【 အနုပညာသတင်း 】COVID 19 ကူးစက်ခံရ၍ ဧရာဝတီစင်တာမှာ ကုသမှုခံယူနေတဲ့ သရုပ်ဆောင် ဦးမိုးဒီ

【  အနုပညာသတင်း  】COVID 19 ကူးစက်ခံရ၍ ဧရာဝတီစင်တာမှာ ကုသမှုခံယူနေတဲ့ သရုပ်ဆောင် ဦးမိုးဒီ

ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဦးမိုးဒီဟာ COVID 19 ရောဂါကူးစက်ခံရတာကြောင့် လက်ရှိဧရာဝတီစင်တာမှာ ကုသမှုခံယူနေတယ်လို့ သားဖြစ်သူ ဦးကောင်းစံက အတည်ပြုပြောကြားပါတယ်။သရုပ်ဆောင်ဦးမိုးဒီဟာ လေး၊ ငါးရက်လောက် ဖျားနာခဲ့ပြီး ကိုယ်အပူချိန်တက်လိုက်ကျလိုက် ဖြစ်နေတဲ့ အခြေအနေ ကြောင့် COVID ရှိမရှိ စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကုသမှုခံယူနေရတာဖြစ်ပါတယ်။                    

“အဖေက တော်တော်လေးဖျားတယ်၊ ဘယ်လိုပဲဆေးတွေသောက်သောက်မသက်သာဘူး၊ နောက်ဆုံး စစ်ဆေးလိုက်တဲ့အခါကျတော့ Positive ဖြစ်တာပါ၊ စစ်ဆေးတာကတော့ ကျွန်တော်နဲ့ အဖေ နှစ်ယောက် စလုံး စစ်ဆေးတာပါ၊ ကျွန်တော်ကတော့ Negative ဖြစ်သွားတယ်၊ အဖေကတော့ Positive အဖြေဖြစ်ခဲ့တယ်၊ အဲ့ဒီလိုဆိုတော့ အဖေ့ကိုခေါ်ထားလိုက်တယ်၊ ကျွန်တော့်ကိုတော့ ပြန်လွှတ်လိုက်တယ်၊ အဖေက ဆီးချိုရောဂါ၊ နှလုံးရောဂါတွေရှိနေတော့ အဖေ့အတွက်စိုးရိမ်တယ်၊ ကိုယ်ကလည်း အနီးကပ်လိုက်ပြီးပြုစုစောင့်ရှောက်လို့ မရတော့ အဆင်ပြေပါ့မလားဆိုပြီး ပိုစိတ်ပူမိပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။

သရုပ်ဆောင် ဦးမိုးဒီဟာ ဇာတ်သဘင်လောက ကနေ ရုပ်ရှင်လောကကို ကူးပြောင်းလာခဲ့သူတစ်ဦးဖြစ်သလို ကြော်ငြာများစွာကိုလည်း လက်ခံရိုက်ကူးရတဲ့အပြင် အကယ်ဒမီဆုရရှိထားသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ရောဂါအခံရှိသူတစ်ဦးဖြစ်နေတဲ့အတွက် မိသားစုအနေနဲ့ စိုးရိမ်စိတ်ဖြစ်မိသလို အမြန်ဆုံး ပြန်လည် သက်သာလာစေဖို့ ဆုတောင်းနေကြကြောင်း သိရပါတယ်။

 “အောက်စီဂျင်လည်းမကျဘူးကောင်းတယ်၊ သက်သာတယ်လို့တော့ ပြောတယ်၊ အဖေက တစ်ယောက်တည်း မနေတတ်တော့ စိတ်ပူတယ်၊ ကျွန်တော်တို့လည်း နေပေးလို့မရဘူးလေ၊ စိတ်ဓာတ်မကျအောင်လို့ ဖုန်းနဲ့ ဆက်ပြီးတော့ပဲ အားပေးနေရတယ်၊ ကျန်းကျန်းမာမာနဲ့ အမြန်ပြန်လာနိုင်အောင် ဆုတောင်းပေးနေရ ပါတယ်”လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။

သရုပ်ဆောင် ဦးမိုးဒီဟာ ရောဂါအခံရှိတဲ့အတွက် အိမ်ထဲကအိမ်ပြင်မထွက်ဘဲ နေခဲ့ပေမယ့် ဘယ်လိုဘယ်ပုံ အခုလိုကူးစက်ခံခဲ့ရတယ်ဆိုတာတော့ မိသားစုဝင်အားလုံးက အံ့သြစိုးရိမ်စိတ်တွေ ဖြစ်မိကြတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၂၃

 

(  Zawgyi  )

 

