【 အနုပညာ 】ပရိသတ်ရှေ့မှာ ဆက်aတိုက် မြင်တွေ့လာရဖို့ရှိနေတယ်ဆိုတဲ့ “ဟန်တီ”

【 အနုပညာ 】ပရိသတ်ရှေ့မှာ ဆက်တိုက် မြင်တွေ့လာရဖို့ရှိနေတယ်ဆိုတဲ့  “ဟန်တီ”

 

မျိုးဆက်သစ်အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အားပေးသူပရိသတ်တွေ အခိုင်အမာရနေတဲ့ သရုပ်ဆောင် ဟန်တီဟာ အခုရက်ပိုင်းအတွင်း ဇာတ်လမ်းရိုက်ကူးတာတွေအပါအဝင် ကြော်ငြာလေးတွေလည်း ရိုက်ကူးဖို့ လက်ခံထားတဲ့ အခြေအနေတွေကြောင့် ပရိသတ်တွေအနေနဲ့ ဆက်တိုက်မြင်တွေ့လာရဖို့ရှိနေတယ်လို့ သိရပါတယ်။
 
“အခုဆိုရင် ဗီဒီယိုကားလေး လက်ခံထားတယ်၊ ကြော်ငြာလေးတွေ လက်ခံထားတာ ဖြစ်တဲ့အတွက် ပရိသတ်တွေ အနေနဲ့ ဟန်တီကို အဆက်မပြတ်မြင်ရမှာပါ။ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်၊ မတ်လထဲ UK မှာ ကျောင်းသွားတက်ဖို့ရှိတယ်၊ Bussiness Communication ကို scholarship စကောလားရှစ်နဲ့ သွားတက်မှာပါ၊ ဟန်တီက ပညာတွေဆက်သင်မယ်၊ စီးပွားရေးတွေလုပ်မယ်၊ Plan တွေ အများကြီးဖော်ထားတယ်”လို့ သရုပ်ဆောင် ဟန်တီက ရှင်းပြပါတယ်။
 
သူမဟာ အင်ဂျင်နီယာတစ်ယောက်အဖြစ် ဝါသနာပါခဲ့ပေမယ့် အနုပညာအလုပ်ကိုလုပ်ကိုင်ရင်း အား ပေးသူတွေအခိုင်အမာ ရလာသလို ဆက်လက်ပြီးလည်း အနာဂတ်လမ်းမှာ အနုပညာအလုပ်ကိုသာ လုပ်ကိုင်သွားဖို့ ပြင်ဆင်ထားသလို အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရောက်ရှိလာစေဖို့ မျှော်မှန်း ကြိုးပန်းနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
 
 “ငယ်ငယ်လေးကတည်းက လိုချင်တဲ့ဘဝတော့မဟုတ်ဘူး၊ မြန်မာ နိုင်ငံမှာ အနုပညာရှင်တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူတယ်၊ ကိုယ်ဆက်ပြီး လုပ်လို့ရတာတွေ အများကြီး မြင်ရ တယ်၊ ဆက်ပြီးတော့လည်း မြန်မာကို ကမ္ဘာကသိအောင်လုပ်ချင်စိတ်တွေပဲပေါ်တယ်၊ ကိုယ့်အနုပညာ အလုပ်ကို သေသေချာချာနဲ့ အကောင်းဆုံးလုပ် မယ်၊ အားထည့်ပြီးလုပ်မယ်၊ အဲ့ဒီလို လုပ်တဲ့အခါ မှာလည်း Result ကတော့ ကောင်းမှာပဲ၊ ဒါသေချာတယ်၊ ဘယ်သူနဲ့ပဲ ယှဉ်လိုက်ယှဉ်လိုက် ကိုယ်က တစ်ပန်းသာနေ ရမယ်ဆိုတဲ့ စိတ်ကို ဟန်တီက အမြဲထည့်ထားတယ်၊ ကိုယ့်ကိုယ်ကိုပဲ အဓိကထားပြိုင်တာပါ၊ မနေ့က ဟန်တီထက် ဒီနေ့က ပိုပြီးတော်ရမယ်”လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။
 
သူမဟာ အတွက်အချက်ဝါသနာပါသူလည်းဖြစ်သလို ရှေ့ဆက်ရမယ့်ဘဝအတွက် ကိုယ်တိုင်အစီအမံတွေ ကို ရေးဆွဲရင်း တွက်ချက်လုပ်ဆောင်ခဲ့ပြီး ဘဝအတွက် ဦးတည်ချက်တွေထားကာ ကြိုးပမ်းခဲ့တာကြောင့် အချစ် ရေး ကိစ္စကိုလည်း ဦးနှောက်နဲ့ပဲ စဉ်းစားဖြစ်တယ်လို့ ဆိုပါတယ်။
 
