【 အနုပညာ 】အွန်လိုင်းပေါ်မှာ တယောထိုးနေတဲ ဂျူးဂျူးကေ

【  အနုပညာ  】အွန်လိုင်းပေါ်မှာ တယောထိုးနေတဲ ဂျူးဂျူးကေ

မော်ဒယ်/သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဂျူးဂျူးကေ ဟာ သူတတ်ထားတဲ့ တယောပညာနဲ့ ပရိသတ်တွေကို တီးခတ်ရင်း အွန်လိုင်းပေါ်ကနေဖျော်ဖြေတာတွေကို လုပ်ဆောင်နေလျက်ရှိပါတယ်။

သူမဟာ မော်ဒယ်အဖြစ်စတင်လုပ်ဆောင်စဉ်ကတည်းက တယောပညာကိုလေ့လာသင်ယူခဲ့သူဖြစ်ပြီး ပွဲလမ်းသဘင်တွေမှာ အဖွဲ့လိုက်အဖြစ် ဖျော်ဖြေတာတွေကို လုပ်ဆောင်ခဲ့အပြင် မကြာသေးခင်ကလည်း နိုင်ငံတကာမှ ဂီတပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ Music Society of Myanmar (၄)ကြိမ်မြောက် Music Festival & Competition ပွဲမှာ အွန်လိုင်းကနေဝင်ပြိုင်ရင်း Bronze Award ဆုကို ရရှိခဲ့ပါတယ်။

 “ဒီတယောက ဂျူး မော်ဒယ်စလုပ်စဉ်ကတည်း က အဖေက သင်ပေးခဲ့တာ၊ နိုင်ငံတကာပြိုင်ပွဲတွေရှိရင် Talents လုပ်ပြရရင် ဆိုရင် အသုံးပြုနိုင်အောင် ရည်ရွယ်ချက်နဲ့ သင်ခဲ့တာပေါ့၊ တဖြေးဖြေးနဲ့ ပြိုင်ပွဲမှာ တယောကိုင်ပြီး Performance လုပ်တော့ တကယ်တီးတတ်ရဲ့လားလို့ ထင်တဲ့သူတွေရှိတယ်၊ မိတ်ဆွေတစ်ယောက်က သူ့တို့ရဲ့ ပွဲလေးမှာ တီးပေးဖို့ ဖိတ်တယ်၊ အဲ့ဒီကစပြီးတော့ တယောအဖွဲ့ ဖွဲ့ဖြစ်သွား တယ်၊ မင်္ဂလာဆောင်တွေ၊ သံရုံးပွဲတွေ၊ တခြားပွဲလမ်းသဘင်တွေမှာ လိုက်တီးဖြစ်သွားတယ်၊ အဲ့ဒီအဖွဲ့မှာက အဖေရယ်၊ နိုနိုကေရယ်၊ ဂျူးရယ်ပေါ့၊ အဓိကပါကြတယ်၊ တူရိယာတစ်ခုခုကို တီးခတ်တတ် ထားရင် စိတ်မလေဘူးပေါ့၊ အာရုံစူးစိုက်မှု အားလည်း ကောင်းတယ်၊ စိတ်ခံစားမှုလည်း မပိုဘူး၊ မြန်မာပြည်မှာတော့ တယောကို အလွမ်းအဆွေး အတွက်တို့ ရိုမန့်တစ်ဆန်တယ်လို့ ထင်ကြတယ်၊ ကမ္ဘာမှာ ရော့ခ်စတိုင်တွေ၊ EDM တွေ၊ Pop တွေအနေနဲ့ တီးနေပြီဖြစ်သလို ဂျူးလည်း အဲ့လိုတီးလို့ရတယ်ဆိုတာကို ပြတဲ့အနေနဲ့ တီးဖြစ်တယ်”လို့ မော်ဒယ်/သရုပ်ဆောင် ဂျူးဂျူးကေ က ရှင်းပြပါတယ်။

