【 နည်းပညာ 】Samsung ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲဘာတွေလာမလဲ

【  နည်းပညာ  】Samsung ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲဘာတွေလာမလဲ

ကိုရီးယားရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီး Samsung ကတော့ ၎င်းရဲ့ Galaxy Unpacked အမည်ရ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့မှာ အွန်လိုင်းကနေ လွှင့်တင်ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

Samsung အနေနဲ့ လွန်ခဲ့တဲ့တစ်လအတွင်းကလည်း Note 20 series, Galaxy Z Fold 2 နဲ့ Galaxy Z Flip 5G တို့ကို မိတ်ဆက်ထားခဲ့တာကိုလည်း မြင်‌တွေ့ထားခဲ့ရပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာ ကျင်းပမယ့် Galaxy Unpacked ပွဲမှာ ဘယ်လိုထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားမလဲဆိုတာကိုတော့ Samsung ဘက်က ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သတင်းထွက်ပေါ်မှုတွေအရ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက် သွားမယ်လို့ သိရပါတယ်။ Samsung မှ Galaxy S20 FE အမည်ရ နောက်ထပ် S20 မျိုးဆက် စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်သွားဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

Samsung Galaxy S20 FE ကို 4G နဲ့ 5G ဆိုပြီး ကွန်ယက်နှစ်မျိုးနဲ့ မိတ်ဆက်လာမှာပါ။ မျက်နှာပြင် အရွယ်အစား ၆.၅ လက်မရှိပြီး၊ Samsung ရဲ့ နာမည်ကျော် AMOLED infinity-O မျက်နှာပြင်ကို အသုံးပြုပေးထားမှာဖြစ်ပါတယ်။ 5G version မှာ Snapdragon 865 chipset နဲ့ 4G version မှာ Exynos 990 chipset တို့နဲ့ မောင်းနှင်ပေးထားမယ်လို့ ဆိုပါတယ်။နောက်ဘက် ကင်မရာ သုံးလုံးပါဝင်မှာဖြစ်ပြီး၊ AKG stereo speaker ပါဝင်လာမယ်လို့ သိရပါတယ်။

Samsung Galaxy S20 FE ဟာ အရောင်ခြောက်မျိုး ထွက်ရှိလာမှာဖြစ်ပြီး၊ ရိုးရှင်းတဲ့ ဒီဇိုင်း ပုံစံကို အသားပေးထားမယ်လို့လည်း သိရပါတယ်။

Damien

 

(  Zawgyi  )

 

 ကိုရီးယားရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီး Samsung ကေတာ့ ၎ရဲ႕ Galaxy Unpacked အမည္ရ ထုတ္ကုန္သစ္မိတ္ဆက္ပြဲကို လာမယ့္ စက္တင္ဘာ ၂၃ ရက္ေန႔မွာ အြန္လိုင္းကေန လႊင့္တင္က်င္းပသြားမယ္လို႔ ေၾကညာထားပါတယ္။

Samsung အေနနဲ႔ လြန္ခဲ့တဲ့တစ္လအတြင္းကလည္း Note 20 series, Galaxy Z Fold 2 နဲ႔ Galaxy Z Flip 5G တို႔ကို မိတ္ဆက္ထားခဲ့တာကိုလည္း ျမင္‌ေတြ႕ထားခဲ့ရပါတယ္။

စက္တင္ဘာ ၂၃ ရက္မွာ က်င္းပမယ့္ Galaxy Unpacked ပြဲမွာ ဘယ္လိုထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားမလဲဆိုတာကိုေတာ့ Samsung ဘက္က ေၾကညာထားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ သတင္းထြက္ေပၚမႈေတြအရ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းသစ္တစ္လုံးကို မိတ္ဆက္ သြားမယ္လို႔ သိရပါတယ္။ Samsung မွ Galaxy S20 FE အမည္ရ ေနာက္ထပ္ S20 မ်ိဳးဆက္ စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္သြားဖြယ္ရွိေနတာလည္း ျဖစ္ပါတယ္။

Samsung Galaxy S20 FE ကို 4G နဲ႔ 5G ဆိုၿပီး ကြန္ယက္ႏွစ္မ်ိဳးနဲ႔ မိတ္ဆက္လာမွာပါ။ မ်က္ႏွာျပင္ အ႐ြယ္အစား ၆.၅ လက္မရွိၿပီး၊ Samsung ရဲ႕ နာမည္ေက်ာ္ AMOLED infinity-O မ်က္ႏွာျပင္ကို အသုံးျပဳေပးထားမွာျဖစ္ပါတယ္။ 5G version မွာ Snapdragon 865 chipset နဲ႔ 4G version မွာ Exynos 990 chipset တို႔နဲ႔ ေမာင္းႏွင္ေပးထားမယ္လို႔ ဆိုပါတယ္။ေနာက္ဘက္ ကင္မရာ သုံးလုံးပါဝင္မွာျဖစ္ၿပီး၊ AKG stereo speaker ပါဝင္လာမယ္လို႔ သိရပါတယ္။

Samsung Galaxy S20 FE ဟာ အေရာင္ေျခာက္မ်ိဳး ထြက္ရွိလာမွာျဖစ္ၿပီး၊ ႐ိုးရွင္းတဲ့ ဒီဇိုင္း ပုံစံကို အသားေပးထားမယ္လို႔လည္း သိရပါတယ္။

Damien