【 အနုပညာ 】အသည်းကွဲရောဂါဖန်တီးသူ အဆိုတော်လာဇရု ချော်လဲ ဒဏ်ရာဖြင့် ကွယ်လွန်

【  အနုပညာ 】အသည်းကွဲရောဂါဖန်တီးသူ  အဆိုတော်လာဇရု ချော်လဲ ဒဏ်ရာဖြင့် ကွယ်လွန်

ချော်လဲဒဏ်ရာဖြင့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပဆေးရုံက ဦးနှောက်နှင့်အာရုံကြောအရေးပေါ်ဌာနမှာ အတွင်းလူနာ အဖြစ် တက်ရောက်ဆေးကုသမှုခံယူနေတဲ့ တေးရေး/တေးဆို လာဇရု ဟာ ဒီကနေ့ (ဇန်နဝါရီ ၁၉ရက်) မနက် ၅နာရီ ၄၀ မိနစ်က ကွယ်လွန်သွားခဲ့တယ်လို့ ၎င်းနဲ့အနီးကပ်နေတဲ့ သူငယ်ချင်းဖြစ်သူ တေးဆို စိုင်းလေး (Cicada)က အတည်ပြု ပြောကြားခဲ့ပါတယ်။

သူဟာ ချော်လဲဒဏ်ရာကြောင့် ဇန်နဝါရီ ၁၆ ရက်က ဆေးရုံမှာ  အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရင်း ယနေ့ မနက်မှာ ဆုံးပါးသွားရတာလည်း ဖြစ်ပါတယ်။

“ဒီကြားထဲမှာ ထူထူထောင်ထောင်နဲ့ ပြန်ဖြစ်လာတော့ ဝိုင်းပြီး အားပေး စကားတွေ ပြောခဲ့ကြပါသေးတယ်၊ တေးသီချင်း တွေကို အတူဆက်လုပ်ကြဖို့လည်း ပြောဖြစ်ကြတယ်၊ ဒီမနက်မှာ ဒီလိုမျိုးဖြစ်တော့ အင်မတန်စိတ်မကောင်းဖြစ်မိတယ်၊ ဂီတလောကအတွက်လည်း ဆုံးရှုံးမှုတစ်ခုပါပဲ”လို့ ၎င်းက ပြောပါတယ်။
           
တေးရေး/တေးဆို လာဇရု ဟာ ဇော်ဝင်းထွဋ် အသံနဲ့ဆင်တူသူလည်းဖြစ်သလို အသည်းကွဲတဲ့ရောဂါ၊ ကြေကွဲစရာ၊ ပျော်ရွှင်ပါစေ ညီမလေး၊ အလွမ်းမြို့ပျက်၊ သောကအလွမ်းများ၊ သုံးပွင့်ဆိုင်၊ ချစ်တဲ့သူ အစရှိတဲ့ တေးသီချင်းတွေဟာလည်း လူကြိုက်များခဲ့ပြီး သူ့ကိုဖိတ်ကြားလာတဲ့ တခြားသော တေးသံရှင် တွေရဲ့ တေးသီချင်းသစ်တွေမိတ်ဆက်ပွဲများစွာကိုလည်း ရောက်ဖြစ်အောင် တက်ရောက်လာတတ်သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

ယခုလို ကွယ်လွန်သွားခဲ့တဲ့အပေါ်  စိတ်မကောင်းဖြစ်ကြတဲ့အကြောင်းကို ၎င်းနဲ့အတူလက်တွဲလုပ်ကိုင်နေကြတဲ့ ဂီတနယ်ပယ်မှ မိတ်ဆွေတွေ၊ ခင်မင်ကြတဲ့ စာပေနယ်မှ မိတ်ဆွေတွေနဲ့ သတင်းမီဒီယာတစ်ချို့က “ဝမ်းနည်းကြောင်း” ဖော်ပြမှုတွေနဲ့ ဆုတောင်းစကားတွေကိုလည်း လူမှုကွန်ရက်ကနေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- လာဇရု)
ရန်ကုန်၊ ဇန်နဝါရီ ၁၉

 

