【 အနုပညာ 】အလှူလုပ်တိုင်း တခြားသူတွေလည်း ကုသိုလ်စိတ်လေး ပွားများစေဖို့ ဆန္ဒရှိနေတယ် ဆိုတဲ့ သရုပ်ဆောင် ပွင့်နဒီမောင်

【  အနုပညာ  】အလှူလုပ်တိုင်း တခြားသူတွေလည်း ကုသိုလ်စိတ်လေး ပွားများစေဖို့ ဆန္ဒရှိနေတယ် ဆိုတဲ့ သရုပ်ဆောင် ပွင့်နဒီမောင်

အလှူအတန်းလုပ်တာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာတင်ကာ ပြန်လည်ဖော်ပြခဲ့တာတွေဟာ တခြားသူတွေ အနေနဲ့လည်း ကုသိုလ်စိတ်လေး ပွားများစေဖို့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ သရုပ်ဆောင် ပွင့်နဒီမောင် က ပြောပါတယ်။
“တကယ်တော့လေ ကြွားတာမဟုတ်ပါဘူးနော်၊ အရင်တုန်းကဆိုရင် ကိုယ်လှူခဲ့တဲ့အရာတွေကို တခြားသူတွေလည်း သိစရာမလိုဘူးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူများတွေလှူတာကို ကိုယ်ကကြည့်ရင်းနဲ့ စိတ်ထဲမှာ အရမ်းပီတိဖြစ်မိတယ်၊ ကိုယ်လည်း လှူချင်စိတ်တွေဖြစ်မိတယ်၊ ဒါကြောင့်လည်း အော် . . . ငါလည်းပဲ ဒီလိုမျိုးဖြစ်ရင် တခြားသူတွေလည်း ဒီလိုမျိုးပေါ့နော်၊ လှူတာကို ကြည့်ရင်း ပီတိဖြစ်စေချင်တယ်၊ ပီတိဖြစ်ပြီး လိုက်လှူကြရင် ကိုယ်လည်းပဲ ကြည်နူးစိတ် ဖြစ်မိတယ်လေ၊ အဲ့ဒါကြောင့်လည်း တင်ဖြစ်တာပါ”လို့ သူမက ရှင်းပြပါတယ်။

 

 

သူမဟာ တစ်ချိန်က အောင်မြင်ကျော်ကြားမှုတွေကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ခဲ့သလို ယခင်က ထွက်ရှိဖူးတဲ့ Music Video အများအပြားမှာ အမြဲတမ်းလိုလို သူမ ပါဝင်နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေ၊ ပြက္ခဒိန်တွေ၊ ပိုစတာအလှပုံတွေကိုလည်း လက်မလည်အောင် ရိုက်ကူးခဲ့ရပြီး လက်ရှိကာလမှာလည်း အထိုက်အလျောက် ရိုက်ကူးနေရသူဖြစ်ပါတယ်။

 

 

“ဘုန်းကြီးတစ်ပါးဟောဖူးတာရှိတယ်။ ကိုယ်လှူတဲ့ အလှူမှာ တစ်ကျပ်ပဲ ဖြစ်ဖြစ်၊ တစ်ထောင်ပဲ ဖြစ်ဖြစ် နည်းနည်းများများ ကိုယ့်အိမ်မှာ ရေးထားပါတဲ့။ အဲ့ဒီလိုအလှူကို ကိုယ်ကမြင်လိုက်တိုင်း သာဓုခေါ်ချင်တဲ့ စိတ်ဖြစ်မှာပေါ့နော်၊ ကိုယ်လှူထားတာကို တစ်ခါတလေကျရင် မေ့နေတတ်တာမျိုးတွေလည်းရှိတယ်လေ၊ အဲ့ဒီလို ရေးသား ထားတာတွေ၊ မျှဝေထားတာတွေက ပြန်လည်အမှတ်ရစေပြီး နောက်ထပ်နောက်ထပ် အလှူတွေလုပ်နိုင်ဖို့ တွန်းအားတွေ ဖြစ်စေပါတယ်၊ သူများတွေကိုလည်း ဒီလိုမျိုးကုသိုလ်တွေရစေချင်တယ်၊ အခုကာလမှာတော့ တခြားတော့ ပြောစရာ သိပ်မရှိပါဘူး၊ ကျန်းမာအောင်နေကြရင်း ကုသိုလ်စိတ်လေး ပွားများကြပါလို့ပဲ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

 

သူမဟာ အနုပညာသက် နှစ်ပေါင်း ၃၀ လောက်ရှိလာခဲ့သလို လက်ရှိမှာလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေရင်း တတ်နိုင်တဲ့ဘက်က ကုသိုလ်ပြုကာ အလှူအတန်းတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ပွင့်နဒီမောင်)
ရန်ကုန်၊ စက်တင်ဘာ ၁၃

 

(  Zawgyi  )

 