“ကိုယ်က ယူတာက ယူလိုက်တယ်၊ ရှေ့ဆက်ရမယ့်လမ်းမှာ အခုထက်ပိုပြီးတော့ နှစ်ဆလောက် ထပ်ပြီး အလုပ်လုပ်နေရဦးမယ်ဆိုရင် ကိုယ်က ဒီလမ်းကို ဘာလို့ရွေးချယ်တော့မှာလဲ၊ ကိုယ့်ရဲ့ဘဝကို ဒီထက်ပိုပြီး တိုး တက်အောင် စဉ်းစားသင့်တယ်လေ၊ ဟန်တီကတော့ အဲ့လိုစဉ်းစားတတ်တယ်၊ အရာရာမှာလဲ တွက်ချက်တတ် တယ်၊ တွက်ချက်တာကို အရမ်း ဝါသနာပါတာလေ”လို့ ၎င်းက ဆက်ပြောပါတယ်။
 
သူမဟာ ငယ်စဉ်ကတည်းက ဘဝကို စနစ်တကျပြုစုပျိုးထောင်မှုနဲ့ နေထိုင်ခဲ့ပြီး အနုပညာအလုပ်တွေကို အသက် ၁၄ နှစ်အရွယ်ကတည်းက လုပ်ကိုင်ခဲ့တာကြောင့် သာမန်လူငယ်တွေရဲ့ လွတ်လပ်မှုကုန်ဆုံးခဲ့ပေမယ့် အတွေးအခေါ်တွေ၊ အတွေ့အကြုံ တွေ ရင့်ကျက်ခဲ့ကာ လူတွေရဲ့အကြောင်းကိုလည်း ပိုမိုသိရှိလာခဲ့တယ်လို့ သိရပါတယ်။ 
 
မင်းခေတ်လင်း  
 
(  Zawgyi  )
 
မ်ိဳးဆက္သစ္အႏုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ အားေပးသူပရိသတ္ေတြ အခိုင္အမာရေနတဲ့ သ႐ုပ္ေဆာင္ ဟန္တီဟာ အခုရက္ပိုင္းအတြင္း ဇာတ္လမ္း႐ိုက္ကူးတာေတြအပါအဝင္ ေၾကာ္ျငာေလးေတြလည္း ႐ိုက္ကူးဖို႔ လက္ခံထားတဲ့ အေျခအေနေတြေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ဆက္တိုက္ျမင္ေတြ႕လာရဖို႔ရွိေနတယ္လို႔ သိရပါတယ္။
 
“အခုဆိုရင္ ဗီဒီယိုကားေလး လက္ခံထားတယ္၊ ေၾကာ္ျငာေလးေတြ လက္ခံထားတာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြ အေနနဲ႔ ဟန္တီကို အဆက္မျပတ္ျမင္ရမွာပါ။ အားေပးတဲ့ ပရိသတ္ေတြကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္ရွင္၊ မတ္လထဲ UK မွာ ေက်ာင္းသြားတက္ဖို႔ရွိတယ္၊ Bussiness Communication ကို scholarship စေကာလားရွစ္နဲ႔ သြားတက္မွာပါ၊ ဟန္တီက ပညာေတြဆက္သင္မယ္၊ စီးပြားေရးေတြလုပ္မယ္၊ Plan ေတြ အမ်ားႀကီးေဖာ္ထားတယ္”လို႔ သ႐ုပ္ေဆာင္ ဟန္တီက ရွင္းျပပါတယ္။
 
သူမဟာ အင္ဂ်င္နီယာတစ္ေယာက္အျဖစ္ ဝါသနာပါခဲ့ေပမယ့္ အႏုပညာအလုပ္ကိုလုပ္ကိုင္ရင္း အား ေပးသူေတြအခိုင္အမာ ရလာသလို ဆက္လက္ၿပီးလည္း အနာဂတ္လမ္းမွာ အႏုပညာအလုပ္ကိုသာ လုပ္ကိုင္သြားဖို႔ ျပင္ဆင္ထားသလို ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္အျဖစ္ ေရာက္ရွိလာေစဖို႔ ေမွ်ာ္မွန္း ႀကိဳးပန္းေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။
 
