【 အနုပညာ 】ပရိသတ်အတွက် စိတ်ထိခိုက်စရာဖြစ်ခဲ့ပါက တောင်းပန်မိကြောင်း သရုပ်ဆောင် ထားထက်ထက်က ဆိုလာ

【  အနုပညာ  】ပရိသတ်အတွက် စိတ်ထိခိုက်စရာဖြစ်ခဲ့ပါက တောင်းပန်မိကြောင်း သရုပ်ဆောင် ထားထက်ထက်က ဆိုလာ

သရုပ်ဆောင် ထားထက်ထက်ဟာ သူမသရုပ်ဆောင်ပါဝင်ခဲ့တဲ့ Music Video တစ်ခုနဲ့ပတ်သက်လို့ ပရိသတ်အတွက် စိတ်ထိခိုက်စရာဖြစ်ခဲ့ပါက တောင်းပန်မိကြောင်း ထုတ်ဖော်ပြောကြားပါတယ်။

“ကိုယ်ရံတော်နေရာကနေပါဝင် သရုပ်ဆောင်လိုက်မိတာက ကြည့်ရှုသူပရိသတ်တွေအတွက် ၊ ပရိသတ်တွေအားလုံး အတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး ထိခိုက်သွားရသူများရှိရင် ကျွန်မက မှားသွားတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်ရှင့်၊ တကယ်တောင်းပန်တာပါ၊ နောက်နောင် အခုလို မဖြစ်စေဖို့ ပိုပြီး ဆင်ခြင်သွားပါ့မယ်” လို့ သူမက ရှင်းပြပါတယ်။

သူမအနေနဲ့ Music Video မှာ မချယ်ရီထက် နေရာမျိုးက တစ်ခန်းလောက် သရုပ်ဆောင် ပေးပါလို့ အကူအညီတောင်းခဲ့တာကြောင့်ပါဝင်ခဲ့ရတာဖြစ်သလို ရုပ်ရှင်ဇာတ်လမ်းတွေဆိုရင် ဇာတ်လမ်း ဇာတ်ညွှန်းသေချာမရရင် ရိုက်ဖို့လက်မခံခဲ့ပေမယ့် အခုက Music Video ဖြစ်တဲ့အတွက်လက်ခံမိကြောင်း သိရပါတယ်။

“မချယ်ရီထက်ကိုလည်း လေးစားပါတယ်၊ အပြင်လောကမှာလည်း ထားထက်က အဲ့လိုမဖြစ်နိုင်ဘူးလေ၊ ဒါကြောင့်လည်း အနုပညာကြေးတစ်ပြားတစ်ချပ်မှမယူဘဲ အကူအညီပေးခဲ့မိတာကြောင့် ပရိသတ်တွေ ထားထက်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်တာပါ၊ အခုရက်ပိုင်း ကျန်းမာရေးကလည်း မကောင်းဘူးလေ”လို့ သူမက ရှင်းပြပါတယ်။

နောက်နောင်မှာ အခုလိုအဖြစ်မျိုးမကြုံရအောင် ဘယ်သူ့ကိုမှလည်း မထိခိုက်စေရအောင် ပိုမိုဆင်ခြင်စဉ်းစားပြီးမှ ကြိုးစားသွားမှာဖြစ်ကြောင်း၊ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ လုပ်ဆောင်တာ အားနည်းနေကြောင်း၊ အားလပ်ချိန်တွေမှာလည်း ပရဟိတအလုပ်တွေကို ယခင်လို နိုင်သလောက် ပါဝင်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ ဩဂုတ် ၉

(  Zawgyi  )

 သ႐ုပ္ေဆာင္ ထားထက္ထက္ဟာ သူမသ႐ုပ္ေဆာင္ပါဝင္ခဲ့တဲ့ Music Video တစ္ခုနဲ႔ပတ္သက္လို႔ ပရိသတ္အတြက္ စိတ္ထိခိုက္စရာျဖစ္ခဲ့ပါက ေတာင္းပန္မိေၾကာင္း ထုတ္ေဖာ္ေျပာၾကားပါတယ္။

“ကိုယ္ရံေတာ္ေနရာကေနပါဝင္ သ႐ုပ္ေဆာင္လိုက္မိတာက ၾကည့္ရႈသူပရိသတ္ေတြအတြက္ ၊ ပရိသတ္ေတြအားလုံး အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး ထိခိုက္သြားရသူမ်ားရွိရင္ ကြၽန္မက မွားသြားတဲ့အတြက္ အႏူးအၫြတ္ ေတာင္းပန္ပါတယ္ရွင့္၊ တကယ္ေတာင္းပန္တာပါ၊ ေနာက္ေနာင္ အခုလို မျဖစ္ေစဖို႔ ပိုၿပီး ဆင္ျခင္သြားပါ့မယ္” လို႔ သူမက ရွင္းျပပါတယ္။

သူမအေနနဲ႔ Music Video မွာ မခ်ယ္ရီထက္ ေနရာမ်ိဳးက တစ္ခန္းေလာက္ သ႐ုပ္ေဆာင္ ေပးပါလို႔ အကူအညီေတာင္းခဲ့တာေၾကာင့္ပါဝင္ခဲ့ရတာျဖစ္သလို ႐ုပ္ရွင္ဇာတ္လမ္းေတြဆိုရင္ ဇာတ္လမ္း ဇာတ္ၫႊန္းေသခ်ာမရရင္ ႐ိုက္ဖို႔လက္မခံခဲ့ေပမယ့္ အခုက Music Video ျဖစ္တဲ့အတြက္လက္ခံမိေၾကာင္း သိရပါတယ္။

“မခ်ယ္ရီထက္ကိုလည္း ေလးစားပါတယ္၊ အျပင္ေလာကမွာလည္း ထားထက္က အဲ့လိုမျဖစ္ႏိုင္ဘူးေလ၊ ဒါေၾကာင့္လည္း အႏုပညာေၾကးတစ္ျပားတစ္ခ်ပ္မွမယူဘဲ အကူအညီေပးခဲ့မိတာေၾကာင့္ ပရိသတ္ေတြ ထားထက္ကို ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ခ်င္တာပါ၊ အခုရက္ပိုင္း က်န္းမာေရးကလည္း မေကာင္းဘူးေလ”လို႔ သူမက ရွင္းျပပါတယ္။

ေနာက္ေနာင္မွာ အခုလိုအျဖစ္မ်ိဳးမႀကဳံရေအာင္ ဘယ္သူ႔ကိုမွလည္း မထိခိုက္ေစရေအာင္ ပိုမိုဆင္ျခင္စဥ္းစားၿပီးမွ ႀကိဳးစားသြားမွာျဖစ္ေၾကာင္း၊ လတ္တေလာမွာ က်န္းမာေရးအေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြ လုပ္ေဆာင္တာ အားနည္းေနေၾကာင္း၊ အားလပ္ခ်ိန္ေတြမွာလည္း ပရဟိတအလုပ္ေတြကို ယခင္လို ႏိုင္သေလာက္ ပါဝင္လုပ္ေဆာင္ သြားမွာျဖစ္တယ္လို႔ သူမက ဆိုပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ ဩဂုတ္ ၉