【 နည်းပညာ 】Punch hole ကင်မရာနဲ့ ပွဲထွက်လာမယ့် vivo Z5x

  【  နည်းပညာ 】Punch hole ကင်မရာနဲ့ ပွဲထွက်လာမယ့် vivo Z5x

vivo စမတ်ဖုန်း ကုမ္ပဏီကြီးဟာ ၎င်းရဲ့ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Z-series တွေကို တီထွင်နေခဲ့ပြီး Z3x model ကိုလည်း လွန်ခဲ့တဲ့လက မိတ်ဆက်ခဲ့ပြီးပါပြီ။

လက်ရှိမှာတော့ vivo ရဲ့ Z5x model ရဲ့ ပုံရိပ်တွေလို့ ယူဆနိုင်တဲ့ အွန်လိုင်းမှာ ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ Z5x model ရဲ့ ပုံရိပ်တွေအရ မျက်နှာပြင်အပေါ် အပေါက်ပြီး ကင်မရာထည့်သွင်းလာမယ့် ပုံစံပါပဲ၊ punch hole ကင်မရာ တပ်ဆင်ထားတာကို Samsung နဲ့ Huawei စမတ်ဖုန်းတွေမှာတော့ ကျနော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။နောက်တစ်ခုကတော့ ဘက်ထရီကို ပမာဏများများ 5000 mAh ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။နောက်ပိုင်း စမတ်ဖုန်းတွေမှာတော့ ဘက်ထရီပမာဏကို ပမာဏများများ ထည့်သွင်းလာတာကို မြင်တွေ့ရတဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

အခြားသော အချက်အလက်တွေတော့ မသိရှိရသေးပဲ vivo ဘက်မှ အခြားသော အမှတ်တံဆိပ်တွေထက် ဈေးသက်သက်သာသာ ရောင်းပေးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။အကယ်၍ ဈေးသက်သာခဲ့မယ် ဆိုရင်တော့ သေချာကတော့ Snapdragon 670, 675 လောက်ပဲ အသုံးပြုလာမယ့် ပုံပါပဲ။ဒီအတိုင်းသာဆိုရင်တော့ အခြားသော စမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

Damien

(   Zawgyi   )





Damien