 “ငယ္ငယ္ေလးကတည္းက လိုခ်င္တဲ့ဘဝေတာ့မဟုတ္ဘူး၊ ျမန္မာ ႏိုင္ငံမွာ အႏုပညာရွင္တစ္ေယာက္ ျဖစ္ရတာ ဂုဏ္ယူတယ္၊ ကိုယ္ဆက္ၿပီး လုပ္လို႔ရတာေတြ အမ်ားႀကီး ျမင္ရ တယ္၊ ဆက္ၿပီးေတာ့လည္း ျမန္မာကို ကမာၻကသိေအာင္လုပ္ခ်င္စိတ္ေတြပဲေပၚတယ္၊ ကိုယ့္အႏုပညာ အလုပ္ကို ေသေသခ်ာခ်ာနဲ႔ အေကာင္းဆုံးလုပ္ မယ္၊ အားထည့္ၿပီးလုပ္မယ္၊ အဲ့ဒီလို လုပ္တဲ့အခါ မွာလည္း Result ကေတာ့ ေကာင္းမွာပဲ၊ ဒါေသခ်ာတယ္၊ ဘယ္သူနဲ႔ပဲ ယွဥ္လိုက္ယွဥ္လိုက္ ကိုယ္က တစ္ပန္းသာေန ရမယ္ဆိုတဲ့ စိတ္ကို ဟန္တီက အၿမဲထည့္ထားတယ္၊ ကိုယ့္ကိုယ္ကိုပဲ အဓိကထားၿပိဳင္တာပါ၊ မေန႔က ဟန္တီထက္ ဒီေန႔က ပိုၿပီးေတာ္ရမယ္”လို႔ ၎က ရွင္းျပခဲ့ပါတယ္။
 
သူမဟာ အတြက္အခ်က္ဝါသနာပါသူလည္းျဖစ္သလို ေရွ႕ဆက္ရမယ့္ဘဝအတြက္ ကိုယ္တိုင္အစီအမံေတြ ကို ေရးဆြဲရင္း တြက္ခ်က္လုပ္ေဆာင္ခဲ့ၿပီး ဘဝအတြက္ ဦးတည္ခ်က္ေတြထားကာ ႀကိဳးပမ္းခဲ့တာေၾကာင့္ အခ်စ္ ေရး ကိစၥကိုလည္း ဦးေႏွာက္နဲ႔ပဲ စဥ္းစားျဖစ္တယ္လို႔ ဆိုပါတယ္။
 
“ကိုယ္က ယူတာက ယူလိုက္တယ္၊ ေရွ႕ဆက္ရမယ့္လမ္းမွာ အခုထက္ပိုၿပီးေတာ့ ႏွစ္ဆေလာက္ ထပ္ၿပီး အလုပ္လုပ္ေနရဦးမယ္ဆိုရင္ ကိုယ္က ဒီလမ္းကို ဘာလို႔ေ႐ြးခ်ယ္ေတာ့မွာလဲ၊ ကိုယ့္ရဲ႕ဘဝကို ဒီထက္ပိုၿပီး တိုး တက္ေအာင္ စဥ္းစားသင့္တယ္ေလ၊ ဟန္တီကေတာ့ အဲ့လိုစဥ္းစားတတ္တယ္၊ အရာရာမွာလဲ တြက္ခ်က္တတ္ တယ္၊ တြက္ခ်က္တာကို အရမ္း ဝါသနာပါတာေလ”လို႔ ၎က ဆက္ေျပာပါတယ္။
 
သူမဟာ ငယ္စဥ္ကတည္းက ဘဝကို စနစ္တက်ျပဳစုပ်ိဳးေထာင္မႈနဲ႔ ေနထိုင္ခဲ့ၿပီး အႏုပညာအလုပ္ေတြကို အသက္ ၁၄ ႏွစ္အ႐ြယ္ကတည္းက လုပ္ကိုင္ခဲ့တာေၾကာင့္ သာမန္လူငယ္ေတြရဲ႕ လြတ္လပ္မႈကုန္ဆုံးခဲ့ေပမယ့္ အေတြးအေခၚေတြ၊ အေတြ႕အႀကဳံ ေတြ ရင့္က်က္ခဲ့ကာ လူေတြရဲ႕အေၾကာင္းကိုလည္း ပိုမိုသိရွိလာခဲ့တယ္လို႔ သိရပါတယ္။ 
 
မင္းေခတ္လင္း