【 အနုပညာ 】ပထမဆုံး Single Song အတွက် ကျေနပ်နေတဲ့ တေးသံရှင် အေးမြဖြူ

【  အနုပညာ  】ပထမဆုံး Single Song အတွက် ကျေနပ်နေတဲ့ တေးသံရှင် အေးမြဖြူ

ကလေးဘဝကတည်းက မြန်မာသံစဉ်တွေနဲ့ အကျွမ်းတဝင်ရင်းနှီးခဲ့သူလည်းဖြစ်ခဲ့တဲ့ တေးသံရှင် အေးမြဖြူဟာ သူမရဲ့ ပထမဆုံး Single Song တစ်ပုဒ်ကို အွန်လိုင်းကနေ ထုတ်လွှင့်ပေးခဲ့ရာ ပရိသတ်ကြိုက်နှစ်သက်မှု များပြားတာကို တွေ့ခဲ့ရတာကြောင့် အလွန်ကျေနပ်မိခဲ့တယ်လို့ ပြောပါတယ်။

“ဒီလိုမျိုး အားပေးကြတော့ အရမ်းပျော်မိတာပေါ့နော်၊ အခုလိုကာလမှာ အပြင်မှာလည်း ပွဲတွေဘာတွေလုပ်ခွင့် မရတဲ့အခါကျတော့လေ အွန်လိုင်းကနေ တင်လိုက်တော့ အစတုန်းက အဆင်ပြေပါ့မလားလို့တောင် စိတ်ပူမိခဲ့ သေးတယ်၊ အခုတော့ နှစ်သက်တဲ့ပရိသတ်တွေ များတာကို သိရတော့ အရမ်းကိုပီတိလည်းဖြစ်တယ်၊ ပျော်လည်း ပျော်ရွှင်မိတယ်”လို့ သူမက ရှင်းပြပါတယ်။ သူမဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲ မှာ ပါဝင်ခဲ့သလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအခိုင်အမာပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

 “လွမ်းနေလို့”ဆိုပြီး နာမည်ရတဲ့ သူမရဲ့ Single Song တေးသီချင်းကို ဇွန် ၂၆ ရက် ၁၂ နာရီလောက်မှာ လူမှုကွန်ရက်ကနေ စတင်လို့ ပရိသတ်တွေဆီထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
“အွန်လိုင်းကနေ တင်တာမကြာသေးဘူး၊ ဒီနေ့(ဇွန်လ ၂၈ ရက်) အထိကိုပဲ အားပေးကြည့်ရှုတဲ့ သူပေါင်း ၃၉ သိန်းကျော်လောက် ဖြစ်သွားခဲ့တယ်၊ ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ၊ ဒီလိုကာလထဲမှာ အားပေး ကြည့်ရှုတဲ့ပရိသတ်တွေ အခုလိုအများကြီးဆိုတာ သိရလို့လည်း အရမ်းလည်းအားတက်မိတယ်၊ အကောင်းဆုံး ဖြစ်အောင်လည်း အများကြီးကြိုးစားသွား ပါ့မယ်”လို့ သူမက ပြောပြပါတယ်။

သူမဟာ တေးသီချင်းပြိုင်ပွဲ ပြီးတဲ့နောက်မှာ သရုပ်ဆောင် ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့အတူ “ချစ်စခင်စမှော်ရုံ” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားထဲ ပါဝင်သရုပ်ဆောင် ထားပြီး လက်ရှိအချိန်မှာတော့ သရုပ်ဆောင်အပိုင်းထက် ဂီတဘက်ကိုပိုပြီးလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)

(  Zawgyi  )

 ကေလးဘဝကတည္းက ျမန္မာသံစဥ္ေတြနဲ႔ အကြၽမ္းတဝင္ရင္းႏွီးခဲ့သူလည္းျဖစ္ခဲ့တဲ့ ေတးသံရွင္ ေအးျမျဖဴဟာ သူမရဲ႕ ပထမဆုံး Single Song တစ္ပုဒ္ကို အြန္လိုင္းကေန ထုတ္လႊင့္ေပးခဲ့ရာ ပရိသတ္ႀကိဳက္ႏွစ္သက္မႈ မ်ားျပားတာကို ေတြ႕ခဲ့ရတာေၾကာင့္ အလြန္ေက်နပ္မိခဲ့တယ္လို႔ ေျပာပါတယ္။

“ဒီလိုမ်ိဳး အားေပးၾကေတာ့ အရမ္းေပ်ာ္မိတာေပါ့ေနာ္၊ အခုလိုကာလမွာ အျပင္မွာလည္း ပြဲေတြဘာေတြလုပ္ခြင့္ မရတဲ့အခါက်ေတာ့ေလ အြန္လိုင္းကေန တင္လိုက္ေတာ့ အစတုန္းက အဆင္ေျပပါ့မလားလို႔ေတာင္ စိတ္ပူမိခဲ့ ေသးတယ္၊ အခုေတာ့ ႏွစ္သက္တဲ့ပရိသတ္ေတြ မ်ားတာကို သိရေတာ့ အရမ္းကိုပီတိလည္းျဖစ္တယ္၊ ေပ်ာ္လည္း ေပ်ာ္႐ႊင္မိတယ္”လို႔ သူမက ရွင္းျပပါတယ္။ သူမဟာ Myanmar Idol (Season-4) သီခ်င္းဆိုၿပိဳင္ပြဲ မွာ ပါဝင္ခဲ့သလို ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကိုအခိုင္အမာပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။

 “လြမ္းေနလို႔”ဆိုၿပီး နာမည္ရတဲ့ သူမရဲ႕ Single Song ေတးသီခ်င္းကို ဇြန္ ၂၆ ရက္ ၁၂ နာရီေလာက္မွာ လူမႈကြန္ရက္ကေန စတင္လို႔ ပရိသတ္ေတြဆီထုတ္လႊင့္ခဲ့တာျဖစ္ပါတယ္။
“အြန္လိုင္းကေန တင္တာမၾကာေသးဘူး၊ ဒီေန႔(ဇြန္လ ၂၈ ရက္) အထိကိုပဲ အားေပးၾကည့္ရႈတဲ့ သူေပါင္း ၃၉ သိန္းေက်ာ္ေလာက္ ျဖစ္သြားခဲ့တယ္၊ ဆက္ၿပီးေတာ့လည္း ႀကိဳးစားသြားမွာပါ၊ ဒီလိုကာလထဲမွာ အားေပး ၾကည့္ရႈတဲ့ပရိသတ္ေတြ အခုလိုအမ်ားႀကီးဆိုတာ သိရလို႔လည္း အရမ္းလည္းအားတက္မိတယ္၊ အေကာင္းဆုံး ျဖစ္ေအာင္လည္း အမ်ားႀကီးႀကိဳးစားသြား ပါ့မယ္”လို႔ သူမက ေျပာျပပါတယ္။

သူမဟာ ေတးသီခ်င္းၿပိဳင္ပြဲ ၿပီးတဲ့ေနာက္မွာ သ႐ုပ္ေဆာင္ ေဒါင္း၊ ေက်ာ္ထက္ေအာင္၊ မိုးေဟကို၊ ပိုင္ၿဖိဳးသုတို႔နဲ႔အတူ “ခ်စ္စခင္စေမွာ္႐ုံ” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားထဲ ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး လက္ရွိအခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္အပိုင္းထက္ ဂီတဘက္ကိုပိုၿပီးလုပ္ျဖစ္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)