【 အနုပညာသတင်း 】ခန္ဓာကိုယ်လှပဖို့ အစားအသောက်နဲ့ထိန်းနေတယ်ဆိုတဲ့ သရုပ်ဆောင် ခြူးလေး

【 အနုပညာသတင်း 】ခန္ဓာကိုယ်လှပဖို့ အစားအသောက်နဲ့ထိန်းနေတယ်ဆိုတဲ့  သရုပ်ဆောင် ခြူးလေး

မျိုးဆက်သစ်သရုပ်ဆောင်တွေထဲမှာ လူသိများလာသူတစ်ဦးလည်းဖြစ်ခဲ့သလို ပရိသတ်တွေ အခိုင်အမာ ရရှိလာတဲ့ သရုပ်ဆောင် ခြူးလေး ဟာ အခုလိုကာလမှာ ခန္ဓာကိုယ်အလှအပအတွက် အစားအသောက်နဲ့ပဲ ထိန်းကာ ကြိုးစားလုပ် ဆောင်နေတယ်လို့ သိရပါတယ်။

                          
 “ညီမတို့က အလုပ်သဘောအရ သာမန်အတိုင်း စားချင်တိုင်းလည်းစားလို့မရဘူး၊ အခုလို ဒီကာလက ပိုတောင်မှ ဆိုးပါးတယ်၊ ဒီလိုကာလမှာ Gym တွေဘာတွေလည်း ကစားလို့ မဖြစ်တော့ အစားအသောက်နဲ့ပဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို တအားကြီး ၀ မလာအောင် ထိန်းရပါ တယ်၊ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်ကလည်း အားကစား လုပ်ရတာကို အရမ်းပျင်းတဲ့ သူဆိုတော့လေ၊ ဒီတစ်ပတ်မှာ ထမင်းအများကြီးစားဖြစ်ရင် နောက်တစ်ပတ်တော့ ဆင်ခြင် ရတာပေါ့၊ အနေအထိုင် ဆင်ခြင်ရတယ်၊ အစားအသောက်ကို သတိထားပြီး စားနေရတယ်၊ အစားနဲ့ပဲ ပြန်ထိန်းတယ်၊ ကိုယ်က တစ်နေကုန် ဖုန်းနဲ့မျက်နှာနဲ့ ကပ်ထားတာ၊ အလုပ်ရှိတယ် ဆိုရင် အနည်းဆုံး ၁၀ ရက် လောက် ကြိုပြောမှ ခန္ဓာကိုယ်က ပြန်ကျအောင်လို့ ပြင်ဆင် ရပါတယ်၊ အခုကာလကတော့ ရိုက်ထားတဲ့ ဟာလေးတွေ ပြန်ကြည့်တယ်၊ ဘယ်နေရာမှာ ဘယ်လိုလေးလုပ်လိုက်ရင် ပိုကောင်းသွားမလဲဆိုပြီးတော့ ကြည့်တယ်၊ ကိုယ့်ကိုယ်ကိုလည်း သုံးသပ်ပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။

                        
သူမဟာ ရုပ်သံဇာတ်လမ်းတွဲအများအပြားမှာပါဝင်ရိုက်ကူးခွင့်ရနေသလို နေရာရနေတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ပရိသတ်တွေကြည့်ရှုနိုင်ဖို့အတွက် TikTok လေးတွေကို နေ့စဉ်ရိုက်ကူးကာ သရုပ်ဆောင်ရင်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ရိုက်ကူးရေးအတွက် သူမကို ကမ်းလှမ်း တဲ့အခါ ခန္ဓာကိုယ် Weight ချရတာတွေကြောင့် သတ်မှတ်ရက်ကို အနည်းငယ်နောက် ဆုတ် ရွှေ့ဆိုင်းပြီးမှ လက်ခံလေ့ရှိကြောင်း၊ သရုပ်ဆောင် ကောင်းသူတစ်ဦးဖြစ်သော်လည်း အကယ်ဒမီဆုနဲ့ ကံခေသလို ဖြစ်နေပြီး ဇာတ် လမ်းတွဲနဲ့ တိုက်နေတာကြောင့် သူမအနေနဲ့ ငြင်းလိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဟာလည်း ပါဝင်သူတွေအကုန်လုံးနီးပါး အကယ်ဒမီဆုရဖူးတဲ့ အခြေအနေမျိုးလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

                    
 “ဒီအချိန်မှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြတ်သန်းနေပါတယ်၊ စိတ်ဖိစီးမှုတွေ Depression တွေက အများကြီးပဲ၊ ဒါကြောင့်လည်း စိတ်ကိုအေးချမ်းအောင် ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ဖြတ်သန်းတာ ဖြစ်ပါတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၆

 

(  Zawgyi  )

 

