【 အနုပညာသတင်း 】စားဝတ်နေရေးအခက်အခဲရင်ဆိုင်နေရတဲ့ တေးသံရှင် ဖြိုးကျော်ထိုက်

【  အနုပညာသတင်း 】စားဝတ်နေရေးအခက်အခဲရင်ဆိုင်နေရတဲ့ တေးသံရှင် ဖြိုးကျော်ထိုက်

တေးသံရှင် ဖြိုးကျော်ထိုက်ဟာ အခုလို COVID ကာလမှာ စားဝတ်နေရေးအတွက် ခက်ခဲကြီးစွာရင်ဆိုင် နေရတယ်လို့ သိရပါတယ်။

“ဒီခေတ်ကြီးမှာ ဘယ်သူမှ အဆင်ပြေတာ မဟုတ်ဘူးလေ၊ လောလောဆယ်တော့ ဈေးရောင်းနေတယ်၊ တစ်နေ့ကို ၅၀၀၀ လောက်ရတယ်၊ မရတဲ့နေ့လည်းရှိတာပေါ့၊ မိန်းမက စက်ချုပ်၊ ကျွန်တော်က ဈေးရောင်း နေတယ်၊ ရောင်းမကောင်းလို့ စားစရာမရှိရင် အမေ့အိမ်မှာသွားစားတယ်၊ အခုလိုကြုံတော့ မိဘကျေးဇူး ပိုသိလာတယ်၊ မိဘရှိတာအရမ်းလည်းကံကောင်းပါတယ်၊ ကျွန်တော်ဆိုရင် မိဘကျေးဇူးဆိုတာကို အမေ့ရဲ့ ခြေဖဝါးအောက်က မြူမှုန် တစ်မှုန်စာလောက်ပဲ ကျေသေးတယ်၊ မပြေလည်တဲ့ အတွက်ကြောင့်လည်း စိတ်ဓာတ်ကျမနေဖို့ အမေက အမြဲလည်းအားပေးပါတယ်”လို့ သူကရှင်းပြပါတယ်။

သူဟာ Melody World လို့နာမည်ရတဲ့ တေးသီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို စတင် ဝင်ရောက်ခဲ့သူဖြစ်ပြီး တစ်ကိုယ်တော်တေးသီချင်းခွေလည်း ထွက်ရှိထားကြောင်း၊ Single Song တွေလည်း အပုဒ်ရေအများအပြား ထွက်ရှိထားပြီး “သစ္စာမရှိတဲ့ သစ္စာ”လို့ နာမည်ရတဲ့ တေးသီချင်းဟာ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေခဲ့တယ်လို့ သိရပါတယ်။ အခုလို အခက်အခဲကြောင့် ဂီတလောကအတွက် လိုအပ်တဲ့ ငွေကြေးများရရှိနိုင်ဖို့ The Voice Myanmar ( Season 3) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအဆင့်တိုင်း အောင်မြင်စွာကျော်ဖြတ်လာနိုင်ခဲ့သော်လည်း The Knockouts Round အစီအစဉ်မှာ ဒိုင်ဖြစ်သူတစ်ဦး ဖြစ်တဲ့ တေးသံရှင် Rဇာနည်ရဲ့ ထောက်ခံရွေးချယ်မှုကိုမခံရဘဲ ပြိုင်ပွဲကနေနှုတ်ဆက်ခဲ့ရသူလည်း ဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ သမာအာဇီဝကျတဲ့ အလုပ်ဘယ်အလုပ်ကိုမဆို လုပ်နေပါတယ်၊ ဘာနဲ့ပဲစားရစားရ အဓိက ကတော့ ဗိုက်ပြည့်ဖို့ပဲ၊ စိတ်ဓာတ်ကျနေလည်း မထူးဘူး၊ အဆင်ပြေအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရလာစေချင်ပါတယ်၊ ဂီတအလုပ်တွေကိုလည်း လုပ်နေဦးမှာပါ၊ တခြားတော့ ဘာမှသိပ်ပြီး ပြောစရာ မရှိပါဘူးဗျာ”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ- ဖြိုးကျော်ထိုက်)
ရန်ကုန်၊ နိုဝင်ဘာ ၂၅

 

( Zawgyi )

 

