【 အနုပညာ 】အနုပညာအလုပ်တွေ အများကြီး ပြန်လုပ်လာရတဲ့ သရုပ်ဆောင် ဟန်တီ

【  အနုပညာ  】အနုပညာအလုပ်တွေ အများကြီး ပြန်လုပ်လာရတဲ့ သရုပ်ဆောင် ဟန်တီ

အခုဆိုရင် သရုပ်ဆောင် ဟန်တီဟာ အနုပညာအလုပ်တွေကို အရင်ကထက် လုပ်ကိုင်လာရပြီး ပရိသက်တွေနဲ့ အဆက်အသွယ်မပြတ်အောင်ကိုလည်း လူမှုကွန်ရက်ကနေ ဆက်သွယ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အနုပညာအလုပ်တွေအများကြီးလုပ်နေတယ်၊ အားပေးကြပါ၊ အရင်ကထက်ကို ပိုပြီးတော့ အနုပညာအလုပ်တွေကို လုပ်နေပါတယ်၊ အခုလိုကာလမှာ Social Media တွေကနေ အများကြီးတင်နေပါတယ်။ ပရိသတ်နဲ့လည်း အဆက် အသွယ် မပြတ်အောင် Social Media ကနေ တွေ့ဆုံတာတွေကို လုပ်ပါတယ်၊ ဆက်ပြီးတော့လည်း အများကြီး ထပ်လုပ် သွားမှာပါ၊ အားပေးတဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် ဟန်တီက ရှင်းပြပါတယ်။

ဒါ့အပြင် အခုလို ကာလမှာ ဟင်းချက်တာတွေ၊ မုန့်လုပ်တာတွေနဲ့ တစ်နေ့ထက်တစ်နေ့ အသစ်အဆန်းတွေကို ဆက်လုပ် နေတယ်လို့ သိရပါတယ်။

 “ဟင်းချက်တာတွေ၊ မုန့်လုပ်တာတွေ ဒါကလည်းပညာပဲလေ၊ ပညာဆိုတာက ယူလို့မကုန်ဘူး၊ အများကြီး ဆက်လုပ်ဖို့ရှိပါတယ်၊ ဟန်တီက တစ်နေ့တစ်မျိုး မရိုးအောင်လုပ်တယ်၊ ဟင်းချက်တာတွေအပိုင်းမှာ တစ်နေ့ထက်တစ်နေ့ အသစ်အဆန်းတွေနဲ့ ဆက်လုပ်သွားဦးမယ်၊ အခုလိုမျိုး တစ်ရက်နဲ့ တစ်မျိုး မရိုးအောင် တောက်လျှောက် လုပ်နေရင်း အချိန်လေးတစ်ခု အကျိုးရှိရှိကုန်သွားတယ်လို့ ယူဆတယ်၊ အွန်လိုင်းကနေလည်း ဟင်းချက်နည်းတွေ၊ မုန့်လုပ်နည်းတွေကို လေ့လာတယ်၊ ပြီးတော့ လိုက်လုပ်ကြည့်တယ်”လို့ သူမက ဆက်လက်ရှင်းပြ ပါတယ်။

သူမအနေနဲ့ မုန့်လုပ်တာတွေ၊ ဟင်းချက်တာတွေကို လုပ်ကိုင်နေရင်း ပရိသတ်နဲ့အတူ လူမှုကွန်ရက်ကနေ Live လွှင့်ပြသတာမျိုးတွေကိုလည်း လုပ်ဆောင်နေလျက်ရှိကြောင်း၊ အခုလို အချိန်မှာ တစ်ဖက်ကလည်း အနုပညာအလုပ် တွေအတွက် ကြိုတင်ပြင်ဆင်တာတွေရှိနေသလိုအချိန်တွေကို အကျိုးရှိရှိကုန်သွားစေချင်တာကြောင့် အခုလို လုပ်ဆောင် နေတာဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း ဒီလိုကာလမှာ ပိုပြီးဂရုစိုက်ဖို့ သူမက အသိပေးတိုက်တွန်းပြောကြားခဲ့ပါတယ်။
မင်းခေတ်လင်း
 (ဓာတ်ပုံ - ဟန်တီ)
ရန်ကုန်၊ စက်တင်ဘာ ၂၀

 

(  Zawgyi  )

