【 နည်းပညာ 】OnePlus ရဲ့ အလန်းစား 8 series စမတ်ဖုန်း သင်္ကြန်ကာလထဲ ချပြတော့မယ်

【  နည်းပညာ  】OnePlus ရဲ့ အလန်းစား 8 series စမတ်ဖုန်း သင်္ကြန်ကာလထဲ ချပြတော့မယ်

စမတ်ဖုန်းချစ်သူတွေမှာ ကိုယ်အကြိုက်နဲ့ကိုယ်ဖြစ်ကြတဲ့ အထဲမှာ OnePlus မှ OnePlus ဆိုတဲ့ အစွဲသမားတွေလဲ ပါပါတယ်။OnePlus က 7 series တွေလာပြီးကတည်းက သူနောက် မျိုးဆက် တွေ ထွက်ဖို့ ကြိုးစားနေတဲ့ အတွက် ဈေးကွက်ထဲမှာ ငြိမ်သက်နေခဲ့တာ ကြာပါပြီ။

အခုတော့ OnePlus လှုပ်လာပါပြီ။ မကြာခင်ကပဲ OnePlus က သူရဲ့အမည်သစ် တီထွင် ထုတ်လုပ်မှုတွေကို အများပြည်သူကိုချပြဖို့ နေ့ရက်ကိုကြေညာလိုက်ပါပြီ။ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပွဲလမ်းသဘင်တွေပိတ်ထားတဲ့ အတွက် OnePlusက သူရဲ့ ထုတ်ကုန် အမည် သစ်တွေကို ပြဖို့ YouTubeကနေ တိုက်ရိုက်ထုတ်လွှင့်မယ်လို့ ကြေညာခဲ့ပါတယ်။

OnePlus ချစ်သူတွေအဖို့ ဒီစမတ်ဖုန်းအပါအဝင်  OnePlus ထုတ်ကုန်အသစ်တွေ မိတ်ဆက်ပွဲ ကြီးကို OnePlus ရဲ့ တရားဝင်ဝဘ်ဆိုက်နဲ့ YouTube ချန်နယ်‌တွေမှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။

OnePlus ထုတ်ကုန်သစ်တွေမှာ OnePlus TV 55 Q1 Pro လို တီဗွီအပြင် အများအာရုံ စိုက်ခံ နေတဲ့ OnePlus 8 series လဲပါလာမှာဖြစ်ပြီး  စမတ်ဖုန််းကို သုံးမျိုးလောက် ထွက်ရှိလာဖွယ် ရှိပါတယ်။ ဒီထဲမှာ  flagships စမတ်ဖုန်းနှစ်မျိုးကတော့  5G ကွန်ရက် သုံးနိုင်မယ့်  Snapdragon 865 chipset အသုံးပြုထားမယ် မျက်နှာပြင် 120Hz နဲ့ 90Hz မျက်နှာပြင်တွေရှိတဲ့ ဖုန်းတွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးနှုန်းသက်သာတဲ့ အလယ်လတ်တန်း စွမ်းဆောင်ရည်ရှိတဲ့  Lite version စမတ်ဖုန်လည်း ပွဲထုတ်လာမယ်ဆိုပါတယ်။

မိတ်ဆက်ပွဲကိုတော့ ဧပြီ ၁၄ ရက်နေ့မှာ ကျင်းပတော့မှာပါ။ သင်္ကြန်ကာလမှာ OnePlus က သူကိုစွဲလန်းသူတွေစိတ်ကျေနပ်အောင်ဘယ်လိုထူးခြားတဲ့ နောက်ဆုံးပေါ်နည်းပညာတွေ ထည့်သွင်းထားတဲ့ ထုတ်ကုန်အမယ်သစ်တွေ ထုတ်ပြမလဲဆိုတာ ရင်ခုန်စရာပါ။ ကဲ...ဧပြီ ၁၄ ရက်ကို  စောင့်ကြည့်ရအောင်...။

Damien 

(  Zawgyi  )