 မ်ိဳးဆက္သစ္သ႐ုပ္ေဆာင္ေတြထဲမွာ လူသိမ်ားလာသူတစ္ဦးလည္းျဖစ္ခဲ့သလို ပရိသတ္ေတြ အခိုင္အမာ ရရွိလာတဲ့ သ႐ုပ္ေဆာင္ ျခဴးေလး ဟာ အခုလိုကာလမွာ ခႏၶာကိုယ္အလွအပအတြက္ အစားအေသာက္နဲ႔ပဲ ထိန္းကာ ႀကိဳးစားလုပ္ ေဆာင္ေနတယ္လို႔ သိရပါတယ္။

                          
 “ညီမတို႔က အလုပ္သေဘာအရ သာမန္အတိုင္း စားခ်င္တိုင္းလည္းစားလို႔မရဘူး၊ အခုလို ဒီကာလက ပိုေတာင္မွ ဆိုးပါးတယ္၊ ဒီလိုကာလမွာ Gym ေတြဘာေတြလည္း ကစားလို႔ မျဖစ္ေတာ့ အစားအေသာက္နဲ႔ပဲ ကိုယ့္ရဲ႕ ခႏၶာကိုယ္ကို တအားႀကီး ၀ မလာေအာင္ ထိန္းရပါ တယ္၊ ေနာက္တစ္ခုက ကိုယ္ကိုယ္တိုင္ကလည္း အားကစား လုပ္ရတာကို အရမ္းပ်င္းတဲ့ သူဆိုေတာ့ေလ၊ ဒီတစ္ပတ္မွာ ထမင္းအမ်ားႀကီးစားျဖစ္ရင္ ေနာက္တစ္ပတ္ေတာ့ ဆင္ျခင္ ရတာေပါ့၊ အေနအထိုင္ ဆင္ျခင္ရတယ္၊ အစားအေသာက္ကို သတိထားၿပီး စားေနရတယ္၊ အစားနဲ႔ပဲ ျပန္ထိန္းတယ္၊ ကိုယ္က တစ္ေနကုန္ ဖုန္းနဲ႔မ်က္ႏွာနဲ႔ ကပ္ထားတာ၊ အလုပ္ရွိတယ္ ဆိုရင္ အနည္းဆုံး ၁၀ ရက္ ေလာက္ ႀကိဳေျပာမွ ခႏၶာကိုယ္က ျပန္က်ေအာင္လို႔ ျပင္ဆင္ ရပါတယ္၊ အခုကာလကေတာ့ ႐ိုက္ထားတဲ့ ဟာေလးေတြ ျပန္ၾကည့္တယ္၊ ဘယ္ေနရာမွာ ဘယ္လိုေလးလုပ္လိုက္ရင္ ပိုေကာင္းသြားမလဲဆိုၿပီးေတာ့ ၾကည့္တယ္၊ ကိုယ့္ကိုယ္ကိုလည္း သုံးသပ္ပါတယ္”လို႔ ၎က ရွင္းျပပါတယ္။

                        
သူမဟာ ႐ုပ္သံဇာတ္လမ္းတြဲအမ်ားအျပားမွာပါဝင္႐ိုက္ကူးခြင့္ရေနသလို ေနရာရေနတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ ပရိသတ္ေတြၾကည့္ရႈႏိုင္ဖို႔အတြက္ TikTok ေလးေတြကို ေန႔စဥ္႐ိုက္ကူးကာ သ႐ုပ္ေဆာင္ရင္း လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

႐ိုက္ကူးေရးအတြက္ သူမကို ကမ္းလွမ္း တဲ့အခါ ခႏၶာကိုယ္ Weight ခ်ရတာေတြေၾကာင့္ သတ္မွတ္ရက္ကို အနည္းငယ္ေနာက္ ဆုတ္ ေ႐ႊ႕ဆိုင္းၿပီးမွ လက္ခံေလ့ရွိေၾကာင္း၊ သ႐ုပ္ေဆာင္ ေကာင္းသူတစ္ဦးျဖစ္ေသာ္လည္း အကယ္ဒမီဆုနဲ႔ ကံေခသလို ျဖစ္ေနၿပီး ဇာတ္ လမ္းတြဲနဲ႔ တိုက္ေနတာေၾကာင့္ သူမအေနနဲ႔ ျငင္းလိုက္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားဟာလည္း ပါဝင္သူေတြအကုန္လုံးနီးပါး အကယ္ဒမီဆုရဖူးတဲ့ အေျခအေနမ်ိဳးလည္း ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

                    
 “ဒီအခ်ိန္မွာေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ပဲျဖတ္သန္းေနပါတယ္၊ စိတ္ဖိစီးမႈေတြ Depression ေတြက အမ်ားႀကီးပဲ၊ ဒါေၾကာင့္လည္း စိတ္ကိုေအးခ်မ္းေအာင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနထိုင္ျဖတ္သန္းတာ ျဖစ္ပါတယ္”လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၁၆