 ေတးသံရွင္ ၿဖိဳးေက်ာ္ထိုက္ဟာ အခုလို COVID ကာလမွာ စားဝတ္ေနေရးအတြက္ ခက္ခဲႀကီးစြာရင္ဆိုင္ ေနရတယ္လို႔ သိရပါတယ္။

“ဒီေခတ္ႀကီးမွာ ဘယ္သူမွ အဆင္ေျပတာ မဟုတ္ဘူးေလ၊ ေလာေလာဆယ္ေတာ့ ေဈးေရာင္းေနတယ္၊ တစ္ေန႔ကို ၅၀၀၀ ေလာက္ရတယ္၊ မရတဲ့ေန႔လည္းရွိတာေပါ့၊ မိန္းမက စက္ခ်ဳပ္၊ ကြၽန္ေတာ္က ေဈးေရာင္း ေနတယ္၊ ေရာင္းမေကာင္းလို႔ စားစရာမရွိရင္ အေမ့အိမ္မွာသြားစားတယ္၊ အခုလိုႀကဳံေတာ့ မိဘေက်းဇူး ပိုသိလာတယ္၊ မိဘရွိတာအရမ္းလည္းကံေကာင္းပါတယ္၊ ကြၽန္ေတာ္ဆိုရင္ မိဘေက်းဇူးဆိုတာကို အေမ့ရဲ႕ ေျခဖဝါးေအာက္က ျမဴမႈန္ တစ္မႈန္စာေလာက္ပဲ ေက်ေသးတယ္၊ မေျပလည္တဲ့ အတြက္ေၾကာင့္လည္း စိတ္ဓာတ္က်မေနဖို႔ အေမက အၿမဲလည္းအားေပးပါတယ္”လို႔ သူကရွင္းျပပါတယ္။

သူဟာ Melody World လို႔နာမည္ရတဲ့ ေတးသီခ်င္းဆို ၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို စတင္ ဝင္ေရာက္ခဲ့သူျဖစ္ၿပီး တစ္ကိုယ္ေတာ္ေတးသီခ်င္းေခြလည္း ထြက္ရွိထားေၾကာင္း၊ Single Song ေတြလည္း အပုဒ္ေရအမ်ားအျပား ထြက္ရွိထားၿပီး “သစၥာမရွိတဲ့ သစၥာ”လို႔ နာမည္ရတဲ့ ေတးသီခ်င္းဟာ ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာေရပန္းစားေနခဲ့တယ္လို႔ သိရပါတယ္။ အခုလို အခက္အခဲေၾကာင့္ ဂီတေလာကအတြက္ လိုအပ္တဲ့ ေငြေၾကးမ်ားရရွိႏိုင္ဖို႔ The Voice Myanmar ( Season 3) ကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ပြဲအဆင့္တိုင္း ေအာင္ျမင္စြာေက်ာ္ျဖတ္လာႏိုင္ခဲ့ေသာ္လည္း The Knockouts Round အစီအစဥ္မွာ ဒိုင္ျဖစ္သူတစ္ဦး ျဖစ္တဲ့ ေတးသံရွင္ Rဇာနည္ရဲ႕ ေထာက္ခံေ႐ြးခ်ယ္မႈကိုမခံရဘဲ ၿပိဳင္ပြဲကေနႏႈတ္ဆက္ခဲ့ရသူလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ သမာအာဇီဝက်တဲ့ အလုပ္ဘယ္အလုပ္ကိုမဆို လုပ္ေနပါတယ္၊ ဘာနဲ႔ပဲစားရစားရ အဓိက ကေတာ့ ဗိုက္ျပည့္ဖို႔ပဲ၊ စိတ္ဓာတ္က်ေနလည္း မထူးဘူး၊ အဆင္ေျပေအာင္ အလုပ္အကိုင္ အခြင့္အလမ္းေတြ အမ်ားႀကီး ရလာေစခ်င္ပါတယ္၊ ဂီတအလုပ္ေတြကိုလည္း လုပ္ေနဦးမွာပါ၊ တျခားေတာ့ ဘာမွသိပ္ၿပီး ေျပာစရာ မရွိပါဘူးဗ်ာ”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ- ၿဖိဳးေက်ာ္ထိုက္)
ရန္ကုန္၊ ႏိုဝင္ဘာ ၂၅