【 အနုပညာ 】လာမယ့်ဖေဖော်ဝါရီလထဲ သီချင်းသစ်များထွက်ဖို့ ပြင်ဆင်နေတဲ့ ဆိုဖီယာ

【  အနုပညာ  】လာမယ့်ဖေဖော်ဝါရီလထဲ သီချင်းသစ်များထွက်ဖို့ ပြင်ဆင်နေတဲ့ ဆိုဖီယာ

ဂီတလောကမှာ ပရိသတ်လက်ခံအားပေးလာတဲ့ ဆိုဖီယာဟာ လာမယ့် ဖေဖော်ဝါရီလထဲ သီချင်းအသစ် လေးတွေကို ထွက်ရှိနိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကို လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

“ချစ်ငယ်(မေခလာ)နဲ့ တစ်ပုဒ်နဲ့ ညီမ တစ်ယောက်တည်း သီချင်းတွေရယ်၊ Idol ကောင်လေးတစ်ယောက်နဲ့ ထွက်ဖို့ရှိတယ်၊ ဒီသီချင်းတွေနဲ့ ပတ်သက်ပြီး သိပ်အများကြီးတော့ မပြောချင်ဘူး၊ မကြာခင်လည်း ထွက်လာ တော့မှာဖြစ်တဲ့အတွက် ကြိုပြီးသိနေရင် ရင်ခုန်ဖို့မကောင်းမှာစိုးလို့ အများကြီးကြိုမပြောတာပါ၊ ဘယ်လို မျိုးလေးဆိုတာကိုတော့ ထွက်လာတော့မှ စောင့်ကြည့်အားပေးပါလို့ ပြောချင်ပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။ သူမဟာ Myanmar Idole တေးသီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း လူသိများလာသူတစ်ဦးလည်းဖြစ်သလို လက်ရှိမှာလည်း ဂီတလောကထဲ ခိုင်ခိုင်မာမာလျှောက်လှမ်း လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

“ညီမရဲ့ အနုပညာကိုအားပေးတဲ့ ပရိသတ်တွေကို လေးစားပါတယ်၊ ဘယ်အချိန်တွေဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဘက်မှာ အမြဲရပ်တည်ပြီး အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ ဆက်ပြီးတော့လည်း အားပေးပါဦးလို့ ပြောချင်ပါတယ်”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

သူမဟာ မိတ်ဆွေအပေါင်းအသင်းတွေ၊ ခင်မင်သူတွေ အပါအဝင် လူမှုဆက်ဆံရေးတွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပွင့်လင်းစွာပြောဆိုဆက်ဆံတတ်သူ တစ်ဦးလည်းဖြစ်ပြီး အလုပ်လုပ်တဲ့အခါမှာလည်း ကိုယ်ရေးကိုယ်တာအပါအဝင် တခြားကိစ္စတွေကို ဘေးဖယ်ကာ အလုပ်ကိစ္စ တစ်ခုတည်းကိုသာ ဦးတည်လုပ်ကိုင်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရည်းစားတွေထားနေပေမယ့် ဘဝကိုသေသေသပ်သပ်အဖြစ်နဲ့ရပ်တည်ဖို့ဆိုရင် တစ်ယောက်ထဲ နေရတဲ့ ဘဝလေးကို နှစ်သက်မိတယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိမှာ COVID ကာလဖြစ်ပေမယ့် သူမ  လျှောက်လှမ်းနေတဲ့ ဂီတလမ်းကြောင်းမှာ ပရိသတ်နှစ်သက် လက်ခံစေမယ့် တေးသီချင်းကောင်းတွေများစွာ ထွက်ရှိနိုင်ဖို့ ကြိုးပမ်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

မင်းခေတ်လင်း

(ဓာတ်ပုံ- ကိုနိုင် NG)

(  Zawgyi  )

 

