【 အနုပညာ 】အသည်းကွဲခံစားချက်တွေကို တေးသီချင်းအဖြစ်ပုံဖော်နေတဲ့ တေးသံရှင် မင်းစည်သူ

【  အနုပညာ  】အသည်းကွဲခံစားချက်တွေကို တေးသီချင်းအဖြစ်ပုံဖော်နေတဲ့ တေးသံရှင် မင်းစည်သူ

အခုနောက်ပိုင်း လူငယ်ပရိသတ်တွေကြားမှာ အားပေးမှုတွေရလာတဲ့ တေးသံရှင် မင်းစည်သူဟာ အသည်းကွဲ ခံစားချက်တွေကို တေးသီချင်းတွေအဖြစ်နဲ့ ပုံဖော်ကာ ဖန်တီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ကျွန်တော် ထွက်သမျှ သီချင်းတွေက ကိုယ်တိုင်ရေးတာပဲရှိပါတယ်လေ၊ ကျွန်တော်ကိုယ်တိုင်ရေးတဲ့ သီချင်းက များတယ်ပေါ့၊ အသည်းကွဲသီချင်းဆိုရင် မူရင်းခံစားချက်ပေါ့၊ တခြားဟာ ကျတော့ အငှားခံစားချက်နဲ့ ရေးတာ၊ ဒါကလည်း ကျွန်တော်က ခဏခဏ အသည်းကွဲဖူးတယ်လို့ ပြောရမလားပဲ”လို့ သူက ရှင်းပြပါတယ်။

လာမယ့် လထဲမှာ ချစ်ခြင်းအမြင်လို့ နာမည်ရတဲ့ သီချင်းထွက်ဖို့ရှိသလို၊ စက်တင်ဘာလထဲမှာ ဗီလိန်သီချင်းကို MTV ရိုက်ဖို့ စီစဉ်ထား ကြောင်း၊ အဲ့ဒီသီချင်းဟာ သူ့ရဲ့ချစ်သူကောင်မလေးက တခြားသူတစ်ဦးနောက်ကို လိုက်သွားတဲ့ အဖြစ်ကို ကိုယ်တိုင်ခံစားပြီး ဖန်တီး ရေးသားထားတာဖြစ်တယ်လို့ သိရပါတယ်။

“အဲ့ဒါလေးက ခံစားချက်ပိုစစ်တယ်ပေါ့၊ ကျွန်တော့်ကောင်မလေးတစ်ယောက်အကြောင်းလေ၊ သူက ထားသွား ခဲ့တာ၊ ကျွန်တော့်ကို ထားသွားတယ်ပေါ့၊ သူမလိုချင်တာကို အလကားပေးနေရင်လည်း အလကားပဲလေ၊ သွားမှတော့ ဘာတတ်နိုင်မှာလဲ၊ အဲ့ဒါလေးကို ရေးထားတာပါ၊ သီချင်းတွေက တကယ့်ကိုခံစားချက်နဲ့ ရေးတဲ့အခါ ပရိသတ်လည်းကြိုက်မယ်လို့ မျှော်လင့်ပါတယ်၊ အခုတော့ သီချင်းတွေက သူ့ပရိသတ်နဲ့သူ ရှိလာပြီပေါ့၊ အရင်လို အားပေးပါဦးလို့ အတင်းကြီး ထိုးပြစရာမရှိဘူးပေါ့၊ အားပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားမယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

သူ့အနေနဲ့ အရင်က ရှိနေတဲ့အလုပ်တွေကိုနားကာ သူဝါသနာပါတဲ့ အနုပညာအလုပ်ကိုသာ စောက်ချလုပ်ကိုင်နေပြီး ရည်မှန်းထားတဲ့ နေရာတစ်ခုကို ရောက်ရှိစေဖို့အတွက် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ဆက်လက်ပြီးလည်း ပရိသတ်ကြိုက်မယ့် တကယ့် ခံစားချက် တေးသီချင်းတွေကို ဖန်တီးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- မင်းစည်သူ)

ရန်ကုန်၊ ဇူလိုင် ၂၇

(  Zawgyi   )