အခုလို COVID ကာလမှာ အွန်လိုင်းစနစ်တွေ တွင်ကျယ်ခဲ့သလို သူမကိုယ်တိုင်လည်း New Normal အဖြစ် ဖြစ်လာတဲ့ အွန်လိုင်းစနစ်တွေကို ကျေနပ်မိကြောင်း၊ အွန်လိုင်းနဲ့အလုပ်လုပ်ရတာကို ပိုမို နှစ်သက်သလို အွန်လိုင်းကနေ ဈေးဝယ်တာတွေ၊ အွန်လိုင်းကနေ အင်တာဗျူးဖြေတာတွေ အပါအဝင် ပရိသတ်တွေကိုလည်း အွန်လိုင်းကနေဖျော်ဖြေဖြစ်ခဲ့ကြောင်း၊ တယောပညာဟာ ခက်ခဲတဲ့ တူရိယာ ပညာရပ် လည်းဖြစ်သလို အမြဲထိတွေ့နေမှ အဆင်ပြေနိုင်တဲ့အနေအထားမျိုးလည်း ဖြစ်တာကြောင့် အမြဲလိုလို တီးခတ်လေ့ကျင့်ရင်း ဖျော်ဖြေတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“တူရိယာတွေထဲမှာ တယောက အင်မတန်ခက်ပါတယ်၊ ဂျူးဆိုလို့ရှိရင် လက်တွေ့ပေါ့၊ မနေ့ကဆိုရင် တောက်လျှောက် ငါးရက်ကျင့်လာတာ၊ အမြဲမပြတ်လေ့လာလုပ်ဖို့လိုတယ်၊ သူနဲ့ဝေးရင် ၂၄ နာရီမပြည့်ခင် ကာလမှာတောင် စိမ်းချင်တယ်၊ အချိန်ပေးပြီးမလုပ်ဘူး၊ အာရုံစိုက်ပြီးမလုပ်ဘူးဆိုရင် ကိုယ်ရပြီးသား တာတောင်မှ မေ့ချင်သလိုလိုဖြစ်တယ်၊ သူက ဂစ်တာတို့ဘာတို့နဲ့မတူဘူး၊ အမြဲတမ်းထိတွေ့လေ့ကျင့်နေမှ ရတာ၊ ဂစ်တာမှာကျတော့ သတ်မှတ်ထားတဲ့ ဘားလေးတွေရှိတယ်၊ အဲ့ဒါကိုနှိပ်ရင် ဒီအသံပဲ ထွက်တယ်၊ သူကတော့ အဲ့လိုမဟုတ်ဘူး၊ နှိပ်တဲ့နေရာပေါ်မူတည်ပြီး အသံက မျိုးစုံဖြစ်တယ်၊ ဂျူးကတော့ အမြဲတီးဖြစ်တယ်”လို့ သူမက ရှင်းပြပါတယ်။

သူမဟာ မော်ဒယ်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ဆုတွေကိုလည်းရရှိခဲ့သလို လက်ရှိအချိန်အထိ ဆု ၈ ဆုနဲ့ ဂီတနဲ့ပတ်သက်တဲ့ Bronze Award ဆုကိုလည်း ရရှိထားပါတယ်။

မင်းခေတ်လင်း

(ဓာတ်ပုံ- ဂျူးဂျူးကေ)

(  Zawgyi  )

 ေမာ္ဒယ္/သ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ ဂ်ဴးဂ်ဴးေက ဟာ သူတတ္ထားတဲ့ တေယာပညာနဲ႔ ပရိသတ္ေတြကို တီးခတ္ရင္း အြန္လိုင္းေပၚကေနေဖ်ာ္ေျဖတာေတြကို လုပ္ေဆာင္ေနလ်က္ရွိပါတယ္။

သူမဟာ ေမာ္ဒယ္အျဖစ္စတင္လုပ္ေဆာင္စဥ္ကတည္းက တေယာပညာကိုေလ့လာသင္ယူခဲ့သူျဖစ္ၿပီး ပြဲလမ္းသဘင္ေတြမွာ အဖြဲ႕လိုက္အျဖစ္ ေဖ်ာ္ေျဖတာေတြကို လုပ္ေဆာင္ခဲ့အျပင္ မၾကာေသးခင္ကလည္း ႏိုင္ငံတကာမွ ဂီတပညာရွင္ေတြနဲ႔ဖြဲ႕စည္းထားတဲ့ Music Society of Myanmar (၄)ႀကိမ္ေျမာက္ Music Festival & Competition ပြဲမွာ အြန္လိုင္းကေနဝင္ၿပိဳင္ရင္း Bronze Award ဆုကို ရရွိခဲ့ပါတယ္။