 ဂီတေလာကမွာ ပရိသတ္လက္ခံအားေပးလာတဲ့ ဆိုဖီယာဟာ လာမယ့္ ေဖေဖာ္ဝါရီလထဲ သီခ်င္းအသစ္ ေလးေတြကို ထြက္ရွိႏိုင္ဖို႔ လိုအပ္တဲ့ျပင္ဆင္မႈေတြကို လုပ္ေဆာင္ ေနတယ္လို႔ ေျပာပါတယ္။

“ခ်စ္ငယ္(ေမခလာ)နဲ႔ တစ္ပုဒ္နဲ႔ ညီမ တစ္ေယာက္တည္း သီခ်င္းေတြရယ္၊ Idol ေကာင္ေလးတစ္ေယာက္နဲ႔ ထြက္ဖို႔ရွိတယ္၊ ဒီသီခ်င္းေတြနဲ႔ ပတ္သက္ၿပီး သိပ္အမ်ားႀကီးေတာ့ မေျပာခ်င္ဘူး၊ မၾကာခင္လည္း ထြက္လာ ေတာ့မွာျဖစ္တဲ့အတြက္ ႀကိဳၿပီးသိေနရင္ ရင္ခုန္ဖို႔မေကာင္းမွာစိုးလို႔ အမ်ားႀကီးႀကိဳမေျပာတာပါ၊ ဘယ္လို မ်ိဳးေလးဆိုတာကိုေတာ့ ထြက္လာေတာ့မွ ေစာင့္ၾကည့္အားေပးပါလို႔ ေျပာခ်င္ပါတယ္”လို႔ ၎က ရွင္းျပပါတယ္။ သူမဟာ Myanmar Idole ေတးသီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ရင္း လူသိမ်ားလာသူတစ္ဦးလည္းျဖစ္သလို လက္ရွိမွာလည္း ဂီတေလာကထဲ ခိုင္ခိုင္မာမာေလွ်ာက္လွမ္း လုပ္ကိုင္ေနသူတစ္ဦးလည္း ျဖစ္လာခဲ့ပါတယ္။

“ညီမရဲ႕ အႏုပညာကိုအားေပးတဲ့ ပရိသတ္ေတြကို ေလးစားပါတယ္၊ ဘယ္အခ်ိန္ေတြျဖစ္ျဖစ္ ဘယ္လိုပဲ ျဖစ္ျဖစ္ ကိုယ့္ဘက္မွာ အၿမဲရပ္တည္ၿပီး အားေပးတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္၊ ဆက္ၿပီးေတာ့လည္း အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္”လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

သူမဟာ မိတ္ေဆြအေပါင္းအသင္းေတြ၊ ခင္မင္သူေတြ အပါအဝင္ လူမႈဆက္ဆံေရးေတြမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ပြင့္လင္းစြာေျပာဆိုဆက္ဆံတတ္သူ တစ္ဦးလည္းျဖစ္ၿပီး အလုပ္လုပ္တဲ့အခါမွာလည္း ကိုယ္ေရးကိုယ္တာအပါအဝင္ တျခားကိစၥေတြကို ေဘးဖယ္ကာ အလုပ္ကိစၥ တစ္ခုတည္းကိုသာ ဦးတည္လုပ္ကိုင္တတ္သူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ရည္းစားေတြထားေနေပမယ့္ ဘဝကိုေသေသသပ္သပ္အျဖစ္နဲ႔ရပ္တည္ဖို႔ဆိုရင္ တစ္ေယာက္ထဲ ေနရတဲ့ ဘဝေလးကို ႏွစ္သက္မိတယ္လို႔ ဆိုခဲ့ပါတယ္။

လက္ရွိမွာ COVID ကာလျဖစ္ေပမယ့္ သူမ  ေလွ်ာက္လွမ္းေနတဲ့ ဂီတလမ္းေၾကာင္းမွာ ပရိသတ္ႏွစ္သက္ လက္ခံေစမယ့္ ေတးသီခ်င္းေကာင္းေတြမ်ားစြာ ထြက္ရွိႏိုင္ဖို႔ ႀကိဳးပမ္းေနသူတစ္ဦးလည္း ျဖစ္ပါတယ္။

မင္းေခတ္လင္း

(ဓာတ္ပုံ- ကိုႏိုင္ NG)