【 အနုပညာ 】ဒူးဒဏ်ရာကြောင့် လက်ဝှေ့ပွဲနဲ့လွဲခဲ့ရတဲ့ မိုးမိုး

【 အနုပညာ 】ဒူးဒဏ်ရာကြောင့် လက်ဝှေ့ပွဲနဲ့လွဲခဲ့ရတဲ့ မိုးမိုး

Burmese Street Boxing လက်ဝှေ့ပွဲမှာ ပါဝင်ဖို့ စီစဉ်ထားပေမယ့် ဒူးဒဏ်ရာကြောင့် ပါဝင်ခွင့်မရတော့ဘဲ ပွဲကြည့် ပရိသတ်အဖြစ်ဖြင့်သာ အားပေးဖို့ရှိတယ်လို့ တေးသံရှင် မိုးမိုးက ပြောပါတယ်။
 
ဂီတလောကနဲ့ သရုပ်ဆောင်လောကမှာရှိကြတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တွေဟာ လက်ဝှေ့ကို သရုပ်ပြ ထိုးကြရင်း ရန်ပုံငွေရှာမယ့်ပွဲအတွက် ယခုကတည်းက ကြိုတင်စီစဉ်နေကြတယ်လို့ သိရပါတယ်။
 
 “ကျွန်တော့် ဒူးက အရင်ကလည်း အဆစ်ပြုတ်ဖူးတယ် အခု ချော်လဲတော့ အဆစ်ပြန်လည်သွားတာ၊ အငြိမ့်ကတုန်းကလည်း မတော်တဆဖြစ်ပြီး ဒူးဆစ်ကြီးပြုတ်ဖူးတယ်၊ ဆရာဝန်ကလည်း ဒီပွဲကို မထိုးစေချင်ဘူး၊ အမျိုးသမီးကလည်း မထိုးဖို့ ပြောတယ်၊ လက်ဝှေ့ထိုးတယ်ဆိုတာက ဟန်ပြထိုးကြမှာဖြစ်ပေမယ့် ခုန်ဆွ၊ ခုန်ဆွလေးလုပ်တာဆိုတော့ ဒူးကနာတယ်၊ မျက်နှာလည်းစွပ်ထား၊ လက်အိတ်က စွပ်ထားတဲ့ဟာကျတော့ ထိမိမှာတော့ သိပ်မစိုးရိမ်ရပေမယ့် ဒူးက နာနေတော့ အဆင်မပြေဘူးလေ၊ ဟိုတနေ့ကဆိုရင် ထော့ကျိုးထော့ကျိုးနဲ့ လိုက်ပြီး ဓာတ်ပုံလိုက်ရိုက်ပေး နေရတယ်၊ ခြေထောက်အရွှေ့မှာ တော်တော်လေးနာတယ်၊ ကျွန်တော်ကတော့ ပွဲကြည့်ပရိသတ်အနေနဲ့ ကြည့်ဖို့ပဲ ရှိမယ်၊ ဒီပွဲက တော်တော်လည်း ရယ်ရမယ့်ပွဲပါ”လို့ တေးသံရှင် မိုးမိုးက ပြောပါတယ်။
 
သူဟာ အဆိုပါလက်ဝှေ့ပွဲမှာ Novem နဲ့ ထိုးဖို့ ပြင်ဆင်ထားပေမယ့် လေ့ကျင့်ခန်းတွေလုပ်နေစဉ် လေ့ကျင့်ခန်း နားတဲ့ ရက်မှာ ကားပေါ်ကအဆင်းအခန့်မသင့်ဘဲ ဒူးပြန်နာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း COVID ကာလဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို မလုပ်ရပေမယ့် အခုလို ရန်ပုံငွေရှာတဲ့အနေနဲ့ သရုပ်ပြထိုးသတ်ကြမယ့် လက်ဝှေ့ပွဲအတွက် လိုအပ်တဲ့ အကူအညီပေးတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
 “ဒီပွဲကို ပရိသတ်တွေအားလုံးက ကြိုက်ကြမယ်ထင်တယ်၊ လောလောဆယ် ကျွန်တော်သိသလောက်ကတော့ ပွင့်နဒီမောင်က ဂျင်းနီနဲ့ ထိုးမယ်၊ မိုးအောင်ရင်က J Fire ထိုးမယ်၊  သင်ဇာဝင့်ကျော်ရဲ့ မောင်လေးနဲ့ ရဲနောင်နဲ့ထိုးမယ်၊ ထူးခြား က တက်တူးတွေနဲ့ တစ်ယောက် အဲ့တစ်ယောက်နဲ့ထိုးမယ်”လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။
 
ယခုလို COVID ကာလထဲ တေးသီချင်းအချို့စီစဉ်ထားပေမယ့် စိတ်ကြိုက်အနေအထားမျိုးမဖြစ်သေးတဲ့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဖို့ရှိနေသေးသလို ယခုလိုရန်ပုံငွေပွဲတွေအတွက် စီစဉ်နေရတာကြောင့်လည်း ယခု ရက်ပိုင်း အတောအတွင်းမှာ ဒူးနာနေပေမယ့် မအားလပ်တဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ သိရပါတယ်။
 
 မင်းခေတ်လင်း  
ရန်ကုန်၊ ဇန်နဝါရီ ၂၃ 
 
(  Zawgyi  )
 