 “ဒီတေယာက ဂ်ဴး ေမာ္ဒယ္စလုပ္စဥ္ကတည္း က အေဖက သင္ေပးခဲ့တာ၊ ႏိုင္ငံတကာၿပိဳင္ပြဲေတြရွိရင္ Talents လုပ္ျပရရင္ ဆိုရင္ အသုံးျပဳႏိုင္ေအာင္ ရည္႐ြယ္ခ်က္နဲ႔ သင္ခဲ့တာေပါ့၊ တေျဖးေျဖးနဲ႔ ၿပိဳင္ပြဲမွာ တေယာကိုင္ၿပီး Performance လုပ္ေတာ့ တကယ္တီးတတ္ရဲ႕လားလို႔ ထင္တဲ့သူေတြရွိတယ္၊ မိတ္ေဆြတစ္ေယာက္က သူ႔တို႔ရဲ႕ ပြဲေလးမွာ တီးေပးဖို႔ ဖိတ္တယ္၊ အဲ့ဒီကစၿပီးေတာ့ တေယာအဖြဲ႕ ဖြဲ႕ျဖစ္သြား တယ္၊ မဂၤလာေဆာင္ေတြ၊ သံ႐ုံးပြဲေတြ၊ တျခားပြဲလမ္းသဘင္ေတြမွာ လိုက္တီးျဖစ္သြားတယ္၊ အဲ့ဒီအဖြဲ႕မွာက အေဖရယ္၊ ႏိုႏိုေကရယ္၊ ဂ်ဴးရယ္ေပါ့၊ အဓိကပါၾကတယ္၊ တူရိယာတစ္ခုခုကို တီးခတ္တတ္ ထားရင္ စိတ္မေလဘူးေပါ့၊ အာ႐ုံစူးစိုက္မႈ အားလည္း ေကာင္းတယ္၊ စိတ္ခံစားမႈလည္း မပိုဘူး၊ ျမန္မာျပည္မွာေတာ့ တေယာကို အလြမ္းအေဆြး အတြက္တို႔ ႐ိုမန႔္တစ္ဆန္တယ္လို႔ ထင္ၾကတယ္၊ ကမာၻမွာ ေရာ့ခ္စတိုင္ေတြ၊ EDM ေတြ၊ Pop ေတြအေနနဲ႔ တီးေနၿပီျဖစ္သလို ဂ်ဴးလည္း အဲ့လိုတီးလို႔ရတယ္ဆိုတာကို ျပတဲ့အေနနဲ႔ တီးျဖစ္တယ္”လို႔ ေမာ္ဒယ္/သ႐ုပ္ေဆာင္ ဂ်ဴးဂ်ဴးေက က ရွင္းျပပါတယ္။

အခုလို COVID ကာလမွာ အြန္လိုင္းစနစ္ေတြ တြင္က်ယ္ခဲ့သလို သူမကိုယ္တိုင္လည္း New Normal အျဖစ္ ျဖစ္လာတဲ့ အြန္လိုင္းစနစ္ေတြကို ေက်နပ္မိေၾကာင္း၊ အြန္လိုင္းနဲ႔အလုပ္လုပ္ရတာကို ပိုမို ႏွစ္သက္သလို အြန္လိုင္းကေန ေဈးဝယ္တာေတြ၊ အြန္လိုင္းကေန အင္တာဗ်ဴးေျဖတာေတြ အပါအဝင္ ပရိသတ္ေတြကိုလည္း အြန္လိုင္းကေနေဖ်ာ္ေျဖျဖစ္ခဲ့ေၾကာင္း၊ တေယာပညာဟာ ခက္ခဲတဲ့ တူရိယာ ပညာရပ္ လည္းျဖစ္သလို အၿမဲထိေတြ႕ေနမွ အဆင္ေျပႏိုင္တဲ့အေနအထားမ်ိဳးလည္း ျဖစ္တာေၾကာင့္ အၿမဲလိုလို တီးခတ္ေလ့က်င့္ရင္း ေဖ်ာ္ေျဖတာေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“တူရိယာေတြထဲမွာ တေယာက အင္မတန္ခက္ပါတယ္၊ ဂ်ဴးဆိုလို႔ရွိရင္ လက္ေတြ႕ေပါ့၊ မေန႔ကဆိုရင္ ေတာက္ေလွ်ာက္ ငါးရက္က်င့္လာတာ၊ အၿမဲမျပတ္ေလ့လာလုပ္ဖို႔လိုတယ္၊ သူနဲ႔ေဝးရင္ ၂၄ နာရီမျပည့္ခင္ ကာလမွာေတာင္ စိမ္းခ်င္တယ္၊ အခ်ိန္ေပးၿပီးမလုပ္ဘူး၊ အာ႐ုံစိုက္ၿပီးမလုပ္ဘူးဆိုရင္ ကိုယ္ရၿပီးသား တာေတာင္မွ ေမ့ခ်င္သလိုလိုျဖစ္တယ္၊ သူက ဂစ္တာတို႔ဘာတို႔နဲ႔မတူဘူး၊ အၿမဲတမ္းထိေတြ႕ေလ့က်င့္ေနမွ ရတာ၊ ဂစ္တာမွာက်ေတာ့ သတ္မွတ္ထားတဲ့ ဘားေလးေတြရွိတယ္၊ အဲ့ဒါကိုႏွိပ္ရင္ ဒီအသံပဲ ထြက္တယ္၊ သူကေတာ့ အဲ့လိုမဟုတ္ဘူး၊ ႏွိပ္တဲ့ေနရာေပၚမူတည္ၿပီး အသံက မ်ိဳးစုံျဖစ္တယ္၊ ဂ်ဴးကေတာ့ အၿမဲတီးျဖစ္တယ္”လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ ေမာ္ဒယ္ၿပိဳင္ပြဲနဲ႔ပတ္သက္တဲ့ ဆုေတြကိုလည္းရရွိခဲ့သလို လက္ရွိအခ်ိန္အထိ ဆု ၈ ဆုနဲ႔ ဂီတနဲ႔ပတ္သက္တဲ့ Bronze Award ဆုကိုလည္း ရရွိထားပါတယ္။

မင္းေခတ္လင္း

(ဓာတ္ပုံ- ဂ်ဴးဂ်ဴးေက)