【 အနုပညာ 】ဖေဖော်ဝါရီပထမပတ်ထဲ စုံတွဲခွေလေးထွက်နိုင်ဖို့စီစဉ်နေတဲ့ တေးသံရှင် ဇင်မင်းထက်

【 အနုပညာ  】ဖေဖော်ဝါရီပထမပတ်ထဲ စုံတွဲခွေလေးထွက်နိုင်ဖို့စီစဉ်နေတဲ့ တေးသံရှင် ဇင်မင်းထက်

စုံတွဲတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဝန်တိုမှုလေးတွေကို ရေးဖွဲ့ရင်း Music Video လေးတစ်ပုဒ် လာမယ့် ဖေဖော်ဝါရီပထမပတ်ထဲ ဖြန့်ချိသွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ တေးသံရှင် ဇင်မင်းထက်က ပြောပါတယ်။
 
“ကျွန်တော့်ရဲ့ ဒီ ပထမဆုံး MV သီချင်းမှာ တေးရေးက ကိုရယ်ဂျီ၊ IC Band ကဆရာချစ် တီးပေးထားတယ် မချမ်းချမ်းလို သမ္ဘာရင့်နေတဲ့ တကယ့်အဆိုတော်ကောင်း တစ်ယောက်နဲ့ တွဲဖက်သီဆိုရတာဆိုတော့ ပရိသတ်တွေကို အကောင်းဆုံးတွေပဲပေးချင်တယ်၊ ဖေဖော်ဝါရီပထမပတ်ထဲတော့ ကျွန်တော်မှန်းထားပါတယ်၊ အစ်မ(ချမ်းချမ်း)နဲ့လည်း တိုင်ပင်ရဦးမယ်၊ ရက်တော့အတိအကျပြောလို့မရသေးဘူး၊ ဒီသီချင်းထဲမှာက ဇနီးမောင်နှံ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်တယ်၊ အရင်ကလည်း ချစ်ကြတယ်၊ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဝန်တိုမှုလေးတွေကို Story လေးအနေနဲ့ လုပ်ထားတာဖြစ်ပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။
 
သူဟာ တေးသီချင်းတွေကို လုပ်ကိုင်လာတာ ၉ နှစ်နီးပါးရှိနေတယ်လို့ သိရပြီး ယခုနောက်ပိုင်းမှသာ တစိုက်မတ်မတ်ဖြင့် အရှိန်တင်ပြီးမှ ပြန်လုပ်တဲ့သဘောမျိုး လုပ်ဆောင်နေကြောင်း၊ တေးသီချင်းပိုင်းကို သေချာ လုပ်ကိုင်ဖို့ ပြင်ဆင်ထားသလို စတူဒီယိုလည်း လုပ်ဆောင်ထားကြောင်း၊ ယခုစီစဉ်နေတဲ့ သီချင်းအတွက် လိုအပ်တဲ့ ရိုက်ကူးမှုတွေလုပ်ဆောင်ထားသလို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
“နောက်လည်းလုပ်ဦးမှာပါ၊ နောက် ဘယ်သူနဲ့ဆိုတာတော့ မပြောနိုင်သေးဘူး၊ ဒီလို စုံတွဲသီချင်း လေးတွေ ဆက်တိုက်တော့ ထပ်လာဖြစ်မှာပါ၊ ဒီသီချင်းလေးက ချစ်သူ စုံတွဲပဲဖြစ်ဖြစ် လင်မယားပဲဖြစ်ဖြစ် LGPT ပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် သဝန်တိုကြတယ်၊ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်၊ ချစ်နေပေမယ့် သဝန်တိုတာလေးက မတူဘူးလေ၊ အဲ့ဒါလေးကို ပြသထားတာပါ၊ အားလုံးနဲ့လည်း တိုက်ဆိုင်နိုင်တာကြောင့် ခံစားပြီး နားဆင်ပေးပါလို့ ပြောချင်ပါတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။ 
 
“ဘဝရေစက်” လို့ နာမည်ပေးထားတဲ့ အဲ့ဒီသီချင်းထဲမှာ ၎င်းနဲ့အတူ တေးသံရှင် ချမ်းချမ်းကလည်း ပါဝင်သီဆိုထားပြီး ၎င်းအတွက် လိုအပ်တဲ့ သင်ပြမှုတွေကိုလည်း အတူသီဆိုရင်း ရရှိခဲ့တယ်လို့ သိရပါတယ်။
 
 မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)
ရန်ကုန်၊ ဇန်နဝါရီ ၁၇ 
 
(  Zawgyi  )
 
 စုံတြဲေတြၾကားထဲမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ သဝန္တိုမႈေလးေတြကို ေရးဖြဲ႕ရင္း Music Video ေလးတစ္ပုဒ္ လာမယ့္ ေဖေဖာ္ဝါရီပထမပတ္ထဲ ျဖန႔္ခ်ိသြားႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေတးသံရွင္ ဇင္မင္းထက္က ေျပာပါတယ္။
 
“ကြၽန္ေတာ့္ရဲ႕ ဒီ ပထမဆုံး MV သီခ်င္းမွာ ေတးေရးက ကိုရယ္ဂ်ီ၊ IC Band ကဆရာခ်စ္ တီးေပးထားတယ္ မခ်မ္းခ်မ္းလို သမာၻရင့္ေနတဲ့ တကယ့္အဆိုေတာ္ေကာင္း တစ္ေယာက္နဲ႔ တြဲဖက္သီဆိုရတာဆိုေတာ့ ပရိသတ္ေတြကို အေကာင္းဆုံးေတြပဲေပးခ်င္တယ္၊ ေဖေဖာ္ဝါရီပထမပတ္ထဲေတာ့ ကြၽန္ေတာ္မွန္းထားပါတယ္၊ အစ္မ(ခ်မ္းခ်မ္း)နဲ႔လည္း တိုင္ပင္ရဦးမယ္၊ ရက္ေတာ့အတိအက်ေျပာလို႔မရေသးဘူး၊ ဒီသီခ်င္းထဲမွာက ဇနီးေမာင္ႏွံ ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ခ်စ္တယ္၊ အရင္ကလည္း ခ်စ္ၾကတယ္၊ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ သဝန္တိုမႈေလးေတြကို Story ေလးအေနနဲ႔ လုပ္ထားတာျဖစ္ပါတယ္”လို႔ ၎က ရွင္းျပပါတယ္။
 
သူဟာ ေတးသီခ်င္းေတြကို လုပ္ကိုင္လာတာ ၉ ႏွစ္နီးပါးရွိေနတယ္လို႔ သိရၿပီး ယခုေနာက္ပိုင္းမွသာ တစိုက္မတ္မတ္ျဖင့္ အရွိန္တင္ၿပီးမွ ျပန္လုပ္တဲ့သေဘာမ်ိဳး လုပ္ေဆာင္ေနေၾကာင္း၊ ေတးသီခ်င္းပိုင္းကို ေသခ်ာ လုပ္ကိုင္ဖို႔ ျပင္ဆင္ထားသလို စတူဒီယိုလည္း လုပ္ေဆာင္ထားေၾကာင္း၊ ယခုစီစဥ္ေနတဲ့ သီခ်င္းအတြက္ လိုအပ္တဲ့ ႐ိုက္ကူးမႈေတြလုပ္ေဆာင္ထားသလို အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
 
“ေနာက္လည္းလုပ္ဦးမွာပါ၊ ေနာက္ ဘယ္သူနဲ႔ဆိုတာေတာ့ မေျပာႏိုင္ေသးဘူး၊ ဒီလို စုံတြဲသီခ်င္း ေလးေတြ ဆက္တိုက္ေတာ့ ထပ္လာျဖစ္မွာပါ၊ ဒီသီခ်င္းေလးက ခ်စ္သူ စုံတြဲပဲျဖစ္ျဖစ္ လင္မယားပဲျဖစ္ျဖစ္ LGPT ပဲျဖစ္ျဖစ္ တစ္ေယာက္ကိုတစ္ေယာက္ သဝန္တိုၾကတယ္၊ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ၾကတယ္၊ ခ်စ္ေနေပမယ့္ သဝန္တိုတာေလးက မတူဘူးေလ၊ အဲ့ဒါေလးကို ျပသထားတာပါ၊ အားလုံးနဲ႔လည္း တိုက္ဆိုင္ႏိုင္တာေၾကာင့္ ခံစားၿပီး နားဆင္ေပးပါလို႔ ေျပာခ်င္ပါတယ္”လို႔ ၎က ဆက္လက္ရွင္းျပခဲ့ပါတယ္။ 
 
“ဘဝေရစက္” လို႔ နာမည္ေပးထားတဲ့ အဲ့ဒီသီခ်င္းထဲမွာ ၎နဲ႔အတူ ေတးသံရွင္ ခ်မ္းခ်မ္းကလည္း ပါဝင္သီဆိုထားၿပီး ၎အတြက္ လိုအပ္တဲ့ သင္ျပမႈေတြကိုလည္း အတူသီဆိုရင္း ရရွိခဲ့တယ္လို႔ သိရပါတယ္။
 
 မင္းေခတ္လင္း 
(ဓာတ္ပုံ- ကိုႏိုင္ NG)
ရန္ကုန္၊ ဇန္နဝါရီ ၁၇