【 အနုပညာ 】ပညာရေးကိုသာ အဓိကပြင်ဆင်နေတဲ့ ကလေးသရုပ်ဆောင် ဂျူလီယာပါဝါ

【  အနုပညာ  】ပညာရေးကိုသာ အဓိကပြင်ဆင်နေတဲ့ ကလေးသရုပ်ဆောင် ဂျူလီယာပါဝါ

မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေထဲ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ရင်း လူသိများသူ တစ်ဦးဖြစ်တဲ့ ဂျူလီယာပါဝါဟာ အခုဆိုရင် အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပညာရေးကိုသာ အဓိကထား လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“သမီးက အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တာပါ၊ ဒါကြောင့်လည်း သူ့ရဲ့ဝါသနာကို မိဘတွေက ပံ့ပိုးပေးရင်း မြေတောင်မြှောက် ပေးရမယ်လေ၊ သူဖြစ်ချင်တဲ့ဟာကို ထူးထူးချွန်ချွန်နဲ့ဖြစ်စေဖို့ အနုပညာအလုပ်တွေကို မလုပ်ခိုင်းတော့ဘူး၊ အနုပညာအလုပ်ဆိုတာ မသေမချင်း ထပြီးလုပ်လို့ရပါတယ်။ ပညာဆိုတာ သူ့ အချိန်အတိုင်းအတာလေး တစ်ခုပဲလုပ်လို့ရတာလေ၊ အခုလည်း သမီးလေးရဲ့ အောင်မြင်မှုအတွက် အင်မတန် ဂုဏ်ယူမိတယ်၊ ပျော်လည်းပျော်ရွှင်မိတယ်”လို့ သူမရဲ့မိခင်ဖြစ်သူ ဒေါ်ခင်ဥမ္မာထွန်းက ရှင်းပြပါတယ်။

ကလေး သရုပ်ဆောင် ဂျူလီယာပါဝါ ဟာ အခု ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး မလှိုင် စာစစ်ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ရာ ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ခဲ့သလို သူဝါသနာပါတဲ့ အင်ဂျင်နီယာ အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သူမဟာ ဇာတ်ကားတွေထဲသရုပ်ဆောင်တဲ့အခါ စကားမပီကလာ ပီကလာလေးနဲ့ ပြောဆိုတတ်တာ ကြောင့် ပရိသတ်တွေက သတိပြု မိခဲ့သူလည်းဖြစ်သလို ချစ်ခင်အားပေးကြသူတွေလည်းများလာခဲ့ပါတယ်။ သို့ပေမယ့် အနုပညာအလုပ်တွေထက် သူဖြစ်ချင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်စေဖို့ ကြိုးစားနေပြီး အနုပညာ အလုပ်တွေကို ရပ်နားထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သမီးရဲ့ ဖေဖေနဲ့မေမေကလည်း သမီးဖြစ်စေချင်တာကို ပံ့ပိုးပေးပါတယ်၊ သမီးဝါသနာပါတာက အင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင် တာပါ၊ ဒါ့ကြောင့်လည်း ကြိုးစားခဲ့ပါတယ်၊ အခုလိုဂုဏ်ထူးတွေနဲ့အောင်မြင်တဲ့အပေါ် သမီးရဲ့မိဘတွေက အရမ်းလည်းပျော်ခဲ့ကြတယ်၊ သမီးကလည်း ပျော်စေချင်တာပါ၊ ဖေဖေမေမေဖြစ်စေချင် တာကိုလည်း လုပ်သွားမှာပါ၊ စာကိုပုံမှန်လေး လေ့လာကျက် မှတ်တာ ကြောင့်လည်း အခုလို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တာပါ၊ ဖေဖေနဲ့မေမေကို ပျော်ရွှင်အောင် ကြိုးစားပေးနိုင်ခဲ့လို့လည်း ကျေနပ်မိပါတယ်၊ အရမ်း ပျော်ရွှင်မိပါတယ်”လို့ သူမက ရှင်းပြပါတယ်။ အနုပညာအလုပ်ကိုတော့ အားလပ်တဲ့အချိန်တွေကျတော့မှသာ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆက်လက်သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ဒေါ်ခင်ဥမ္မာထွန်း)

(  Zawgyi  )

 ျမန္မာ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြထဲ ကေလးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ရင္း လူသိမ်ားသူ တစ္ဦးျဖစ္တဲ့ ဂ်ဴလီယာပါဝါဟာ အခုဆိုရင္ အႏုပညာအလုပ္ေတြကို ရပ္နားထားၿပီး ပညာေရးကိုသာ အဓိကထား လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