 အခုေနာက္ပိုင္း လူငယ္ပရိသတ္ေတြၾကားမွာ အားေပးမႈေတြရလာတဲ့ ေတးသံရွင္ မင္းစည္သူဟာ အသည္းကြဲ ခံစားခ်က္ေတြကို ေတးသီခ်င္းေတြအျဖစ္နဲ႔ ပုံေဖာ္ကာ ဖန္တီးလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္ ထြက္သမွ် သီခ်င္းေတြက ကိုယ္တိုင္ေရးတာပဲရွိပါတယ္ေလ၊ ကြၽန္ေတာ္ကိုယ္တိုင္ေရးတဲ့ သီခ်င္းက မ်ားတယ္ေပါ့၊ အသည္းကြဲသီခ်င္းဆိုရင္ မူရင္းခံစားခ်က္ေပါ့၊ တျခားဟာ က်ေတာ့ အငွားခံစားခ်က္နဲ႔ ေရးတာ၊ ဒါကလည္း ကြၽန္ေတာ္က ခဏခဏ အသည္းကြဲဖူးတယ္လို႔ ေျပာရမလားပဲ”လို႔ သူက ရွင္းျပပါတယ္။

လာမယ့္ လထဲမွာ ခ်စ္ျခင္းအျမင္လို႔ နာမည္ရတဲ့ သီခ်င္းထြက္ဖို႔ရွိသလို၊ စက္တင္ဘာလထဲမွာ ဗီလိန္သီခ်င္းကို MTV ႐ိုက္ဖို႔ စီစဥ္ထား ေၾကာင္း၊ အဲ့ဒီသီခ်င္းဟာ သူ႔ရဲ႕ခ်စ္သူေကာင္မေလးက တျခားသူတစ္ဦးေနာက္ကို လိုက္သြားတဲ့ အျဖစ္ကို ကိုယ္တိုင္ခံစားၿပီး ဖန္တီး ေရးသားထားတာျဖစ္တယ္လို႔ သိရပါတယ္။

“အဲ့ဒါေလးက ခံစားခ်က္ပိုစစ္တယ္ေပါ့၊ ကြၽန္ေတာ့္ေကာင္မေလးတစ္ေယာက္အေၾကာင္းေလ၊ သူက ထားသြား ခဲ့တာ၊ ကြၽန္ေတာ့္ကို ထားသြားတယ္ေပါ့၊ သူမလိုခ်င္တာကို အလကားေပးေနရင္လည္း အလကားပဲေလ၊ သြားမွေတာ့ ဘာတတ္ႏိုင္မွာလဲ၊ အဲ့ဒါေလးကို ေရးထားတာပါ၊ သီခ်င္းေတြက တကယ့္ကိုခံစားခ်က္နဲ႔ ေရးတဲ့အခါ ပရိသတ္လည္းႀကိဳက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ အခုေတာ့ သီခ်င္းေတြက သူ႔ပရိသတ္နဲ႔သူ ရွိလာၿပီေပါ့၊ အရင္လို အားေပးပါဦးလို႔ အတင္းႀကီး ထိုးျပစရာမရွိဘူးေပါ့၊ အားေပးတဲ့ ပရိသတ္ကို ေက်းဇူးတင္ပါတယ္၊ ေရွ႕ဆက္ၿပီးေတာ့လည္း ႀကိဳးစားသြားမယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

သူ႔အေနနဲ႔ အရင္က ရွိေနတဲ့အလုပ္ေတြကိုနားကာ သူဝါသနာပါတဲ့ အႏုပညာအလုပ္ကိုသာ ေစာက္ခ်လုပ္ကိုင္ေနၿပီး ရည္မွန္းထားတဲ့ ေနရာတစ္ခုကို ေရာက္ရွိေစဖို႔အတြက္ ႀကိဳးစားေနတယ္လို႔လည္း သိရပါတယ္။ ဆက္လက္ၿပီးလည္း ပရိသတ္ႀကိဳက္မယ့္ တကယ့္ ခံစားခ်က္ ေတးသီခ်င္းေတြကို ဖန္တီးသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- မင္းစည္သူ)

ရန္ကုန္၊ ဇူလိုင္ ၂၇