 စမတ္ဖုန္းခ်စ္သူေတြမွာ ကိုယ္အႀကိဳက္နဲ႔ကိုယ္ျဖစ္ၾကတဲ့ အထဲမွာ OnePlus မွ OnePlus ဆိုတဲ့ အစြဲသမားေတြလဲ ပါပါတယ္။OnePlus က 7 series ေတြလာၿပီးကတည္းက သူေနာက္ မ်ိဳးဆက္ ေတြ ထြက္ဖို႔ ႀကိဳးစားေနတဲ့ အတြက္ ေဈးကြက္ထဲမွာ ၿငိမ္သက္ေနခဲ့တာ ၾကာပါၿပီ။

အခုေတာ့ OnePlus လႈပ္လာပါၿပီ။ မၾကာခင္ကပဲ OnePlus က သူရဲ႕အမည္သစ္ တီထြင္ ထုတ္လုပ္မႈေတြကို အမ်ားျပည္သူကိုခ်ျပဖို႔ ေန႔ရက္ကိုေၾကညာလိုက္ပါၿပီ။ လက္ရွိမွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ပြဲလမ္းသဘင္ေတြပိတ္ထားတဲ့ အတြက္ OnePlusက သူရဲ႕ ထုတ္ကုန္ အမည္ သစ္ေတြကို ျပဖို႔ YouTubeကေန တိုက္႐ိုက္ထုတ္လႊင့္မယ္လို႔ ေၾကညာခဲ့ပါတယ္။

OnePlus ခ်စ္သူေတြအဖို႔ ဒီစမတ္ဖုန္းအပါအဝင္  OnePlus ထုတ္ကုန္အသစ္ေတြ မိတ္ဆက္ပြဲ ႀကီးကို OnePlus ရဲ႕ တရားဝင္ဝဘ္ဆိုက္နဲ႔ YouTube ခ်န္နယ္‌ေတြမွာ တိုက္႐ိုက္ၾကည့္ရႈႏိုင္မွာပါ။

OnePlus ထုတ္ကုန္သစ္ေတြမွာ OnePlus TV 55 Q1 Pro လို တီဗြီအျပင္ အမ်ားအာ႐ုံ စိုက္ခံ ေနတဲ့ OnePlus 8 series လဲပါလာမွာျဖစ္ၿပီး  စမတ္ဖုန္္းကို သုံးမ်ိဳးေလာက္ ထြက္ရွိလာဖြယ္ ရွိပါတယ္။ ဒီထဲမွာ  flagships စမတ္ဖုန္းႏွစ္မ်ိဳးကေတာ့  5G ကြန္ရက္ သုံးႏိုင္မယ့္  Snapdragon 865 chipset အသုံးျပဳထားမယ္ မ်က္ႏွာျပင္ 120Hz နဲ႔ 90Hz မ်က္ႏွာျပင္ေတြရွိတဲ့ ဖုန္းေတြ လည္း ပါဝင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေဈးႏႈန္းသက္သာတဲ့ အလယ္လတ္တန္း စြမ္းေဆာင္ရည္ရွိတဲ့  Lite version စမတ္ဖုန္လည္း ပြဲထုတ္လာမယ္ဆိုပါတယ္။

မိတ္ဆက္ပြဲကိုေတာ့ ဧၿပီ ၁၄ ရက္ေန႔မွာ က်င္းပေတာ့မွာပါ။ သၾကၤန္ကာလမွာ OnePlus က သူကိုစြဲလန္းသူေတြစိတ္ေက်နပ္ေအာင္ဘယ္လိုထူးျခားတဲ့ ေနာက္ဆုံးေပၚနည္းပညာေတြ ထည့္သြင္းထားတဲ့ ထုတ္ကုန္အမယ္သစ္ေတြ ထုတ္ျပမလဲဆိုတာ ရင္ခုန္စရာပါ။ ကဲ...ဧၿပီ ၁၄ ရက္ကို  ေစာင့္ၾကည့္ရေအာင္...။

Damien