်းဆော့တဲ့အခါတွေမှာ စိတ်ကျေနပ်မှု ရရှိစေမှာ ဖြစ်ပါတယ်။

Apple အနေနဲ့ မိတ်ဆက်လိုက်တဲ့ MacBook Pro အသစ်မှာ ဘက်ထရီသုံးစွဲမှုနဲ့ အပူချိန်တိုးလာမှုတို့ကို လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။

အသစ်ထွက်ရှိမယ့် ၁၆ လက်မ MacBook Pro မှာ 16GB DDR4 RAM နဲ့ 512GB SSD သိမ်းဆည်းနိုင်မှုတို့ ပါဝင်လာမှာပါ။ဒါ့အပြင် သုံးစွဲသူအနေနဲ့ RAM နဲ့ သိမ်းဆည်းနိုင်မှု ပမာဏတွေကို ထပ်တိုးအသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။ဘက်ထရီပမာဏကတော့ 100Wh ထည့်သွင်းပါဝင်ပါတယ်။

၁၆ လက်မ MacBook Pro အသစ်ရဲ့ ဈေးနှုန်းကတော့ အနိမ့်ဆုံးအနေနဲ့ မြန်မာငွေ ၃၆ သိန်းကျော်ခန့် ကျသင့်မှာဖြစ်ပြီး၊ သုံးစွဲသူရဲ့  ထပ်တိုးအသုံးပြုမှုအလိုက် ဈေးနှုန်းတွေ ကွာခြားသွားမယ်လို့ ဆိုပါတယ်။

Damien

(  Zawgyi  )

Apple ကေတာ့ ၁၆ လက္မ အ႐ြယ္ရွိတဲ့ MacBook Pro အသစ္ကို ထပ္မံမိတ္ဆက္လိုက္ပါၿပီ။

Apple ကုမၸဏီအေနနဲ႔ ယခင္က မွားယြင္းခဲ့တဲ့ အမွားေတြကို သင္ခန္းစာရယူၿပီး စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္တဲ့ MacBook အသစ္ကို ေဖာ္ထုတ္ျပသလိုက္တာလည္း ျဖစ္ပါတယ္။

MacBook Pro အသစ္ဟာ 3,072 x 1,920px resolution (226ppi) အရည္အေသြးရွိ Retina မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။အဆိုပါ မ်က္ႏွာျပင္ေၾကာင့္ ပိုမိုၾကည္လင္ ျပတ္သားတဲ့ အေရာင္အေသြးကို ခံစားရမယ္လို႔ Apple မွ ဆိုပါတယ္။ 9th generation Intel processors နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ AMD Radeon 5300M, 5500M, 4GB တို႔ကလည္း သင့္အေနနဲ႔ ဗီဒီယိုေတြ တည္းျဖတ္တဲ့အခါ၊ ဂိမ္းေဆာ့တဲ့အခါေတြမွာ စိတ္ေက်နပ္မႈ ရရွိေစမွာ ျဖစ္ပါတယ္။

Apple အေနနဲ႔ မိတ္ဆက္လိုက္တဲ့ MacBook Pro အသစ္မွာ ဘက္ထရီသုံးစြဲမႈနဲ႔ အပူခ်ိန္တိုးလာမႈတို႔ကို ေလွ်ာ့ခ်ေပးႏိုင္မယ္လို႔ ဆိုပါတယ္။

အသစ္ထြက္ရွိမယ့္ ၁၆ လက္မ MacBook Pro မွာ 16GB DDR4 RAM နဲ႔ 512GB SSD သိမ္းဆည္းႏိုင္မႈတို႔ ပါဝင္လာမွာပါ။ဒါ့အျပင္ သုံးစြဲသူအေနနဲ႔ RAM နဲ႔ သိမ္းဆည္းႏိုင္မႈ ပမာဏေတြကို ထပ္တိုးအသုံးျပဳႏိုင္မယ္လို႔လည္း ဆိုပါတယ္။ဘက္ထရီပမာဏကေတာ့ 100Wh ထည့္သြင္းပါဝင္ပါတယ္။

၁၆ လက္မ MacBook Pro အသစ္ရဲ႕ ေဈးႏႈန္းကေတာ့ အနိမ့္ဆုံးအေနနဲ႔ ျမန္မာေငြ ၃၆ သိန္းေက်ာ္ခန႔္ က်သင့္မွာျဖစ္ၿပီး၊ သုံးစြဲသူရဲ႕  ထပ္တိုးအသုံးျပဳမႈအလိုက္ ေဈးႏႈန္းေတြ ကြာျခားသြားမယ္လို႔ ဆိုပါတယ္။

Damien