 ဝါရင့္သ႐ုပ္ေဆာင္ႀကီးတစ္ဦးျဖစ္တဲ့ ဦးမိုးဒီဟာ COVID 19 ေရာဂါကူးစက္ခံရတာေၾကာင့္ လက္ရွိဧရာဝတီစင္တာမွာ ကုသမႈခံယူေနတယ္လို႔ သားျဖစ္သူ ဦးေကာင္းစံက အတည္ျပဳေျပာၾကားပါတယ္။သ႐ုပ္ေဆာင္ဦးမိုးဒီဟာ ေလး၊ ငါးရက္ေလာက္ ဖ်ားနာခဲ့ၿပီး ကိုယ္အပူခ်ိန္တက္လိုက္က်လိုက္ ျဖစ္ေနတဲ့ အေျခအေန ေၾကာင့္ COVID ရွိမရွိ စစ္ေဆးခဲ့ရာ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး ကုသမႈခံယူေနရတာျဖစ္ပါတယ္။                    

“အေဖက ေတာ္ေတာ္ေလးဖ်ားတယ္၊ ဘယ္လိုပဲေဆးေတြေသာက္ေသာက္မသက္သာဘူး၊ ေနာက္ဆုံး စစ္ေဆးလိုက္တဲ့အခါက်ေတာ့ Positive ျဖစ္တာပါ၊ စစ္ေဆးတာကေတာ့ ကြၽန္ေတာ္နဲ႔ အေဖ ႏွစ္ေယာက္ စလုံး စစ္ေဆးတာပါ၊ ကြၽန္ေတာ္ကေတာ့ Negative ျဖစ္သြားတယ္၊ အေဖကေတာ့ Positive အေျဖျဖစ္ခဲ့တယ္၊ အဲ့ဒီလိုဆိုေတာ့ အေဖ့ကိုေခၚထားလိုက္တယ္၊ ကြၽန္ေတာ့္ကိုေတာ့ ျပန္လႊတ္လိုက္တယ္၊ အေဖက ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါေတြရွိေနေတာ့ အေဖ့အတြက္စိုးရိမ္တယ္၊ ကိုယ္ကလည္း အနီးကပ္လိုက္ၿပီးျပဳစုေစာင့္ေရွာက္လို႔ မရေတာ့ အဆင္ေျပပါ့မလားဆိုၿပီး ပိုစိတ္ပူမိပါတယ္”လို႔ ၎က ရွင္းျပပါတယ္။

သ႐ုပ္ေဆာင္ ဦးမိုးဒီဟာ ဇာတ္သဘင္ေလာက ကေန ႐ုပ္ရွင္ေလာကကို ကူးေျပာင္းလာခဲ့သူတစ္ဦးျဖစ္သလို ေၾကာ္ျငာမ်ားစြာကိုလည္း လက္ခံ႐ိုက္ကူးရတဲ့အျပင္ အကယ္ဒမီဆုရရွိထားသူတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။ လက္ရွိမွာ ေရာဂါအခံရွိသူတစ္ဦးျဖစ္ေနတဲ့အတြက္ မိသားစုအေနနဲ႔ စိုးရိမ္စိတ္ျဖစ္မိသလို အျမန္ဆုံး ျပန္လည္ သက္သာလာေစဖို႔ ဆုေတာင္းေနၾကေၾကာင္း သိရပါတယ္။

 “ေအာက္စီဂ်င္လည္းမက်ဘူးေကာင္းတယ္၊ သက္သာတယ္လို႔ေတာ့ ေျပာတယ္၊ အေဖက တစ္ေယာက္တည္း မေနတတ္ေတာ့ စိတ္ပူတယ္၊ ကြၽန္ေတာ္တို႔လည္း ေနေပးလို႔မရဘူးေလ၊ စိတ္ဓာတ္မက်ေအာင္လို႔ ဖုန္းနဲ႔ ဆက္ၿပီးေတာ့ပဲ အားေပးေနရတယ္၊ က်န္းက်န္းမာမာနဲ႔ အျမန္ျပန္လာႏိုင္ေအာင္ ဆုေတာင္းေပးေနရ ပါတယ္”လို႔ ၎က ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

သ႐ုပ္ေဆာင္ ဦးမိုးဒီဟာ ေရာဂါအခံရွိတဲ့အတြက္ အိမ္ထဲကအိမ္ျပင္မထြက္ဘဲ ေနခဲ့ေပမယ့္ ဘယ္လိုဘယ္ပုံ အခုလိုကူးစက္ခံခဲ့ရတယ္ဆိုတာေတာ့ မိသားစုဝင္အားလုံးက အံ့ၾသစိုးရိမ္စိတ္ေတြ ျဖစ္မိၾကတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၂၃