 Burmese Street Boxing လက္ေဝွ႔ပြဲမွာ ပါဝင္ဖို႔ စီစဥ္ထားေပမယ့္ ဒူးဒဏ္ရာေၾကာင့္ ပါဝင္ခြင့္မရေတာ့ဘဲ ပြဲၾကည့္ ပရိသတ္အျဖစ္ျဖင့္သာ အားေပးဖို႔ရွိတယ္လို႔ ေတးသံရွင္ မိုးမိုးက ေျပာပါတယ္။
 
ဂီတေလာကနဲ႔ သ႐ုပ္ေဆာင္ေလာကမွာရွိၾကတဲ့ ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္ေတြဟာ လက္ေဝွ႔ကို သ႐ုပ္ျပ ထိုးၾကရင္း ရန္ပုံေငြရွာမယ့္ပြဲအတြက္ ယခုကတည္းက ႀကိဳတင္စီစဥ္ေနၾကတယ္လို႔ သိရပါတယ္။
 
 “ကြၽန္ေတာ့္ ဒူးက အရင္ကလည္း အဆစ္ျပဳတ္ဖူးတယ္ အခု ေခ်ာ္လဲေတာ့ အဆစ္ျပန္လည္သြားတာ၊ အၿငိမ့္ကတုန္းကလည္း မေတာ္တဆျဖစ္ၿပီး ဒူးဆစ္ႀကီးျပဳတ္ဖူးတယ္၊ ဆရာဝန္ကလည္း ဒီပြဲကို မထိုးေစခ်င္ဘူး၊ အမ်ိဳးသမီးကလည္း မထိုးဖို႔ ေျပာတယ္၊ လက္ေဝွ႔ထိုးတယ္ဆိုတာက ဟန္ျပထိုးၾကမွာျဖစ္ေပမယ့္ ခုန္ဆြ၊ ခုန္ဆြေလးလုပ္တာဆိုေတာ့ ဒူးကနာတယ္၊ မ်က္ႏွာလည္းစြပ္ထား၊ လက္အိတ္က စြပ္ထားတဲ့ဟာက်ေတာ့ ထိမိမွာေတာ့ သိပ္မစိုးရိမ္ရေပမယ့္ ဒူးက နာေနေတာ့ အဆင္မေျပဘူးေလ၊ ဟိုတေန႔ကဆိုရင္ ေထာ့က်ိဳးေထာ့က်ိဳးနဲ႔ လိုက္ၿပီး ဓာတ္ပုံလိုက္႐ိုက္ေပး ေနရတယ္၊ ေျခေထာက္အေ႐ႊ႕မွာ ေတာ္ေတာ္ေလးနာတယ္၊ ကြၽန္ေတာ္ကေတာ့ ပြဲၾကည့္ပရိသတ္အေနနဲ႔ ၾကည့္ဖို႔ပဲ ရွိမယ္၊ ဒီပြဲက ေတာ္ေတာ္လည္း ရယ္ရမယ့္ပြဲပါ”လို႔ ေတးသံရွင္ မိုးမိုးက ေျပာပါတယ္။
 
သူဟာ အဆိုပါလက္ေဝွ႔ပြဲမွာ Novem နဲ႔ ထိုးဖို႔ ျပင္ဆင္ထားေပမယ့္ ေလ့က်င့္ခန္းေတြလုပ္ေနစဥ္ ေလ့က်င့္ခန္း နားတဲ့ ရက္မွာ ကားေပၚကအဆင္းအခန႔္မသင့္ဘဲ ဒူးျပန္နာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာလည္း COVID ကာလျဖစ္တဲ့အတြက္ အႏုပညာအလုပ္ေတြကို မလုပ္ရေပမယ့္ အခုလို ရန္ပုံေငြရွာတဲ့အေနနဲ႔ သ႐ုပ္ျပထိုးသတ္ၾကမယ့္ လက္ေဝွ႔ပြဲအတြက္ လိုအပ္တဲ့ အကူအညီေပးတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
 
 “ဒီပြဲကို ပရိသတ္ေတြအားလုံးက ႀကိဳက္ၾကမယ္ထင္တယ္၊ ေလာေလာဆယ္ ကြၽန္ေတာ္သိသေလာက္ကေတာ့ ပြင့္နဒီေမာင္က ဂ်င္းနီနဲ႔ ထိုးမယ္၊ မိုးေအာင္ရင္က J Fire ထိုးမယ္၊  သင္ဇာဝင့္ေက်ာ္ရဲ႕ ေမာင္ေလးနဲ႔ ရဲေနာင္နဲ႔ထိုးမယ္၊ ထူးျခား က တက္တူးေတြနဲ႔ တစ္ေယာက္ အဲ့တစ္ေယာက္နဲ႔ထိုးမယ္”လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။
 
ယခုလို COVID ကာလထဲ ေတးသီခ်င္းအခ်ိဳ႕စီစဥ္ထားေပမယ့္ စိတ္ႀကိဳက္အေနအထားမ်ိဳးမျဖစ္ေသးတဲ့အတြက္ လိုအပ္တဲ့ျပင္ဆင္မႈေတြလုပ္ဖို႔ရွိေနေသးသလို ယခုလိုရန္ပုံေငြပြဲေတြအတြက္ စီစဥ္ေနရတာေၾကာင့္လည္း ယခု ရက္ပိုင္း အေတာအတြင္းမွာ ဒူးနာေနေပမယ့္ မအားလပ္တဲ့အေျခအေနမ်ိဳးျဖစ္ေနတယ္လို႔ သိရပါတယ္။
 
 မင္းေခတ္လင္း  
ရန္ကုန္၊ ဇန္နဝါရီ ၂၃