(  Zawgyi  )

 

 ေခ်ာ္လဲဒဏ္ရာျဖင့္ ရန္ကုန္ၿမိဳ႕၊ ေျမာက္ဥကၠလာပေဆး႐ုံက ဦးေႏွာက္ႏွင့္အာ႐ုံေၾကာအေရးေပၚဌာနမွာ အတြင္းလူနာ အျဖစ္ တက္ေရာက္ေဆးကုသမႈခံယူေနတဲ့ ေတးေရး/ေတးဆို လာဇ႐ု ဟာ ဒီကေန႔ (ဇန္နဝါရီ ၁၉ရက္) မနက္ ၅နာရီ ၄၀ မိနစ္က ကြယ္လြန္သြားခဲ့တယ္လို႔ ၎နဲ႔အနီးကပ္ေနတဲ့ သူငယ္ခ်င္းျဖစ္သူ ေတးဆို စိုင္းေလး (Cicada)က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

သူဟာ ေခ်ာ္လဲဒဏ္ရာေၾကာင့္ ဇန္နဝါရီ ၁၆ ရက္က ေဆး႐ုံမွာ  အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူရင္း ယေန႔ မနက္မွာ ဆုံးပါးသြားရတာလည္း ျဖစ္ပါတယ္။

“ဒီၾကားထဲမွာ ထူထူေထာင္ေထာင္နဲ႔ ျပန္ျဖစ္လာေတာ့ ဝိုင္းၿပီး အားေပး စကားေတြ ေျပာခဲ့ၾကပါေသးတယ္၊ ေတးသီခ်င္း ေတြကို အတူဆက္လုပ္ၾကဖို႔လည္း ေျပာျဖစ္ၾကတယ္၊ ဒီမနက္မွာ ဒီလိုမ်ိဳးျဖစ္ေတာ့ အင္မတန္စိတ္မေကာင္းျဖစ္မိတယ္၊ ဂီတေလာကအတြက္လည္း ဆုံးရႈံးမႈတစ္ခုပါပဲ”လို႔ ၎က ေျပာပါတယ္။
           
ေတးေရး/ေတးဆို လာဇ႐ု ဟာ ေဇာ္ဝင္းထြဋ္ အသံနဲ႔ဆင္တူသူလည္းျဖစ္သလို အသည္းကြဲတဲ့ေရာဂါ၊ ေၾကကြဲစရာ၊ ေပ်ာ္႐ႊင္ပါေစ ညီမေလး၊ အလြမ္းၿမိဳ႕ပ်က္၊ ေသာကအလြမ္းမ်ား၊ သုံးပြင့္ဆိုင္၊ ခ်စ္တဲ့သူ အစရွိတဲ့ ေတးသီခ်င္းေတြဟာလည္း လူႀကိဳက္မ်ားခဲ့ၿပီး သူ႔ကိုဖိတ္ၾကားလာတဲ့ တျခားေသာ ေတးသံရွင္ ေတြရဲ႕ ေတးသီခ်င္းသစ္ေတြမိတ္ဆက္ပြဲမ်ားစြာကိုလည္း ေရာက္ျဖစ္ေအာင္ တက္ေရာက္လာတတ္သူလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ယခုလို ကြယ္လြန္သြားခဲ့တဲ့အေပၚ  စိတ္မေကာင္းျဖစ္ၾကတဲ့အေၾကာင္းကို ၎နဲ႔အတူလက္တြဲလုပ္ကိုင္ေနၾကတဲ့ ဂီတနယ္ပယ္မွ မိတ္ေဆြေတြ၊ ခင္မင္ၾကတဲ့ စာေပနယ္မွ မိတ္ေဆြေတြနဲ႔ သတင္းမီဒီယာတစ္ခ်ိဳ႕က “ဝမ္းနည္းေၾကာင္း” ေဖာ္ျပမႈေတြနဲ႔ ဆုေတာင္းစကားေတြကိုလည္း လူမႈကြန္ရက္ကေန လုပ္ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- လာဇ႐ု)
ရန္ကုန္၊ ဇန္နဝါရီ ၁၉