“သမီးက အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ခ်င္တာပါ၊ ဒါေၾကာင့္လည္း သူ႔ရဲ႕ဝါသနာကို မိဘေတြက ပံ့ပိုးေပးရင္း ေျမေတာင္ေျမႇာက္ ေပးရမယ္ေလ၊ သူျဖစ္ခ်င္တဲ့ဟာကို ထူးထူးခြၽန္ခြၽန္နဲ႔ျဖစ္ေစဖို႔ အႏုပညာအလုပ္ေတြကို မလုပ္ခိုင္းေတာ့ဘူး၊ အႏုပညာအလုပ္ဆိုတာ မေသမခ်င္း ထၿပီးလုပ္လို႔ရပါတယ္။ ပညာဆိုတာ သူ႔ အခ်ိန္အတိုင္းအတာေလး တစ္ခုပဲလုပ္လို႔ရတာေလ၊ အခုလည္း သမီးေလးရဲ႕ ေအာင္ျမင္မႈအတြက္ အင္မတန္ ဂုဏ္ယူမိတယ္၊ ေပ်ာ္လည္းေပ်ာ္႐ႊင္မိတယ္”လို႔ သူမရဲ႕မိခင္ျဖစ္သူ ေဒၚခင္ဥမၼာထြန္းက ရွင္းျပပါတယ္။

ကေလး သ႐ုပ္ေဆာင္ ဂ်ဴလီယာပါဝါ ဟာ အခု ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မႏၲေလးတိုင္းေဒသႀကီး မလႈိင္ စာစစ္ဌာနမွ ဝင္ေရာက္ေျဖဆိုခဲ့ရာ ဂုဏ္ထူးေလးဘာသာျဖင့္ ေအာင္ျမင္ခဲ့သလို သူဝါသနာပါတဲ့ အင္ဂ်င္နီယာ အလုပ္ကိုလုပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

သူမဟာ ဇာတ္ကားေတြထဲသ႐ုပ္ေဆာင္တဲ့အခါ စကားမပီကလာ ပီကလာေလးနဲ႔ ေျပာဆိုတတ္တာ ေၾကာင့္ ပရိသတ္ေတြက သတိျပဳ မိခဲ့သူလည္းျဖစ္သလို ခ်စ္ခင္အားေပးၾကသူေတြလည္းမ်ားလာခဲ့ပါတယ္။ သို႔ေပမယ့္ အႏုပညာအလုပ္ေတြထက္ သူျဖစ္ခ်င္တဲ့ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ေစဖို႔ ႀကိဳးစားေနၿပီး အႏုပညာ အလုပ္ေတြကို ရပ္နားထားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“သမီးရဲ႕ ေဖေဖနဲ႔ေမေမကလည္း သမီးျဖစ္ေစခ်င္တာကို ပံ့ပိုးေပးပါတယ္၊ သမီးဝါသနာပါတာက အင္ဂ်င္နီယာ တစ္ေယာက္ျဖစ္ခ်င္ တာပါ၊ ဒါ့ေၾကာင့္လည္း ႀကိဳးစားခဲ့ပါတယ္၊ အခုလိုဂုဏ္ထူးေတြနဲ႔ေအာင္ျမင္တဲ့အေပၚ သမီးရဲ႕မိဘေတြက အရမ္းလည္းေပ်ာ္ခဲ့ၾကတယ္၊ သမီးကလည္း ေပ်ာ္ေစခ်င္တာပါ၊ ေဖေဖေမေမျဖစ္ေစခ်င္ တာကိုလည္း လုပ္သြားမွာပါ၊ စာကိုပုံမွန္ေလး ေလ့လာက်က္ မွတ္တာ ေၾကာင့္လည္း အခုလို ဂုဏ္ထူးေတြနဲ႔ ေအာင္ျမင္ခဲ့တာပါ၊ ေဖေဖနဲ႔ေမေမကို ေပ်ာ္႐ႊင္ေအာင္ ႀကိဳးစားေပးႏိုင္ခဲ့လို႔လည္း ေက်နပ္မိပါတယ္၊ အရမ္း ေပ်ာ္႐ႊင္မိပါတယ္”လို႔ သူမက ရွင္းျပပါတယ္။ အႏုပညာအလုပ္ကိုေတာ့ အားလပ္တဲ့အခ်ိန္ေတြက်ေတာ့မွသာ လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ထားတယ္လို႔လည္း ဆက္လက္သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ေဒၚခင္ဥမၼာထြန္း)