 

 အခုဆိုရင္ သ႐ုပ္ေဆာင္ ဟန္တီဟာ အႏုပညာအလုပ္ေတြကို အရင္ကထက္ လုပ္ကိုင္လာရၿပီး ပရိသက္ေတြနဲ႔ အဆက္အသြယ္မျပတ္ေအာင္ကိုလည္း လူမႈကြန္ရက္ကေန ဆက္သြယ္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“အႏုပညာအလုပ္ေတြအမ်ားႀကီးလုပ္ေနတယ္၊ အားေပးၾကပါ၊ အရင္ကထက္ကို ပိုၿပီးေတာ့ အႏုပညာအလုပ္ေတြကို လုပ္ေနပါတယ္၊ အခုလိုကာလမွာ Social Media ေတြကေန အမ်ားႀကီးတင္ေနပါတယ္။ ပရိသတ္နဲ႔လည္း အဆက္ အသြယ္ မျပတ္ေအာင္ Social Media ကေန ေတြ႕ဆုံတာေတြကို လုပ္ပါတယ္၊ ဆက္ၿပီးေတာ့လည္း အမ်ားႀကီး ထပ္လုပ္ သြားမွာပါ၊ အားေပးတဲ့ပရိသတ္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ဟန္တီက ရွင္းျပပါတယ္။

ဒါ့အျပင္ အခုလို ကာလမွာ ဟင္းခ်က္တာေတြ၊ မုန႔္လုပ္တာေတြနဲ႔ တစ္ေန႔ထက္တစ္ေန႔ အသစ္အဆန္းေတြကို ဆက္လုပ္ ေနတယ္လို႔ သိရပါတယ္။

 “ဟင္းခ်က္တာေတြ၊ မုန႔္လုပ္တာေတြ ဒါကလည္းပညာပဲေလ၊ ပညာဆိုတာက ယူလို႔မကုန္ဘူး၊ အမ်ားႀကီး ဆက္လုပ္ဖို႔ရွိပါတယ္၊ ဟန္တီက တစ္ေန႔တစ္မ်ိဳး မ႐ိုးေအာင္လုပ္တယ္၊ ဟင္းခ်က္တာေတြအပိုင္းမွာ တစ္ေန႔ထက္တစ္ေန႔ အသစ္အဆန္းေတြနဲ႔ ဆက္လုပ္သြားဦးမယ္၊ အခုလိုမ်ိဳး တစ္ရက္နဲ႔ တစ္မ်ိဳး မ႐ိုးေအာင္ ေတာက္ေလွ်ာက္ လုပ္ေနရင္း အခ်ိန္ေလးတစ္ခု အက်ိဳးရွိရွိကုန္သြားတယ္လို႔ ယူဆတယ္၊ အြန္လိုင္းကေနလည္း ဟင္းခ်က္နည္းေတြ၊ မုန႔္လုပ္နည္းေတြကို ေလ့လာတယ္၊ ၿပီးေတာ့ လိုက္လုပ္ၾကည့္တယ္”လို႔ သူမက ဆက္လက္ရွင္းျပ ပါတယ္။

သူမအေနနဲ႔ မုန႔္လုပ္တာေတြ၊ ဟင္းခ်က္တာေတြကို လုပ္ကိုင္ေနရင္း ပရိသတ္နဲ႔အတူ လူမႈကြန္ရက္ကေန Live လႊင့္ျပသတာမ်ိဳးေတြကိုလည္း လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း၊ အခုလို အခ်ိန္မွာ တစ္ဖက္ကလည္း အႏုပညာအလုပ္ ေတြအတြက္ ႀကိဳတင္ျပင္ဆင္တာေတြရွိေနသလိုအခ်ိန္ေတြကို အက်ိဳးရွိရွိကုန္သြားေစခ်င္တာေၾကာင့္ အခုလို လုပ္ေဆာင္ ေနတာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔လည္း ဒီလိုကာလမွာ ပိုၿပီးဂ႐ုစိုက္ဖို႔ သူမက အသိေပးတိုက္တြန္းေျပာၾကားခဲ့ပါတယ္။
မင္းေခတ္လင္း
 (ဓာတ္ပုံ - ဟန္တီ)
ရန္ကုန္၊ စက္တင္ဘာ ၂၀