 အလႉအတန္းလုပ္တာေတြနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္မွာတင္ကာ ျပန္လည္ေဖာ္ျပခဲ့တာေတြဟာ တျခားသူေတြ အေနနဲ႔လည္း ကုသိုလ္စိတ္ေလး ပြားမ်ားေစဖို႔အတြက္ေၾကာင့္လည္း ျဖစ္တယ္လို႔ သ႐ုပ္ေဆာင္ ပြင့္နဒီေမာင္ က ေျပာပါတယ္။
“တကယ္ေတာ့ေလ ႂကြားတာမဟုတ္ပါဘူးေနာ္၊ အရင္တုန္းကဆိုရင္ ကိုယ္လႉခဲ့တဲ့အရာေတြကို တျခားသူေတြလည္း သိစရာမလိုဘူးလို႔ ထင္ခဲ့တာ၊ ဒါေပမဲ့ သူမ်ားေတြလႉတာကို ကိုယ္ကၾကည့္ရင္းနဲ႔ စိတ္ထဲမွာ အရမ္းပီတိျဖစ္မိတယ္၊ ကိုယ္လည္း လႉခ်င္စိတ္ေတြျဖစ္မိတယ္၊ ဒါေၾကာင့္လည္း ေအာ္ . . . ငါလည္းပဲ ဒီလိုမ်ိဳးျဖစ္ရင္ တျခားသူေတြလည္း ဒီလိုမ်ိဳးေပါ့ေနာ္၊ လႉတာကို ၾကည့္ရင္း ပီတိျဖစ္ေစခ်င္တယ္၊ ပီတိျဖစ္ၿပီး လိုက္လႉၾကရင္ ကိုယ္လည္းပဲ ၾကည္ႏူးစိတ္ ျဖစ္မိတယ္ေလ၊ အဲ့ဒါေၾကာင့္လည္း တင္ျဖစ္တာပါ”လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ တစ္ခ်ိန္က ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ပိုင္ဆိုင္ခဲ့တဲ့ မင္းသမီးတစ္ေယာက္ျဖစ္ခဲ့သလို ယခင္က ထြက္ရွိဖူးတဲ့ Music Video အမ်ားအျပားမွာ အၿမဲတမ္းလိုလို သူမ ပါဝင္ေနတာကို ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေၾကာ္ျငာေတြ၊ ျပကၡဒိန္ေတြ၊ ပိုစတာအလွပုံေတြကိုလည္း လက္မလည္ေအာင္ ႐ိုက္ကူးခဲ့ရၿပီး လက္ရွိကာလမွာလည္း အထိုက္အေလ်ာက္ ႐ိုက္ကူးေနရသူျဖစ္ပါတယ္။

“ဘုန္းႀကီးတစ္ပါးေဟာဖူးတာရွိတယ္။ ကိုယ္လႉတဲ့ အလႉမွာ တစ္က်ပ္ပဲ ျဖစ္ျဖစ္၊ တစ္ေထာင္ပဲ ျဖစ္ျဖစ္ နည္းနည္းမ်ားမ်ား ကိုယ့္အိမ္မွာ ေရးထားပါတဲ့။ အဲ့ဒီလိုအလႉကို ကိုယ္ကျမင္လိုက္တိုင္း သာဓုေခၚခ်င္တဲ့ စိတ္ျဖစ္မွာေပါ့ေနာ္၊ ကိုယ္လႉထားတာကို တစ္ခါတေလက်ရင္ ေမ့ေနတတ္တာမ်ိဳးေတြလည္းရွိတယ္ေလ၊ အဲ့ဒီလို ေရးသား ထားတာေတြ၊ မွ်ေဝထားတာေတြက ျပန္လည္အမွတ္ရေစၿပီး ေနာက္ထပ္ေနာက္ထပ္ အလႉေတြလုပ္ႏိုင္ဖို႔ တြန္းအားေတြ ျဖစ္ေစပါတယ္၊ သူမ်ားေတြကိုလည္း ဒီလိုမ်ိဳးကုသိုလ္ေတြရေစခ်င္တယ္၊ အခုကာလမွာေတာ့ တျခားေတာ့ ေျပာစရာ သိပ္မရွိပါဘူး၊ က်န္းမာေအာင္ေနၾကရင္း ကုသိုလ္စိတ္ေလး ပြားမ်ားၾကပါလို႔ပဲ ေျပာခ်င္ပါတယ္”လို႔ သူမက ဆက္ေျပာပါတယ္။

သူမဟာ အႏုပညာသက္ ႏွစ္ေပါင္း ၃၀ ေလာက္ရွိလာခဲ့သလို လက္ရွိမွာလည္း အႏုပညာအလုပ္ေတြလုပ္ကိုင္ေနရင္း တတ္ႏိုင္တဲ့ဘက္က ကုသိုလ္ျပဳကာ အလႉအတန္းေတြကိုလည္း ဆက္တိုက္လုပ္ေဆာင္ေနသူတစ္ဦးျဖစ္ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ပြင့္နဒီေမာင္)
ရန္ကုန္၊ စက္တင္ဘာ ၁၃